Wednesday, May 18, 2011

လွပ်ငြိမ်းချမ်းသာခွင့် ပေးပြီ ဆိုမှ ဖြင့်


ဗုဒ္ဒဘာသ၀င်များမှာ အလှူဒါနပြုကြလျှင် ညောင်ပင်လောက် လှူ၍ ညောင်စေ့လောက်မရ ၊ ညောင်စေ့လောက် လှူ၍ ညောင်ပင်လောက် ကုသိုလ်ရ၏ဟု ပြောစမှတ်ပြုကြသည်။ ခုတော့လည်း ယင်းစကားကို ပြန်၍တခါ ပြောရပါတော့မည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံမှ သမတဆိုသော ဦးသိန်းစိန်မှာ အကျဉ်းကျခံနေရသော အကျဉ်းသားများကို စာနာထောက်ထား ငဲံညှာသနားကြင်နာမူများဖြင့် သေဘေးမှ လွှတ်ပေးလိုက်ပါသည်။ ကောင်းလေစွတကားဟု နုတ်မှ သာဓုအကြိမ်ကြိမ် ခေါ်ရပါ၏ ကျွန်တော်ပေးသော သာဓုကို သမတဆိုသော ဦးသိန်းစန်မှ ခံစားစေလိုပါသည်။ လူဆိုသည်မှာ မည်သူမျှ သေစေချင်ကြသည်မဟုတ်။ ယုတ်စွအဆုံး သေဒဏ်ကျခံသူများတောင်မှ လွပ်ရက်ကို မျှော်တွေးနေမိကြသည်။ ရာဇ၀တ်သားတွေထဲမှာ လူမဆန်စွာ ပြုမူနေခဲ့ သော အကျဉ်းသားများပင်လျင် သေဒဏ်ကျခံရာမှ လွပ်ကင်းရာကို မျှော်နေမိကြသည်။ ယခုမူ သေဒဏ်ကျခံနေရသော မြန်မာနိုင်ငံအကျဉ်းထောင်များမှ အကျဉ်းသားများမှာ သေဒဏ်မှ လွပ်ကင်းသွားပြီဖြစ်သည်။ သေဒဏ်ခံစားနေရသော အကျဉ်းသားများ၏ မိသားစုများမှာ ယခုအချိန်တွင် အပျော်ကြီး ပျော်နေကြပါတော့မည်။ ယင်းပီတိကို ဦးသိန်းစိန် မိသားစုမှ မျဝေခံစားနိုင်လောက်ပါသည်။ သို့ အတူ တသက်တကျွန်း ထောင်ဒဏ်ကျခံနေရသော သူများမှာလည်း အသက်ဘေးမှ လွပ်ကင်းသွားပြီဖြစ်သည်။ တသက်တကျွန်းထောင်ဒဏ်ဆိုသည်မှာ အနှစ်-၂၀- ကို သတ်မှတ်ထားခြင်းဖြစ်သည်။ သည်တော့ သူတို့ တွေမှာ ထောင်ကျနေလျှင်တောင် လွပ်ရက်က ရှိနေပြီဖြစ်သည်။ သမတဆိုသော ဦးသိန်းစိန်က ဤသို့  လွပ်ငြိမ်းချမ်းသာခွင့် ပေးသည်ကို ကြေညာချက်ထုတ်ပြန်ရန် အသင့်ပြင်ဆင်ပြီးသောအခါ ယင်းကြေညာချက်ကို သေသေချာချာ စစ်ဆေးရပါတော့သည်။ မည်သည့်အဖွဲ့ ကများ ထုတ်ပြန်ပြီးပြီလဲ ဆိုသည်ကို မေးစမ်းကြည့်ရပါသည်။ သတင်းဌါနများမှ ဤသတင်းကို သတိနှင့် ကြိုဆိုကြောင်းကို မည်သည့်နိုင်ငံကမှ မပြောသေးဟု ကြားရသည်။ ပြည်ပရောက်နိုင်ငံရေးအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များက သတိနှင့် ကြိုဆိုပါသည်ဟု မနက်ဖန် ရေဒီိယိုမှ ပြောကြပါတော့မည်။ ကျွန်တော်တို့ မှာ သူတို့ ၏ ရေဒီယိုမှ သတိနှင့် ကြိုဆိုကြောင်း ဆိုသော အသံကို သုံးရက်ဆက်တိုက်လောက် ကြားနေရအုံးမည်ဖြစ်သည်။ မည်သို့ ပင်ဆိုစေ နားမုဒိမ်းကို အကျင့်ခံရအုံးမည်မှာကဖြင့် သေချာနေပါပြီ။ မတတ်နိုင်တော့ ။ ၀ဋ်ရှိသရွေ့ က တော့ နားမုဒိမ်း မပြောနှင့် မျက်စိမုဒိမ်းလဲ ခံရပေအုံးမည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ့်ဖာသာ ကိုယ်ကယူတူးမှာတင်ပြီး ဤအကြောင်းကို ဆွေးနွေးကြတော့မည်မို့  ကြည့်ကြတော့။ ရေဒီယိုသတင်းထောက်တွေကလည်း လုပ်လိုက်ကြမည့် အင်တာဗျူး ၊ ဖုံးသံ အော်သံ တညံညံ ပါတည်း။ သည်မျှ အသက်ဘေးမှ လွပ်သည်ကို မည်သူက ကောင်းချီး မပေးဘဲ နောကမည်လဲ ။ သာဓုမခေါ်ဘဲ နေကြမည်လဲ ။ အလှူတွေထဲမှာ ဤအသက်သတ်ရသောအလှူကို မသတ်တော့ပါဘူး ဟု ပြောဆိုသော သမတဆိုသည့် ဦးသိန်းစိန်ကား တော်ရုံတန်ရုံ လူမဟုတ်။ အာဂစွန့် စားရဲသော လူပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထို့ ကြောင့် သူ့ ကို လေးစားသွားသည်။ သည့်ထက်မက ကျွန်တော်က သူ့ အလှူအကျိုးကျေးဇူးကို ရရှိခံစား စေချင်သည်။ နေပြည်တော်သို့ သာ ဖိတ်ခေါ်လျင် ကျွန်တော့်လက်နှင့်ပင် နံ့သာရေနှင့် ပက်ဖျန်းပြီး သူ့ အား ကောင်းချီး ပေးလိုက်ချင်သည်။ ခက်နေသည်က ကျွန်တော်က ပြည်ပမှာ။ သည်တော့ ရှိစေတော့။
မည်သို့ ပင်ဆိုစေကာမူ ကျွန်တော်တို့ လို အတိုက်အခံ သမားတွေက ချီးမြှောက်သံတွေကိုဖြင့် သူကြားလိုလှမည်မှာ အသေအချာဖြစ်သည်။ လူဆိုတာက မကောင်းပြောလျင် လက်မခံတတ်။ ရန်သူဘဲဖြစ်ဖြစ် မိတ်ဆွေဘဲ ဖြစ်ဖြစ် မကောင်းလို့  နာမည်တပ်ကာ ထုတ်ဖေါ်ပြောလျင် လက်မခံချင်ကြ။ ကျွန်တော်တို့ က သမတဆိုသောဦးသိန်းစိန်နှင့် ရန်သူ ။ သို့ သော် ယခုဦးသိန်းစိန်၏ အလှူကို ကျွန်တော်နတ်လှူသာဓုခေါ်ပါသည်။ သည်တော့ ကျွန်တော်တောင်းဆိုသော ဆုကို သူခံစားနိုင်ပါလိမ့်မည်။ အကြောင်းမှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသာေးတွကိုယ်စား တောင်းဆိုပေးခြင်းဖြစ်သည်။ သူတို့ တွေမှာ အီးမေးလ် မရှိကြ။ ပြောဆိုပေးမည့် သူများလည်း ထောင်ဝင်စာ မရှိ။ လာလည်း လာမတွေ့ နိုင်တော။့ ကျွန်တော်ဘဲ ကြားကနေပြီး ပြောလိုက်ရခြင်းဖြစ်သည်။ သေဒဏ်ကျခံနေရသော အကျဉ်းသားတွေမှာ သူတို့  မမျော်လင့်သော ပြစ်ဒဏ်ကို ရရှိသွားကြပြီ။ ၆၅- နှစ်ကျခံနေရသော အကျဉ်းသားတွေမှာ - ၆၄- နှစ်မျှသာ ကျခံရပေတော့မည်။ လှောင်အိမ်တွေထဲမှာ မည်သူမျှ တနာရီ တဆံချည်မျှ မနေလိုကြ။ ယခု ၆၅- နှစ်ကို -၆၄- နှစ်လောက် လုပ်ထားလိုကတော့ သမတဆိုသော ဦးသိန်းစိန်၏ ရက်ရက်ရောရော လွပ်ငြိမ်းချမ်းသာခွင့် အလှူကြီးကား နတ်လုသာဓု မခေါ်စရာ အကြောင်းမရှိချေ။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သော သူတို့ မှာ ဤမျှ နိုင်ငံသူ နိုင်ငံသားများအား ရင်မှာမွေးဖွါးသောသားသမီးကဲ့ သို့  အပြစ်မှ ချမ်းသာခွင့် ပေးသည်ဆိုခြင်းမှာ လူကြီးလူကောင်းဆန်လွန်းလှပါသည်။ ပြီးတော့ စေတနာစကားလည်း ပြောထားပါသေးသည်။ ယင်းစကားကား လွပ်သည်နှင့် ရပ်တန့် မေနေ။ နိုင်ငံတော်ကို တည်ဆောက်ရာ၌ နိုင်ငံသားကောင်းအဖြစ် ပါဝင်ပေးစေလိုကြောင်း ဆန္ဒဖြင့် လွှတ်ပေးသည်ဆိုရာ အကျဉ်းသားများမှာ နိုင်ငံတော်စံပြလုပ်သားကောင်းလည်း ဖြစ်မည်မှာ သေချာနေပါပြီ။ သည်တော့ အပြစ်ကြွေးကို ချွေးနှင့် ဆပ်သည်ဟု ပြောဆိုသော စကားကို ဤနေရာမှာ သုံး၍မဖြစ်တော့။ အပြစ်ကြွေး မဟုတ်တော့။ နိုင်ငံသားကောင်းအဖြစ် ကြိုဆိုထားသော စံပြသားကောင်း ရတနာ တွေ ဖြစ်နေပြီ။ သည်တော့ ထောင်တွေထဲမှာ လက်ခုပ်လက်ဝါးတီးကာ ရီသံပြုံးသံများဖြင့် ရှိနေလောက်ပြီထင်ရသည်။ အနယ်နယ် အရပ်ရပ်မှ အကျဉ်းကျခံနေရသော သူတို့ မှာ သမတဆိုသော ဦးသိန်းစိန်နှင့် အစိုးရတဖွဲ့ လုံးကို လက်စုံမိုး ရှိခိုးနေလောက်ပြီထင်ရသည်။
ပြည်တွင်းမှ နိုင်ငံရေးအကျဉ်းသားတွေထဲက မိသားစုတွေနှင့် စကာပြောဖြစ်ပါသည်။ ၅ -နှစ်သမား - ၁၀ -နှစ်သမား တွေနှင့် ကျွန်တော်က မပြော။ ထောင်မင်းသားမိသားစုတွေကို မေးဖြစ်မိသည်။ လုံးဝမလွပ်တော့ဘူး ဟု ထင်ထားသော မိသားစုတွေကို မေးဖြစ်မိသည်။ သည်တော့ သူတို့ ဖြေကြပါပြီ။ ကျွန်တော်က သူတို့ အတွေးတွေနှင့် သည်တခါဖြင့် ထပ်တူကျနေပါသည်။ သည်အခါ ကျွန်တော်က သိရလာသည်ကို ပြောဖြစ်ပါသည်။ ဗုဒ္ဒဘာသာထုံးတမ်းစဉ်လာအရ ဆုတောင်းပေးလိုချင်သည်။ သူတို့ လည်း သဘောတူကြပါသည်။ အဘယ့်ကြောင့်ဆိုသော် သေဒဏ်ကျခံနေရသော မိသားစုများ၊ ၆၅- နှစ်ကျခံနေရသော မိသားစုများနှင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသောမိသားစုများ၏ အလိုဆန္ဒအရ ၀ိုင်း၍ ဆုတောင်းရန် လိုလာပါပြီ။ သမတဆိုသော ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ ဝင်များအား ယခုလို လွပ်ငြိမ်းချမ်းသာခွင့် ပေးသည့်အတွက်တောင်းသည့်ဆုနှင့် ခံစားနိုင်ကြပါစေဟု ကျွန်တော်တို့  ဆုတောင်းပေးရပါတော့မည်။ သူတို့  တသိုက်မှာ ကောင်းမူပြုထားကြသူများ ဖြစ်သောကြောင့် သူတို့  ခံစားရပါလိမ့်မည်။
ဗုဒ္ဒဘာသာဝင်များမှာ ညောင်ပင်လောက်လှူ ၍ ညောင်စေ့လောက် မရ ။ ညောင်စေ့လောက် လှူလည်း ညောင်ပင်လောက် ရသည်ဟု ဆိုသည်။။ ယခုသမတဆိုသော ဦးသိန်းစိန်မှာ ညောင်ပင်ထက်ကြီးသော အလှူလား ၊ ညောင်စေ့လောက်ငယ်သော အလှူလား ကျွန်တော်မသိ။ သို့ သော် ကျွန်တော်တို့ ကား လွပ်ငြိမ်းချမ်းသာခွင့် ပေးသည် ဆိုရုံနှင့် အောက်ပါဆုကို ခံစားပါစေဟု တညီတည်း ဆုတောင်းပေးလိုက်ကြပါသည်။ ဤဆုကို ခံစားစံစား ကြပါစေတာ့ ။ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော မိသားစုများနှင့် သေဒဏ်ကျခံရသော မိသားစုများတို့ 
၏ ဆန္ဒကား ချက်ချင်းခံစားစံစား လိုသော ဆုမှာ ( ညောင်ပင်လောက်လှူသော အလှူများကဲ့ သို့  သေဒဏ်ကို လွှတ်ပေးသောကြောင့် ညောင်စေ့လောက် အကျိုးခံစားပါစေ။ ထို့ ကြောင့် ယခုဘ၀မှာ သွားလေရာနေရာတိုင်း၌ ညောင်ပင် ပိ၍ သေကြေပါစေ။ ညောင်စေ့လောက်လှူသောအကျိုးကဲ့ သို့ -၆၅-နှစ်ကို -၁-နှစ်လျှော့ကာ -၆၄-နှစ်လောက် ကျခံပါစေသောကြောင့် ညောင်စေ့လောက်လှူသောအကျိုးဖြစ်၍ သွားလေရာနေရာတိုင်း၌ သွေးအံ၍ သေကြပါစေ ။) ဟု

No comments: