Wednesday, January 18, 2012

ပဒိုမန်း​ငြိမ်း​မောင် မကြာမီ ပြန်လွတ်မည်

http://kyokorea.blogspot.com/
အင်း ​စိန်​ထောင်တွင်း​ အကျဉ်း​ကျ​နေတဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ပဒိုမန်း​ငြိမ်း​မောင် တပတ်အတွင်း​ လွတ်လာနိုင်တယ်လို့​ ဇန်နဝါရီ ၁၂ ရက်​နေ့​က အစိုး​ရနဲ့​ သွား​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ငြိမ်း​ချမ်း​ရေး​ကော်မတီက ​ပြောပါတယ်။

ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကော်မတီ ကိုယ်စား​လှယ်အဖွဲ့​မှာ ပါဝင်တဲ့​ ပဒို​ဒေး​ဗစ်​ထောက “သူတို့​ ပဒိုမန်း​ငြိမ်း​မောင်ကိုလည်း​ ကျ​နော်တို့​နဲ့​ တခါတည်း​ ​ပေး​လိုက်ဖို့​ပါပဲ။ ဒါ​ပေမယ့်​ ဖြစ်ပုံက အချိန်က နည်း​နည်း​ကပ်ပြီး​တော့​ ရုံး​လုပ်ငန်း​တွေနဲ့​ စာရွက်စာတမ်း​ကိစ္စ​တွေ ရှိတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​အ​နေနဲ့​ တပါတည်း​ ​ခေါ်​ဆောင်လာနိုင်ခဲ့​ခြင်း​ မရှိပါဘူး​။ သူတို့​ အဲဒီစာရွက်စာတမ်း​ ကိစ္စ​တွေ ပြီး​ရင် ကျ​နော်တို့​ကို အ​ကြောင်း​ကြား​ပြီး​တော့​ သူတို့​ ပို့​ပေး​ပါလိမ့်​မယ်။ ကျ​နော်ထင်တယ်၊​ ဒီတပတ်အတွင်း​မှာ ဖြစ်နိုင်ပါတယ်။”

ပဒိုမန်း ​ငြိမ်း​မောင်ဟာ ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်လကုန်ပိုင်း​က ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို သွား​ရောက်စဉ် ​ပျောက်ဆုံး​ခဲ့​ပြီး​ မြန်မာနိုင်ငံကို ပြန်လည်ပို့​ဆောင်ခံခဲ့​ရကာ လဝကအမှုနဲ့​ ​ထောင်ဒဏ် ၆ လချခဲ့​ပါတယ်။ ​နောက်ပိုင်း​ ပုဒ်မ (၁၇/၁) မတရား​အသင်း​ အက်ဥပ​ဒေအပါအဝင် အခြား​စွဲချက်​တွေနဲ့​ တရား​စွဲဆိုခံခဲ့​ရပြီး​ အင်း​စိန်​ထောင်မှာ အကျဉ်း​ချခံ​နေရတာဖြစ်ပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်အမှုကို လိုက်​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​အပတ်က ​ရှေ့​နေပါဝါရရှိခဲ့​ကြောင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥ​ပေ​ဒေပြုအဖွဲ့​က ​ရှေ့​နေဦး​အောင်သိန်း​က ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ​ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင်ဖြစ်သလို ညီညွတ်​သောတိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီရဲ့​ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီတပ်​ပေါင်း​စု တွဲဖက်အတွင်း​ရေး​မှူး​လည်း​ ဖြစ်ပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ မဆလ​ခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ တသက်တကျွန်း​ ​ထောင်ဒဏ်ချမှတ်ခံရပြီး​ ကိုကိုး​ကျွန်း​မှာ အကျဉ်း​ကျဖူး​ပါတယ်။

အကျဉ်း​ ကျ ​ဖော်နှစ်ဦး​နဲ့​အတူ ​လှေနဲ့​ ပင်လယ်ဖြတ်ပြီး​ ကိုကိုး​ကျွန်း​နဲ့​ မိုင် ၂၅၀ အကွာ မွန်ပြည်နယ် ကမ်း​ခြေကို လွတ်​မြောက်သွား​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​လို့​ အင်း​စိန်​ထောင်မှာ ၃ နှစ် အကျဉ်း​ကျ တိုက်ပိတ်ခံခဲ့​ရပြီး​ ၁၉၇၃ ခုနှစ်မှာ လွတ်​မြောက်ခဲ့​ပါတယ်။

ပြီး​ ခဲ့​တဲ့​ စ​နေ​နေ့​ကပြုလုပ်ခဲ့​တဲ့​ ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​ ကိုကိုရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မန်း​ငြိမ်း​မောင်ကို တရား​ ဥပ​ဒေအတိုင်း​ ​ဆောင်ရွက်​နေတယ်လို့​ ​ပြောခဲ့​ပါ​သေး​တယ်။

No comments: