
၂၀၁၁ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဖွန် အတုလဒိစ်တ်၏ (၈၄) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် မြန်မာအစိုးရမှ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျ ခံနေရသော ထိုင်းနိုင်ငံသား အကျဉ်းသား (၈) ဦးကို ပြစ်ဒဏ်မှ လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြင်နှင်ဒဏ် ပေးလိုက်ကြောင်း အစိုးရ သတင်းစာ၌ ဖော်ပြ ပါရှိပါသည်။ အဆိုပါ ဖြစ်ရပ်သည် ထိုင်းနှင့်မြန်မာ တည်ရှိနေသည့် ချစ်ကြည် ရင်းနှီးမှုများ တိုးတက် ခိုင်မာစေရန် သံတမန်ရေး နည်းလမ်းအရ ချဉ်းကပ်မှု တစ်ရပ် ဖြစ်ကြောင်းကိုလည်း နိုင်ငံရေး လေ့လာသူများ သုံးသပ်ကြပါသည်။ ထိုင်းအစိုးရဘက်မှလည်း မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားကို ဒီဇင်ဘာလ (၅) ရက်နေ့တွင် တရားဝင် ပြည်ဖွင့်ပေးမည်ဟု သတင်းများ ထွက်နေသော်လည်း သီးခြား အတည်ပြုမှု မပြုနိုင်သေးပေ။
No comments:
Post a Comment