Wednesday, November 17, 2010

မြန်မာပြည်သူများအတွက် ရေဒီယို


Tuesday, November 16, 2010
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရေဒီယိုတသောင်း ထပ်ပေးဦးမည်
2010-11-16


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် AI- Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာပြည်တွင်းကို ရေဒီယို အလုံးရေ တသောင်း အခမဲ့ ထပ်မံ ပေးပို့နေပါတယ်။

ဒီအကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က Mr T. Kumar က အခုလို ပြောပါတယ်၊ နိုင်ငံတကာသတင်းမီဒီယာတွေက ထုတ်လွှင့်နေတာတွေကို ပြည်တွင်းကလူတွေ နားထောင်နိုင်အောင် ရေဒီယိုတွေ ပို့ပေးတာပါ၊

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အကြီးအကျယ် ဆုံးရှုံးနေတဲ့အတွက် ရေဒီယိုတွေ ရှိရင် ပြည်ပက လွှင့်တဲ့ သတင်းတချို့ နားဆင်ခွင့် ရနိုင်ပါတယ်လို့ သူက ပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ အရင်ကတည်းက မြန်မာပြည်တွင်းကို ရေဒီယိုတွေ ဖြန့်ဝေပေးနေရာမှာ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ရေဒီယို တသောင်း ထပ်ပြီး ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။

ရေဒီယိုတွေ ဖြန့်ဝေပေးရာမှာ အဖွဲ့ကိုယ်တိုင် သွားရောက် ဝေပေးတာ မဟုတ်ပဲ တခြား လမ်းကြောင်းတွေကနေ ပို့ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ခုထိ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဖမ်းဆီး ချုပ်နှောင်ထားတာကို အထူး စိုးရိမ်မကင်း ဖြစ်ရပြီး သူတို့ကို လွှတ်ပေးစေချင်တယ်လို့လည်း Mr T. Kumar က ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ က နောက်ထပ် ရေဒီယို အလုံး တသောင်း ပေးပို့မဲ့ အကြောင်း RFA မှ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။




No comments: