Monday, January 16, 2012

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတို့အကြား အပစ်ရပ်စဲရေး ပဏမ သဘောတူညီချက်ကို လက်မှတ်ရေးထိုး (ရုပ်သံ)

ရထားဝန်ကြီး ဦးအောင်မင်း ပြောသွားတယ် "လက်နက်တသက်လုံးကိုင်တဲ့သူကို မကိုင်နဲ့ လို့ ပြောရင် မတရားဘူး.. သူတို့ လက်နက်မကိုင်ချင်တဲ့ စိတ်ပေါက်အောင် ဘာလုပ်ပေးရမလည်း ဆိုရင် ချမ်းသာရင် ဘယ်သူ့ မကိုင်တော့ဘူး.. သူတို့ နယ်မြေဒေသကြီး ဖွံ့ ဖြိုးတိုးတက်လာရင် ဘယ်သူ့ မှကိုင်မှာ မဟုတ်ဘူး.. အဲတာကို လုပ်ပေးလိုက်ရင် သူ့ ဟာသူ အော်တိုမက်တစ်ကလီ လက်နက်က သူ့ ဟာနဲ့ သူ သူ့ သဘောနဲ့ သူ စွတ်လွတ်သွားမယ်"..ကရင်လူမျိုးများအား ပထမဦးစွာစကားဖြင့်စော်ကားခြင်း ၊ ရထားဝန်ကြီး ဦးအောင်မင်း
ကသူကိုယ်ကို  အဆင့်အတန်းကိုဖေါ်ပြီးမြန်မာပြည်သူများအပေါ်ကခေါင်းပုံဖြတ်သားနေတာကျေနပ်နေသူ
ဖြစ်တာကိုဝန်ခံခြင်းဖြစ်သည်၊
ရထားဝန်ကြီး ဦးအောင်မင်း ပြောသွားတယ် "လက်နက်တသက်လုံးကိုင်တဲ့သူကို မကိုင်နဲ့ လို့ ပြောရင် မတရားဘူး.. သူတို့ လက်နက်မကိုင်ချင်တဲ့ စိတ်ပေါက်အောင် ဘာလုပ်ပေးရမလည်း ဆိုရင် ချမ်းသာရင် ဘယ်သူ့ မကိုင်တော့ဘူး.. သူတို့ နယ်မြေဒေသကြီး ဖွံ့ ဖြိုးတိုးတက်လာရင် ဘယ်သူ့ မှကိုင်မှာ မဟုတ်ဘူး.. အဲတာကို လုပ်ပေးလိုက်ရင် သူ့ ဟာသူ အော်တိုမက်တစ်ကလီ လက်နက်က သူ့ ဟာနဲ့ သူ သူ့ သဘောနဲ့ သူ စွတ်လွတ်သွားမယ်"..

ချမ်းသာသွားရင် ကရင်တွေ သေနတ်မကိုင်တော့ဘူးလို့ ဆိုပါတယ်.. လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကရင်တွေကို စော်ကားသလိုတောင်ပြောရမလိုဖြစ်နေတယ်။ ကရင်တွေက ချမ်းသာချင်လို့ တော်လှန်ရေးထဲဝင်တာ မဟုတ်ဘူး....ကိုယ်ပိုင်ပြဌန်းခွင့်ရဖို့ အတွက်တိုက်ပွဲဝင်တာပါ။ အဲတာကိုက ဗမာအစိုးရက ကရင်လူမျိုးများအပေါ်မြင်တဲ့ ဒသန က အတော်ကို မှားနေတယ် လွဲနေပါတယ်။ ဒီအတိုင်းဆိုရင် မလွယ်ဘူးလို့ ပဲ သတိပေးလိုတယ်....

ကရင့်တော်လှန်ရေးရဲဘော်တွေမှာ မိဘချမ်းသာတဲ့အသိုင်းအ၀န်းတွေ အများကြီးရှိသလို ပညာတတ်တွေလည်း အများကြီးရှိပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေမှာ အလကားသွားနေလို့ ရတာတောင်မှ မသွားကြပဲ တော်လှန်ရေးကို လုပ်နေကြတာပါ။
ကရင့်လက်နက်ဟာ ကရင့်လက်ထဲမှာပဲ ကမ္ဘာတည်သ၍ ရှိနေမှာပါ။ တခုပဲ စဉ်းစားဖို့ က နိုင်ငံတော်အစိုးရက ကရင့်လက်နက်ကိုင်တပ်ကို ပြည်ထောင်စု တပ်မတော်ထဲမှာ ဘယ်လိုဘယ်ပုံနဲ့ ချိတ်ဆက်တွဲထားနိုင်မလည်းဆိုတဲ့ ပြသနာကို ဖြေရှင်းနိုင်ကြရင် ပွဲပြီးသလောက် ရှိသွားပါမည်။
ဒီလူတွေကို စီးပွားရေးအခွင့်အလားပေးလို့ သူဌေးဖြစ်သွားရင် သေနတ်မကိုင်တော့ဘူးဆိုပြီး DKBA မောင်ချစ်သူ တို့ ကို လုပ်သလို လုပ်လို့ ရမယ် အထင်နဲ့  ကေအဲန်ယူကို ချည်းကပ်ရင်တော့ သိပ်မှားသွားမယ် လို့ ပဲပြောချင်ပါတယ်။

No comments: