Thursday, May 19, 2011

ဘင်လာဒင် နေရာ ကို အီဂျစ် နိုင်ငံ သား ဆက်ခံ

Wednesday, May 18, 2011


t1larg.saif.al.adel.gi
May 18, 2011 ,ခေါင်းဆောင် အိုစမာ ဘင်လာဒင်ရဲ့  နေရာကို ဆက်ခံဖို့အတွက် ဆာအိဖ်အယ်(လ)အဒယ် ဆိုတဲ့ အီဂျစ်နိုင်ငံသား တစ်ဦးကို အဖွဲ့ရဲ့  ယာယီ ခေါင်းဆောင်အဖြစ် ခေတ္တ တင်မြှောက် ထားတယ်လို့  လက်ရှိ အယ်(လ)ကာယီဒါး ခေါင်းဆောင်တွေနဲ့  နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ နိမန် ဘီနုတ်မန်းရဲ့ ပြောကြား ချက်ကို ကိုးကား ပြီး CNN သတင်း ဌာနကနေ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

မေလ ၁ ရက်နေ့က သေဆုံး သွားခဲ့တဲ့ အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့

အယ်(လ)ကာယီးဒါး ခေါင်းဆောင်အဖြစ် ယာယီ တင်မြောက်ခံရတဲ့ ဆာအိဖ် အယ်(လ) အဒယ်ဟာ အယ်(လ) ကာယီဒါး အဖွဲ့ရဲ့  အထူးစစ်ဆင်ရေး အကြမ်းဖက် လှုပ်ရှားမှုတွေမှာ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၁၉၈၁ ခုနှစ်က အီဂျစ် သမ္မတ အန္ဒ၀ါ ဆဒတ်ကို လုပ်ကြံတဲ့ သူတွေထဲမှာ ပါဝင်ခဲ့ကာ ၁၉၈၈ ခုနှစ်မှာ အီဂျစ် နိုင်ငံက ထွက်ခွာခဲ့ပြီး ဆိုဗီယက် တပ်တွေကို တွန်းလှန်နေတဲ့ မူဂျာဟေဒင် ခေါင်းဆောင်တွေနဲ့ သွား ရောက် ပူးပေါင်း ခဲ့ပါတယ်။

အဲဒီနောက် တာလီဘန် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လက်ဘနွန်၊ ဆူဒန် ၊ ဆီးရီးယား စတဲ့ နိုင်ငံတွေမှာ စစ်သင်တန်းတွေ ပေးခဲ့ပြီး ဟစ်ဘိုလာအဖွဲ့နဲ့  အနီးကပ် ဆက်ဆံမှု ရှိခဲ့ကာ ၁၉၉၆ ခုနှစ်မှာ အိုစမာ ဘင် လာဒင်၊ အီဂျစ် နိုင်ငံသား ဒေါက်တာ အေမန် အယ်(လ) ဇ၀ါရီတို့နဲ့အတူ ဆူဒန် နိုင်ငံမှ ပြန်လည် ထွက်ခွာပြီး အာဖဂန် နစ္စတန် နိုင်ငံမှာ အခြေချ ခဲ့ပါတယ်။

ဆာအိဖ် အယ်(လ) အဒယ်ဟာ ၂၀၀၁ ခုနှစ် ကစပြီး အယ်(လ)ကာယီးဒါး အကြမ်းဖက် အဖွဲ့ရဲ့ ဦးဆောင်မှု နေရာကို ရယူခဲ့ပြီး အမေရိကန်ရဲ့  တိုက်ခိုက်မှုကြောင့် ပြိုကွဲခဲ့တဲ့ အကြမ်းဖက် အဖွဲ့ကို ပြန်လည် အသက် သွင်းသူအဖြစ် လူသိများ ခဲ့ပါတယ်။ သူဟာ အီရန် နိုင်ငံအခြေစိုက် အကြမ်းဖက် ခေါင်းဆောင် မူစတာ ဖာ အာမစ်ရဲ့  သမီးကို လက်ထပ်ခဲ့ပြီး သားသမီး ငါးဦး ထွန်းကား ခဲ့ပါတယ်။ FBI အဖွဲ့က သူ့ကိုအလိုရှိ ဆုံးသူ စာရင်းထဲမှာ ထည့်သွင်းထားပြီး သူနေထိုင်တဲ့ နေရာကို အတိအကျ ပေးနိုင်ခဲ့ရင် ဒေါ်လာ ငါးသန်း ပေးမယ်လို့  သတင်း ထုတ်ပြန် ထားပါတယ်။


၂၀၀၁ ခုနှစ်မှာ အီရန် အစိုးရက သူ့ကို ဖမ်းဆီး ထိမ်းသိမ်းကာ ခရီသွားလာခွင့် ပိတ်ပင်ပြီး နေအိမ် အကျယ်ချုပ် ချထား ခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ ပါကစ္စတန်မှာ ပြန်ပေး ဆွဲခံရတဲ့ အီရန် သံတမန် တစ်ဦး လွတ်မြောက်ရေး အတွက် အလဲအလှယ် လုပ်ခဲ့ရပါတယ်။ အခြား သတင်းရင်းမြစ် တွေမှာတော့ ဆာအိဖ် အယ်(လ) အဒယ်ဟာ အီရန်နိုင်ငံမှာ နေထိုင်စဉ် တစ်လျှောက်မှာ လွတ်လပ်စွာ သွားလာ လှုပ်ရှား နိုင်တယ် လို့ ဆိုပါတယ်။ အယ်(လ)အဒယ်ဟာ အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့ကို စစ်ရေး နိုင်ငံရေး အရ ဦးဆောင်မှု ပေးနိုင်မယ်လို့  အဖွဲ့ဝင်တွေက ယုံကြည်ခဲ့ပြီး အယ်(လ)အဒယ်ဟာ အကြမ်းဖက် သဘောတရာနဲ့  အကြမ်းဖက် နည်းတွေနဲ့  ပတ်သက်ပြီး စာအုပ်ပေါင်း နှစ်ဆယ်ခန့် ရေးသားခဲ့ကာ အယ်(လ)ကာယီဒါး အဖွဲ့ရဲ့ မဟာဗျူဟာကို ပြန်လည် ရေးဆွဲ ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံဖွား ယီမင် အခြေစိုက် အယ်(လ)ကာယီးဒါး အကြမ်းဖက် ခေါင်းဆောင် အယ်(လ)အော်လာကီကို အယ်(လ)ကာယီဒါးအဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် လျှာထား ခဲ့ကြပေမယ့် နိုင်ငံ အသီးသီးမှာ ရောက် နေတဲ့ ထိပ်တန်း အယ်(လ) ကာယီဒါး ခေါင်းဆောင်တွေက သူ့ကို ဆန္ဒပြု ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

အယ်(လ)ကာယီဒါး အဖွဲ့မှာ အီဂျစ် နိုင်ငံသား အများအပြား ပါဝင်ပြီး ဒီအဖွဲ့ရဲ့ လက်ရှိ ဒုတိယ ခေါင်းဆောင်
အယ်(လ)ဇ၀ါရီ ဟာလည်း အီဂျစ် နိုင်ငံဖွား သမားတော်ကြီး တစ်ဦး ဖြစ်ပါတယ်။ ယခင်က လစ်ဗျား စစ်သွေးကြွှ အဖွဲ့ရဲ့  ထိပ်တန်း ခေါင်းဆောင် ဖြစ်ပြီး ယခု လန်ဒန်မှာ နေထိုင်တဲ့ နိမန် ဘီနုတ်မန်း ကတော့ အယ်(လ)ကာယီဒါး ခေါင်းဆောင်ဟာ အစ္စလာမ် ဘာသာတရားအရ မွန်မြတ် သန့်စင်တဲ့ မြေဖြစ်တဲ့ အာရေးဗီးယား ကျွန်းဆွယ် နိုင်ငံ တစ်ခုခုမှသာ မွေးဖွားခဲ့သူ ဖြစ်ရမယ် လို့ ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။

No comments: