Wednesday, September 21, 2011

သန်လျင် မီးလောင်


(မဇ္ဈိမ) ။   ။ ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုတခု ယနေ့ အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ရာ ဈေးဆိုင်ခန်း ၇ ခန်း ပျက်စီးဆုံးရှုံးသွားသည်။



သန်လျင်မြို့ အမှုထမ်းရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်း နံဘေးရှိ ဈေးဆိုင်ခန်းတခုမှ ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်အချိန်တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ညနေ ၆ နာရီ ၀၃ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့က ပြောသည်။

ဈေးဆိုင်ခန်းအပေါ်ထပ် စာအုပ်စင်ပေါ်တွင် ဖယောင်းတိုင်ထွန်းထားရမှ စတင်လောင်ကျွမ်းသည့် ပေါ့ဆမီးဟု မီးသတ်က သုံးသပ်ပြီး စုစုပေါင်း ဆုံးရှုံးနစ်နာမှု တန်ဖိုးမှာ ဆိုင်ခန်းတန်ဖိုး ၁၄ သိန်း နှင့် ပစ္စည်းတန်ဖိုး ၄ သိန်း ၄ သောင်းဟု မီးသတ်တပ်ဖွဲ့က သတ်မှတ်သည်။

တနာရီ နီးပါးမျှ လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အခြားမြို့နယ်များမှ စုစုပေါင်း မီးသတ်ကားနှင့် ရေသယ်ယာဉ် ၁၈ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး အသုံးပြု ငြိမ်းသတ်ခဲ့သည်။

သန်လျင်မြို့ မီးလောင်မှုတွင် လာရောက်ငြှိမ်းသတ်သည့် မီးသတ်ကားတစီးကို စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
သန်လျင်မြို့ မီးလောင်မှုတွင် လာရောက်ငြှိမ်းသတ်သည့် မီးသတ်ကားတစီးကို စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


သန်လျင်မြို့ မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့် ဆိုင်ခန်းတခုကို စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ညနေ ၆ နာရီ ၅၀ မိနစ်အချိန် မီးငြိမ်းသွားပြီးနောက် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
သန်လျင်မြို့ မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့် ဆိုင်ခန်းတခုကို စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ညနေ ၆ နာရီ ၅၀ မိနစ်အချိန် မီးငြိမ်းသွားပြီးနောက် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

No comments: