Thursday, May 19, 2011

အင်တာနက်ချစ်သူကိုတွေ့ဖို့ ငွေလိုလို့ အဒေါ်ကို ဓားနဲ့ထိုးသတ်ငွေ(၃၀၀၀၀) ယူသွား

အခင်းဖြစ်ပွားမှုအကျင်းဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်နေမဆုမွန်ကိုသည်မေ(၁)ရက်မါန်းလွဲ(၁)နာရီခန့်က နေအိမ်သို့ပြန်လာစဉ်

မိခင်ဖြစ်သူဒေါ်ခင်လေးမွန်(56)နှစ်မှာ နေအိမ်ခန်းကြမ်းပြင်ပေါ်၌ထိုးသွင်းဒဏ်ရာ
(၁၁)ချက်ဖြင့်လှဲကြသေဆုံးနေသည်ကို တွေ့ရ၍ သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။အမှုကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှူးရဲအုပ်မျိုးညွှန့်လူနှင့်အဖွဲ့၊ဗဟန်းရဲစခန်းမှုးနှင့်အဖွဲ့တို့က
စုံစမ်းခဲ့ရာ အလောင်းအနီး၌ တွေ့ရှိခဲ့သည် ဖန်စီကြိုးအနက်ရောင်နှင့်ဂစ်တာပုံဆွဲသီးတို့ကိုသိမ်းဆည်းပြီး မသင်္ကာသူအရှေ့ရွှေဂုံတိုင်ရပ်ကွက်နေ ဇာနည်ဦးကို စုံစမ်းခဲ့သည်။

ဇာနည်ဦးအား၎င်းနေထိုင်ရာအနီးမှဖမ်းဆီးစစ်ဆေးခဲ့ရာအခင်းဖြစ်သည့်နေ့ကအဒေါ်ဖြစ်သူတိုက်ခန်းတို့ နံနက်(၉)နာရီတွင်ရောက်ရှိခဲ့ပြီး နံနက်(၁၀)နာရီခွဲလောက်တွင်အစ်မဖြစ်သူနှင့်တိုက်ခန်းမှ
ဆင်းလာကြောင်း၊ တိုက်အောက်တွင်လမ်းခွဲခဲ့ကြောင်း၊ ထို့နောက် တိုက်ခန်းပေါ်သို့ပြန်တက်သွားပြီး အဒေါ်ဖြစ်သူအားအင်တာနက်မှတွေ့ရှိသူ ချစ်သူနှင့်တွေ့ဆုံရန်ငွေမရှိသဖြင့် အဒေါ်ဖြစ်သူထံမုန်ဖိုးကျပ်တစ်သောင်းခွဲတောင်းရာမှမပေးနိုင်ကြောင်းပြော၍တွန်းလိုက်ရာ အဒေါ်ဖြစ်သူ စက်တီခုံပေါ်သို့ ထိုင်လျှက်ကျသွားကြောင်း။

ပါးရိုက်ဆုံးမ

အဒေါ်ဖြစ်သူက ပြောဆိုဆုံးမ၍ပါးတစ်ချက်ရိုက်ခဲ့ကြောင်း၊ မီးဖိုချောင်မှ စတီးဓားတစ်ချောင်းကိုဝှက်၍ယူခဲ့ပြီး အဒေါ်ဖြစ်သူကိုအိပ်ချင်ကြောင်းပြော၍အဒေါ်အိပ်ရာခင်းပေးနေစဉ်အနောက်မှဓားဖြင့်ဆက်တိုက်ထိုးခဲ့ကြောင်း၊ အဒေါ်ဖြစ်သူကလှမ်းဆွဲသဖြင့်လည်ပင်း၌ဆွဲထားသည့်ဂစ်တာပုံဆွဲသီးပါလည်ဆွဲပြုတ်ကျခဲ့ြော့င်းထွက်ဆိုခဲ့သည်။

ထို့နောက်အဒေါ်၏လက်ကိုင်အိပ်အတွင်းမှ ငွေကျပ်သုံးသောင်းကျော်ခန့်ကိုယူ၍အ၀င်ထွက်တံခါးကိုကတ်ထူစက္ကူကိုညှပ်၍
ပိတ်ခဲ့ကြောင်း၊သူငယ်ချင်းနှစ်ဦးကိုခေါ်၍အင်တာနက်မှချစ်သူအားလက်ဆောင်ပေးရန်ကုန်တိုက်၌ကျပ်(၃၀၀၀)ကျော်ဖိုး
ခန့်လက်ဆောင်ပစ္စည်းဝယ်ယူခဲ့ကြောင်း
ချိန်းဆိုထားသည့် နေရာသို့သွားရောက်ရှာဖွေသော်လည်းချစ်သူရောက်မလာခဲ့
ကြောင်း၊ မြိုးထဲသို့သွားရောက်ကာ ဖန်စီပစ္စည်းအရောင်းဆိုင်မှ ဖန်စီပစ္စည်း ကျပ်(၂၀၀၀)ဖိုးခန့်ဝယ်ယူခဲ့ကြောင်း၊ထို့နောက် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံရကြောင်းထွက်ဆိုသည်။


သက်ဆိုင်ရာက ဇာနည်ဦး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးအသွား(၈)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကိုလွှင့်ပစ်ခဲ့သည့်နေရာမှ သိမ်းဆည်းရမိခဲ့ပြီး ဗဟန်းရဲစခန်း က(ပ) 226/11 ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။ ။္ကဤ ပြစ်မှုဆိုင်ရာသတင်းဆောင်းပါကို (Favourite News)အပတ်စဉ်သတင်းစာ၏ (16.05.2011)ရက်နေ့ သတင်း
များတွင်ဖော်ပြပါရှိပါကြောင်း တင်ပြလိုက်ရပါသည်။

No comments: