Thursday, June 23, 2011

ဂျပန်နိုင်ငံတွင်အနှစ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့နှင့်အနှစ် ၃၀ မြောက် ဂျပန်နိုင်ငံဒုက္ခသည်များလက်ခံသောနေ့ကျင်းပ






ဂျပန်နိုင်ငံတွင်အနှစ် ၆၀ မြောက်ကမ္ဘာ့ဒုက္ခသည်များနေ့နှင့်အနှစ် ၃၀ မြောက်
ဂျပန်နိုင်ငံဒုက္ခသည်များလက်ခံသောနေ့ကိုဂျပန်နိုင်ငံ UN ရုံးတည်ရှိရာ Tokyo မြို့ Shibuya မြိုနယ်၌
၂၀-၆-၂၀၁၁ နေ့တွင်နေ့လည် ၁နာရီမှညနေ ၄း၃၀အထိအပိုင်း ၃ ပိုင်းခွဲ၍
ကျင်းပခဲ့ကြပါသည်၊၊
ပထမပိုင်း၌UNHR ANGELINA JOLIE ( GOOD WILL CMBASADOR ) Message
ဂျပန်နိုင်ငံ Regional Representative ဖြစ်သူ JOHAN CELL , Forum For Refugees Japan မှဥက္ကဌလည်းဖြစ်International Social Service Japan ၏ဒါရိုက်တာဖြစ်သူ Kuniko Omori နှင့်ဂျပန်နိုင်ငံUNHCR ဆိုင်ရာပြည်ထဲရေးဝန်ကြီးးဌာနမှ Parliamentare Secretary
ဖြစ်သူ Mr.Takahiro Kuroiwa တို့မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယပိုင်းတွင် တရားရေးဝန်ကြီးဌာနမှဒုက္ခသည်အသိအမှတ်ပြုဌာနဆိုင်ရာဒါရိုက်တာ Mr. Akihiko Kitamura Hosei University ,Refugees Studies Forum ၏ဥက္ကဌဖြစ်သူ
Professor Mr.Hiroshima Honma ,ဂျပန်ရှေ့နေများအဖွဲ့ ကွန်ယက်၏တာဝန်ခံနှင့်
People Forum For Burma မှရှေ့နေ Ms.Masako Suzuki , Uganda နိုင်ငံ
Refugees Coordination Comittee- Japan ၏ကိုယ်စားလှယ် Uganda နိုင်ငံသား
Mr. Antonio တို့မှဒုက္ခသည်ဆိုင်ရာကိစ္စများ ၊ တရားရေးဝန်ကြီးဌာနမှဒုက္ခသည်
ဆိုင်ရာလက်ခံမှုအခြေအနေ၊ပိုမိုကောင်းမွန်အောင်မည့်သို့လုပ်ဆောင်မည်၊
ရှေ့ နေများဘက်မှဂျပန်နိုင်ငံ၏ဒုက္ခသည်ဆိုင်ရာကိစ္စများသည်ယ္ခင်ကထက်တိုးတက်
လာကြောင်းစသည့် Policy များကိုညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်၊၊
တတိယအစီအစဉ်၌နိုင်ငံခြားရေးဝန်ကြီးဌာနဒုက္ခသည်လက်ခံရေးဆို်င်ရာဌာန၏
ဒါရိုက်တာ Mr.Junya Matsuura မှဂျပန်နိုင်ငံ၏ရှိပြီးသားဒုက္ခသည်ဆိုင်ရာ
အခြေအနေများနှင့်ယမန်နှစ်တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံမှပထမဦးဆုံး
လက်ခံရောက်ရှိလာသောကရင်ဒုက္ခသည်
၂၇ယောက်၏အခြေအနေများကိုဆွေးနွေးတင်ပြခဲ့ပါသည် ။
Karen National League.Japan-KNL , Karen Information Space.Japan-KIS ,
Karen Human Rights Committee Japan-KHRC ၏တာဝန်ခံ
နော်လေးဖောမင်းသိန်းမှလည်းဒုက္ခသည်ဆိုင်ရာအခြေအနေ ၊
မိမိဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ်တွင် ၊ ဂျပန်နိုင်ငံ၏ စကား ၊ ယဉ်ကျေးမှု့အခက်အခဲများတွေ့ကြုံရပုံများကိုယခုရောက်လာသော
ကရင်ဒုက္ခသည်အခြေအနေများကိုနှိုင်းယဉ်စာနာဆက်လက်ကူညီကြရန် ၊
မိမိရပ်ရွာထဲတွင် စစ်တပ်၏ဖိနှိပ်သတ်ဖြတ်မှု့အမျိုးမျိုးခံရသော
ပထမစိုးရိမ်စိတ်ဖိစီးမှုများ ၊ကရင်ဒုက္ခသည်စခန်းတွင်နေထိုင်စဉ်
ထိုင်းနိုင်ငံ၏ကန့် သတ်တင်းကျပ်သောအခြေအနေနှင့်စခန်းအပြင်ထွက်မရသော
ဒုတိယဖိစီးမှုများနှင့်ဂျပန်နိုင်ငံသို့ရောက်လာချိန်တွင်လည်းတတိယအကြိမ်ဖြစ်မည့်
စိတ်ဖိစီးစိုးရိမ်မှု့များကြုံရမည်ကိုမလိုလားကြောင်းတင်ပြဆွေးနွေးခဲ့ပြီး
ထို့နောက်အမေးအဖြေများဖြေကြားပြီး အစည်းအဝေးကိုအောင်မြင်စွာကျင်းပခဲ့သည်၊၊
ဤအစည်းအဝေးကိုဂျပန်နိုင်ငံ၏ အစိုးရအဖွဲ့အစည်းများ ၊ လူမှု့အဖွဲ့အစည်းများ နှင့်
Karen National League.Japan-KNL , Karen Information Space.Japan-KIS ,
Karen Human Rights Committee Japan-KHRC တို့မှ နော်လေးဖောမင်းသိန်း ၊
စောဘလှသိန်း ၊ စောကစ်စင်ဂျာတို့တက်ရောက်
ပြီးဧည့်ပရိတ်သတ် ၁၅၀ ကျော်တက်ရောက်ခဲ့ပါသည်၊၊

သတင်း -----စောကစ်စင်ဂျာ


No comments: