Friday, November 19, 2010

နအဖ စစ်တပ် ကရင်ပြည်သူများအပေါ် ယုတ်မာမှုများ

နအဖ နှင့် ဒီကေဘီအေ တပ်များ စတင်တိုက်ပွဲဖြစ်ပွားသည်နှင့် နအဖ စစ်တပ်များသည် ကရင်လူထုကို ပစ်မှတ်ထား တိုက်ခိုက်ပါတော့သည်။ တာတွေက ဘာကိုဖေါ်ပြသလဲဆိုရင် နအဖ စစ်တပ်၏ မူလ၀ါဒတခုဖြစ်တဲ့ တိုင်းရင်းသားတွေကို စနစ်တကျ ဖျက်ဆီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်သည်။ အောက်ပါ PDF ဖိုင်တွဲ သတင်းမှ တချို့ ကို ကောက်နှူတ်ဘာသာပြန်ပေးလိုက်ပါသည်။ အချိန်မရ၍ နအဖ စစ်တပ် ၏ ကရင်ကျေးရွာများအပေါ် နိုင်ထက်စီးနင်း လူ့ အခွင့်အရေးကျူးလွန်မှုသတင်းအားလုံးကို ဘာသာပြန် မပေးနိုင်သေးပါ။

၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် နအဖ စစ်တပ် စဗခ(၂) လှဖြိုးဦးစီး ခလရ ၂၈၃/၂၈၄ သည် တခကလိုး ရွာထည့်သို့  လက်နက်ကြီးများကို ညနေ ၆နာရီမှာ ည ၁၀ နာရီအထိ ပစ်ချရန် ရွာသားများဖြစ်သော မျိုးအောင်(၃၂နှစ်) သည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရ၊ စောဖိုးကြိုင် အထက်တန်းကျောင်းအုပ် ၅ ချက်ထိမှန်၊ စောရွှေသိန်း အိမ်ခေါင်မိုးပေါက်၊ ထိုနေ့ တွင် နအဖ စစ်တပ်မှ လက်နက်ကြီး အလုံး(၃၀)ပစ်ချကြောင်း သတင်းတွင်ပါရှိပါသည်။

၁၁၊ ၁၁။ ၂၀၁၀ ရက်နေ့ တွင် ၄င်းတပ်သည် ဆက်လက်ပြီး ကြာအင်းရွာထဲသို့  ညနေ ၅ နာရီမှ မနက် ၃ နာရီအထိ လက်နက်ကြီး အလုံးရေပေါင်း ၁၃၉ လုံးပစ်ချပါသည်။ ၄င်းလက်နက်ကြီးပစ်ခတ်မှုကြောင့် နော်ဒါးဖေါ(၁၇နှစ်) အဘအမည် စောဘောဟဲ သည်လက်နက်ကြီးထိမှန်ဆုံးသွားပါသည်။ စောထူးထူး (၁၈)နှစ်ပြင်းထန်စွာ ဒဏ်ရာပြီး ဆိပ်ကြီး ဆေးရုံသို့ ပို့ ရဆောင်ပါသည်။


17.11.2010_F -

No comments: