Friday, December 9, 2011

ပဒိုမန်းရှာလားဖန်း၏ ခေါင်းဆောင်ဆု ရရှိမည့်သူအား စတင် ရွေးချယ်နေပြီ

အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၈ရက်၊ ၂၀၁၁ခုနှစ်။
၂၀၁၁ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု ရရှိမည့်သူအား စတင်ရွေးချယ်တော့ မည်ဖြစ်သဖြင့် အဆိုပါဆုကို လက်ခံရယူနိုင်မည့် ကရင်လူငယ်များကို စာရင်းစတင်ပေး သွင်းနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဆုကို တာဝန်ယူ ပေးအပ်နေသည့် ဖန်းဖောင်ဒေးရှင်း အဖွဲ့မှ တိုက်တွန်း နိုးဆော် ထားသည်။

အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး ဆိုင်ရာ၊ ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ စသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အထောက် အကူ ဖြစ်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ ကရင်လူ ငယ်များကို ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။


ဖန်းဖောင်ဒေးရှင်း တည်ထောင်သူများ( စောစေးစေး၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်း)
ဖန်းဖောင်ဒေးရှင်းကို လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့သည့် ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သွား ခဲ့ပြီးဖြစ်သည့် ၄င်း၏ဇနီးနန့်ကျင်ရွေတို့အား အမှတ်တရအနေဖြင့် ကျန်ရစ်သူ သားသမီး ၄ဦးမှ တည်ထောင် ထားခြင်းဖြစ်သည်။

အဆိုပါဆုပေးပွဲကို နှစ်စဉ် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး  ယခုတကြိမ်ဆိုလျှင်  (၄)ကြိမ်မြောက်  ပေးအပ်မည့် အစီအစဉ်တရပ်လည်း ဖြစ်ပြီး အဆိုပါဆု လက်ခံရရှိသူကို လာမည့် ၂၀၁၂ မေလတွင် ထုတ်ဖော် ကြေညာသွားမည် ဖြစ်သည်ဟုလည်း ဖန်းဖောင်ဒေးရှင်း အဖွဲ့က ပြောဆိုထားသည်။

ဖန်းဖောင်ဒေးရှင်း(Phan Foundation)ကို ကေအဲန်ယူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံ သတ်ဖြတ်ခံရသည့် ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ကျန်ရစ်သူ သားသမီးလေးဦးဖြစ်သည့် စောစေးစေးဖန်း၊ နန့်ဇိုယာဖန်း၊ နန့် ဘွားဘွားဖန်းနှင့် စလုံ့ဖန်းတို့က စတင်တည်ထောင်ခဲ့သည်။

အဆိုပါဆုကို ကရင်လူငယ်တဦးအား ပေးအပ်မည့်ဖြစ်ကာ လူတဦးချင်းအနေဖြင့်သော်၎င်း အဖွဲ့အစည်း တခုခု ချင်းအနေဖြင့်သော်၎င်း ဆုရယူနိုင်မည့် သူတဦးကို ဇန်န၀ါရီလ ၃၁ရက်နေ့ နောက်ဆုံး ထားကာ bwabwa.phan@phanfoundation.org ထံ ပေးပို့နိုင်ပြီဖြစ်သည်၊
အသေးစိတ်သိလိုပါက ဖန်းဖောင်ဒေးရှင်း http://www.phanfoundation.org/ ၀က်ဆိုက်ဘ်တွင် ဆက် လက်ဖတ်ရှူနိုင်ပါသည်။

ပဒိုမန်းရှာလားဖန်း ခေါင်းဆောင်ဆု ရရှိခဲ့ပြီး သူများ။
(၁) နော်ဖောကဘလာဖူး (ညောင်လေးပင် ခရိုင်)
(၂) စောညွန့်ဝင်း (ဖာပွန်ခရိုင်)
(၃) နော်ဒီဇင်ဘာဖော (မြိတ်ထားဝယ် ခရိုင်) တို့ဖြစ်သည်။

ယခုနှစ် ဖန်းဖောင်ဒေးရှင်း ထုတ်ပြန်သည့် ကြေညာချက်။
 PDFOnline(1)

No comments: