Wednesday, September 21, 2011

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် ကေအန်ယူ




 စက်တင်ဘာ(၂၁)ရက်နေ့သည် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်သည်နှင့်အညီ ကရင်အမျိုးသား တို့၏ မိခင်အဖွဲ့အစည်း KNU အနေဖြင့်လည်း တစ်ရက်တာ အပစ်အခတ်ရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင် ဘာ(၁၅)ရက်နေ့ တွင် နေပြည်တော်ကြံ့ဖွံ့ အစိုးရ ကို ကြေငြာချက်ထုတ်ပြန် တောင်းဆိုထားကြောင်း သိရ သည်။

 ဒေသခံအမျိုးသမီးများ အား မုဒိမ်းကျင့်မှု၊ အပြစ်မဲ့ ရွာသားများအား အကြောင်းမဲ့သတ်ဖြတ်မှုနှင့် အတင်း အဓမ္မခိုင်းစေမှုများ မကြာခဏ ပြုကျင့်လေ့ရှိသော အစိုးရစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ အက်ဥပဒေကို လိုက်နာမည်ဟု မယုံကြည်ရသော်လည်း KNU အနေဖြင့် ကုလသမဂ္ဂ၏ စည်းမျဉ်းဥပဒေကို လေးစား လိုက်နာသောအားဖြင့် ထိုသို့ ထုတ်ပြန်ကြေငြာရခြင်းဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် နော် စီဖိုးရာစိန်က ဆိုပါသည်။

သို့သော်လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို အခွင့်ကောင်းယူပြီး ဘောင်းဘီချွတ်သိန်းစိန်   တပ် ဖွဲ့များ တိုက်ခိုက်လာပါက ပြန်လည်ခုခံရမည်သာဖြစ်ကြောင်း အတွင်းရေးမှူးက ထပ်လောင်းပြောကြား ခဲ့ပါသည်။

ခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက် အစိုးရတပ်နှင့် ကေအန်ယူတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စက်တင်ဘာ(၁၆)ရက်နေ့တွင်လည်း ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဝါ့​မေထာ့​ရွာအနီးတွင်​ တိုက်ပွဲဖြစ်   ပွား​ခဲ့​ကြောင်းလည်း သတင်းရရှိပါသည်။

No comments: