Thursday, September 22, 2011

အပစ်ရပ်ရေးကမ်းလှမ်းချက်ကို လက်နက်ကြီးဖြင့် အဖြေပေး

အပစ်ရပ်ရေးကမ်းလှမ်းချက်ကို လက်နက်ကြီးဖြင့် အဖြေပေး




တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီ (ဓာတ်ပုံ - ဧရာဝတီ)












ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် တရက်တာ အပစ်ရပ်ကြရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကမ်းလှမ်းထားခြင်းကို အစိုးရတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အဖြေပေးလိုက်သည်။

"ဘားအံခရိုင်ထဲမှာရှိတဲ့ ထီးလောသေ နဲ့ ထီးဝါးပလောကျေး နယ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ ၁၂ နာရီကျော်မှ ရပ်တယ်။ ကျနော်တို့ဘက်ကတော့ လုံးဝ ပြန်ပစ်တာတွေ မလုပ်ခဲ့ဘူး" ဟု KNU ၏ အမှတ် ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ဧရာဝတီကို ပြောသည်။

KNU က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သေနတ်သံတိတ်ရန် ကမ်းလှမ်းခဲ့ခြင်းမှာ ရေရှည်ငြိမ်းချမ်းရေးပေါ်ထွန်းရန် ရည်ရွယ်သည်ဟု တပ်မဟာမှူးက ဆိုသည်။

ယမန်နှစ်ကလည်း ငြိမ်းချမ်းရေးနေ့တွင် အပစ်ရပ်ရန် တောင်းဆိုချက်ကို အစိုးရတပ်များက တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည် ဟု KNU က ပြောသည်။

ယနေ့ လက်နက်ကြီးဒဏ် ခံလိုက်ရသည့် ဒေသများတွင် KNU တပ်များအပြင် KNU မှ ခွဲထွက်သွားပြီး ယခု မဟာမိတ်ပြန်ဖြစ်နေသော DKBA ခေါ် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော်၏ တပ်မဟာ ၅ တပ်ရင်းများ လှုပ်ရှားလျက်ရှိသည်။

ပစ်ခတ်မှုမှာ မြ၀တီခရိုင်၊ မယ်ပလဲ့ကျေးနယ်တွင် အခြေစိုက်သည့် ခြေမြန်တပ်ရင်း အမှတ် ၃၅၇၊ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တို့၏ လက်ချက်ဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။

"ဒီနေ့တိုက်ပွဲက မနက် ၈ နာရီကျော်က စတာ။ သေနတ်သံတွေ ထိုင်းနယ်စပ်ကနေ ကောင်းကောင်း ကြားနေရတယ်။ ထိခိုက်မှု ရှိမရှိကတော့ မဲဆောက် ဆေးရုံကြီးမှာ လူနာ ရောက်မရောက် သွားကြည့်မှပဲ သိရမယ်" ဟု ထိုင်းနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

လာမည့်ရက်များတွင်လည်း ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပေါ်လာဖွယ် ရှိကြောင်း DKBA တပ်မဟာ ၅ ထောက်လှမ်းရေးဌာနမှ ဗိုလ်ကြီးသရီးထူးက မြ၀တီမြို့ရှိ စစ်ရေးလှုပ်ရှားမှုများအပေါ် မူတည်ပြီး ရှင်းပြသည်။

"ဒီနေ့ မြ၀တီမှာ စစ်တပ်က လူသူ လက်နက် အပြည့်အစုံနဲ့ စစ်ကား ၄ စီး မြ၀တီရဲ့ တောင်ဘက်မှာ ရှိတဲ့ DKBA အခြေစိုက်တဲ့ ဝေးလေ ဘက်ကို ထိုးစစ်ဆင်ဖို့ တက်လာတာ ရှိတယ်" ဟု သူက ပြောသည်။

ယခုလဆန်း ၅ ရက်နေ့ကစတင်ပြီး အစိုးရက KNU နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် အဖွဲ့ဝင် ၆ ဦး ပါရှိသည့် အကျိုးဆောင်အဖွဲ့တဖွဲ့ကို စေလွတ်ထားသော်လည်း ယနေ့အထိ တစုံတရာ ဖြစ်ပေါ် တိုးတက်မှု မရှိသေးဟု သိရသ

No comments: