Tuesday, June 21, 2011

မြဝတီမြို့က မြေလုပွဲ ပေးစာ

ကျွန်တော်ဟာ မြဝတီမြို့ မြေနီကုန်းကျေးရွာ အမှတ် (၄) ရပ်ကွက်မှာ နေပါတယ်။ ကျွန်တော်တို့ နေလာ တာ (၁၀) နှစ်တောင် ကျော်နေပါပြီ။ အဲဒီ ရပ်ကွက် မှာ ကိုယ်အင်္ဂါထိခိုက်ထားတဲ့ စစ်မှုထမ်းဟောင်း အများစု နေကြတယ်။ ကျွန်တော်တို့ မိသားစုကလဲ စစ်မှုထမ်းဟောင်း မိသားစု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စနေတုန်းက ဒီနေရာတွေ ဟာ ဘယ်သူမှ မရှိတဲ့ မြေလွတ်မြေရိုင်းတွေပါ။ အဲဒါကို ခုတ်ထွင်ရှင်းလင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ပြီး အသက်မွေး လာခဲ့ကြတယ်။ ခုဆိုရင် အိမ်ခြေ ၃၀ လောက်တောင် ရှိနေပါပြီ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက် မှာတော့ ဟော်တယ် အဆောက်အဦနဲ့ အပန်းဖြေစခန်းဆောက်ဖို့ ဆိုပြီး စာရွက်စာ တမ်းတွေ လာပြကာ၊ ကျွန်တော်တို့ နေထိုင်နေတဲ့ အိမ်ခြေ ၃၀ မြေဧကအားဖြင့် ၁၀ ဧက လောက်ကို ကျောက်တိုင်း တွေစိုက်၊ လက်ရှိနေထိုင်နေတဲ့ အိမ်တွေကို ဖယ်ပေးဖို့ အမိန့်ပေး လာပါတယ်။ အမှတ် (၄) ရယက ရုံးက လမ်းမျက်နှာ စာက အိမ်ပိုင်ရှင် ၇ ဦးကို ခေါ်တွေ့ပြီး တစ်သိန်းစီ ပေးခဲ့ပေမဲ့ အိမ်ရှင် ၇ ဦးက လက်မခံဘဲ ပြန်လာခဲ့ကြတယ်။

မိသားစု ၃၀ နေထိုင်နေတဲ့ မြေနေရာကို မြဝတီမြို့က သူဋ္ဌေး ဦးကျော်ဟိန်နဲ့ ဒေါ်ခင်နှင်းနှင်းဦး တို့ကို ပြည်နယ်အာ ဏာပိုင်တွေက ဟော်တယ်နဲ့ အပန်ဖြေစခန်းဆောက်ဖို့ ပေးအပ်လိုက်တာလို့ သိရပါတယ်။

အရင်တုန်းက ပိုင်ရှင်မရှိတဲ့ တောရိုင်းမြေကို ခုတ်ထွင်းရှင်းလင်းပြီး နေလာခဲ့တာ ၁၀ နှစ်လောက် နေထိုင်းလာခဲ့တဲ့ မိသားစု ၃၀ ရဲ့ ဘဝတွေကို ဥပေက္ခာပြုပြီး ချမ်းသာတဲ့ သူဋ္ဌေးတစ်ဦးလက်ထဲ အပ်နှံလိုက်တာဟာ အလွန်ရက်စက် လွန်းရာကျ ပါတယ်။ အခုလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း နေပြည်တော်က သက်ဆိုင်ရာ လူကြီးများသိ အောင်လဲ အကြောင်းကြားစာ ပေးပို့ပေမယ့်လဲ အကြောင်မထူးခဲ့ပါ။

