Friday, November 18, 2011

ညစ်ညမ်းပုံများနှင့် ကြမ်းတမ်း ဗွီဒီယိုများ Facebook တွင် ပေါ်ထွက်လာ


Facebook ပြောရေး ဆိုခွင့်ရှိသူ Andrew Noyes 
Source Photo from http://www.google.com/images 
မလိုလားအပ်သည့် ညစ်ညမ်းပုံများနှင့် ကြမ်းတမ်း ဗွီဒီယိုများ
Facebook တွင် ပေါ်ထွက်လာ 

17 Nov, 2011

မလိုလားအပ်သည့် ဂရပ်ဖစ် ညစ်ညမ်း ပုံရိပ်များမှာ ယခုအပတ်အတွင်း Facebook သုံးစွဲသူများထံ သို့ ရောက်ရှိခဲ့ရကြောင်း ကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြား လိုက်သည်။ အဆိုပါ ပုံရိပ်များ၊ အင်တာနက် ချိတ်ဆက် လိပ်စာများနှင့် ဗွီဒီယို များမှာ ညစ်ညမ်းမှုနှင့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မကြာသေးမီ ရက်များက Facebook သုံးစွဲသူ အချို့၏ newsfeeds များထဲတွင် ပါဝင်လာခြင်း ဖြစ်သည်။

မိမိတို့ အနေဖြင့် spam တိုက်ခိုက်မှုများကို ခံခဲ့ရကာ Browser ၏ လုံခြုံမှု ထိခိုက်ခဲ့ရကြောင်း Facebook ပြောရေး ဆိုခွင့်ရှိသူ Andrew Noyes မှ Reuters သတင်းသို့ email ဖြင့် ပြောကြားခဲ့သည်။ မိမိတို့ အနေဖြင့် ယခုလို တိုက်ခိုက်မှုတွင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် ကြိုးစားသွားမည် ဖြစ်ကာ ယခုလုပ်ရပ်အတွက် တာဝန်ရှိသူ များကိုလည်း စုံစမ်းနေပြီ ဖြစ်သည်ဟု ၎င်းမှ ရေး သား ပြောကြား သွားခဲ့သည်။

ယခုလို တိုက်ခိုက်မှု အတွက် နောက်ကွယ်မှ မည်သူ ပါဝင်နေသည်ကို မသိရှိရ သေးကြောင်း လည်း Reuters နှင့် မေးမြန်းခန်းတွင် Noyes မှ ပြောကြားခဲ့သည်။ အလားတူပင် Facebook အင်ဂျင်နီယာများ မှာလည်း Browser လုံခြုံမှု အားနည်းနေခြင်းကို ပြုပြင်လျက် ရှိကြောင်း ပြောကြား သွားခဲ့သည်။

No comments: