
“နိုင်ငံခြားရေး ဝန်ကြီးဌာန စည်းမျဉ်းအရ ကျွန်တော်ရဲ့ လုပ်ပိုင်ခွင့် အာဏာကိုသုံးပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ပတ် စ်ပို့ပေးပါ့မယ်။ ဒါကို အသေးစိတ် စစ်ဆေးနေပြီး၊ မကြာခင် ဖြစ်လာပါလိမ့်မယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ ပါသည်။
သူ့အပေါ် စီရင်ခဲ့သည့် အဂတိ လိုက်စားမှုမှာ နိုင်ငံရေးအရ လှုံ့ဆော်မှု ဖြစ်သည်ဟု သက်ဆင်က ခုခံပြော ကြားခဲ့သည်။ ယခင် ထိုင်းအစိုးရက သူ၏ပတ်စ်ပို့ကို ဖျက်သိမ်းခဲ့သော်လည်း ယမန်နှစ်က မွန်တီနီဂရိုး နိုင်ငံသားအဖြစ် ခံယူခွင့် ရရှိခဲ့ပြီး သူ့အား နိုင်ငံတကာသို့ သွားလာခွင့် ပြုခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် သူ၏ ပါတီဟောင်း ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး သူ၏ညီမ ယင်းလပ်ရှင်နာဝပ်မှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ပတ်စ်ပို့မှာ သာမန်ပတ်စ်ပို့ တစ်ခုသာ ဖြစ်မည်ဟုလည်း ဆိုသည်။ ပထမအဆင့်တွင် တရားဝင် သာမာန်ပတ်စ်ပို့ ပြုလုပ်ရ မည်ဖြစ်ပြီး သံတမန်ပတ်စ်ပို့ မဖြစ်ရဟု ပြောကြားသည်။ လက်ရှိ ထိုင်းအစိုးရ၏ ယင်းသို့ ဆောင်ရွက်ချက်မှာ သက်ဆင် တက်ဆင်ကိုမကြိုက်သူများကို ဒေါသဖြစ်စေခဲ့ပါသည်။
ယခုအချိန်အထိ အရှိန်အဝါ ကြီးနေသူ သက်ဆင်ကို ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်က ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် သက်ဆင်မှာ သူ့အပေါ် စီရင်ချက်ချခဲ့သည့် အဂတိ လိုက်စားမှုဖြင့် ထောင်ဒဏ်ကျခံရခြင်း မရှိစေရန် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် နေခဲ့သူဖြစ်သည်။
No comments:
Post a Comment