၂၀၁၁ ဇန်နဝါရလ မှာတော့ မတရားသိမ်းပိုက်ထားတဲ့ မြေ ၁၀ ဧက ကိစ္စ ထူးခြားမှု ရှိလာပါတယ်။ အဲဒါကတော့ မြဝတီ သူဋ္ဌေး ဦးကျော်ဟိန်း ဟာ ရယက အဖွဲ့တွေ၊ နယ်ခြားစောင်တပ်က စစ်သား ၄ ယောက် အားလုံးပေါင်း ၁၅ ယောက်နဲ့ ကျွန်တော်တို့ ရပ်ကွက်ဆီရောက်လာပြီး၊ လန (၃၉) ကျပြီ အမြန်ဖယ်ပေးဖို့ ပြောပါတယ်။ ဦးကျော်ဟိန်း ကလည်း ငါ ပရက ကို သိန် (၂၅၀၀) တာ၊ မင်းလားကွ အထက်ကို တိုင်တဲ့ကောင် ဆိုပြီး ပါးရိုက်ပါတယ်၊ နယ်ခြားစောင့် စစ်သားတွေက လည်း သေနတ်နဲ့ ဝိုင်းချိန်ထားကြပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မြဝတီ ရဲစခန်းမှူးဆီ တိုင် ကြားပေမဲ့ ခယက ဥက္ကဋ္ဌ ကို တိုင်ပါလို့ ပြောတယ်။ ခယက ဥက္ကဋ္ဌ ကို တိုင်တော့ နောက်မဖြစ်စေရဘူးလို့ ပြောလိုက် ပါတယ်။

ဒါပေမယ့် ကျော်ဟိန်းကတော့ ကျော်ဟိန်း ပါပဲ။ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ လူအင်အား ၃၀ လောက်နဲ့ ကျွန်တော်တို့ အိမ်ခြံစည်းရိုး တိုင်တွေကို ဖျက်ပြီး ကားပေါ်တင်ပါတယ်။ “ကြိုက်တဲ့ကောင်ကို သွားတိုင် ဂရုမစိုက်ဘူး။ မကျေနပ်ရင် နှုတ်ခမ်းမွှေးပါ သွားခေါ်” လို့ ဥပဒေမဲ့စကားတွေ ပြောတဲ့အထိ ဖြစ်လာပါတယ်။

နိုင်ငံတော်အလံ စိုက်ထူထားကာ “ကူညီပါရစေ” စာတန်းအောက် တာဝန်ထမ်းနေတဲ့ မြဝတီ ရဲစခန်းမှာ အမှုဖွင့်မရ ဘဲ၊ ဟိုလွှဲချ ဒီလွှဲချ နေခြင်းမှာ အလွန် အံ့သြဖွယ်၊ စိတ်ပျက်ဖွယ်ကောင်းပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အုပ်ချုပ်နေတဲ့ ကာလမှာ ဘယ်သူပဲဖြစ်ဖြစ် အမှုဖွင့် ပေးရမည်လို့ သိရပါတယ်။ ဒီ “ကူညီပါရစေ” ဆိုတဲ့ စာတန်းဟာ ဘယ်လူတန်းစားအတွက် ဖြစ်နေပြီလဲ ဆိုတာကို ကျွန်တော်တို့ စဉ်းစားမရပါ။ ရဲတပ်ဖွဲ့ ရဲဝန် ထမ်းတွေဟာ အစိုးရက ဖွဲစည်းထားတဲ့ ဥပဒေ ဘက်တော်သားတွေ ဖြစ်ပါတယ်။ “ဥပဒေရဲ အထက်မှာ ဘယ်သူမှ မရှိစေရ” ဆောင်ပုဒ်ကို အထက်အာဏာပိုင်အပါအဝင် ရဲဝန်ထမ်းတွေ အသေအချာ အကောင်အထည်ဖေါ်ဖို့ လိုအပ် နေပါတယ်။ ကျွန်တော့် အနေဖြင့်လည်း တရားဥဒေဘောင်အတွင် နေထိုင်နေရပေမယ့်လဲ မကြာခဏ တယ်လီဖုန်း တွေနဲ့ ခြိမ်ခြောက် ပြောဆိုတာတွေ ခံနေရပြီး လုံခြုံမှုမရှိတော့သလို့ ခံစားနေရပါတယ်။ ကျွန်တော် နောက်ဆုံးပြော ချင်တာကတော့ ကျွန်တော်တို့ မျက်နှာမွဲ ဆင်းရဲသား ပြည်သူတွေကို ပစ်မထားကြပါနဲ့လို့ ပြောချင်ပါတယ်။

မြဝတီမြို့သားတဦး

No comments: