Tuesday, November 15, 2011

ဖျားလုံမီးပုံးလွှတ်ပွဲကို နိုဝင်ဘာ(၁၀)ရက်နေ့တွင် ကျင်းပပြီးစီး

aturday, November 12, 2011


 
 
ဖျားလုံမီးပုံးလွှတ်တင်ပွဲသည် မည်သည့်အချိန်က စတင်ခဲ့မှန်း မသိရှိရသော်လည်း နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တွင် ရိုးရာတစ်ခုအနေဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြပါသည်။
 
အမှန်စင်စစ် ယင်းဖျားလုံပွဲသည် ဆွမ်းကြီးလောင်းနှင့် ကထိန်ခင်းသောပွဲတော်ဖြစ်သော်လည်း မီးပုံးလွှတ်တင်ပွဲကို အများစုက ပို၍ စိတ်ဝင်စားကြသည်။ 

နှစ်တိုင်း လိုလိုပင် မီးပုံးပျံကို ညနေ(၄)နာရီနောက်ပိုင်းမှသာ လွှတ်တင်ခဲ့ကြပြီး     ယခုနှစ် နိုဝင်ဘာ(၁၀)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း ခါတိုင်းနှစ်ကဲ့သို့ပင် အဆမတန် ကြီးမားပြီး မြောက်များစွာသော မီးပုံး ပျံများကို ကြည့်ရှုရန် မြို့ပေါ်ကလူပါမကျန် ရောက်ရှိလာခဲ့ကြောင်းလည်း သိရပါသည်။

၎င်းမီးပုံပျံကို အနီးအနားရှိရွာသားများက စုပေါင်း၍သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း အပြိုင်အဆိုင် ပြုလုပ်ကြပြီး ပွဲတော်နေ့တွင် လာရောက် လွှတ်တင်ကြခြင်းဖြစ်သည်။

မီးပုံး၏ အဆွဲများကိုလည်း တန်ဖိုးရှိသော စောင်၊ပုဆိုး၊ အကျီင်္၊ အမျိုးမျိုးဖြင့် တန်ဆာဆင်ကြပြီး တစ်ချို့ဆို စက်ဘီး၊ ကက်ဆက်များအထိ လွှတ်တင်ခဲ့ကြသည်။

၎င်းဖျားလုံရွာသည် ကရင်ပြည်နယ်၊ဘားအံမြို့၏ တောင်ဘက်(၁၀)မိုင်အကွာ၊ ဇွဲကပင်တောင်၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး နောင်လုံ၊ လှိုင်ကား၊ အိန္ဒဲရွာတို့နှင့်လည်း နီးကြောင်းလည်း သိရှိရသည်။
















No comments: