Sunday, January 15, 2012

ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


KNU ထိန်းချုပ်ရာ နယ်မြေတစ်နေရာ
ကရင်ပြည်နယ်၊ ဇွဲကပင်အနောက်ဘက်ခြမ်းရှိ ထောင်ဝိကျေးရွာ ဇွဲကပင်ဟိုတယ်တွင် KNU ငြိမ်းချမ်းရေး   အဖွဲ့နှင့် မြန်မာအာဏာပိုင်တို့ ငြိမ်းချမ်းရေးပဏာမအဆင့် လက်မှတ်ရေးထိုးသည့်နေ့မှာပင် KNU ထိန်း ချုပ်ရာ တပ်မဟာ(၅)၊ဖါပွန်ခရိုင်၊၀ါးသို့ခိုးကျေးရွာတွင် နှစ်ဖက်ထိခိုက်မှုရှိသော တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်းတိုက်ပွဲသည် မြန်မာစစ်တပ်ဘက်မှ စည်းကမ်းချိုးဖေါက်ပြီးစတင်ပစ်ခတ်မှုကြောင့် KNLAဘက်မှ တစ်ဦး သေဆုံးခဲ့ရပြီး မြန်မာစစ်တပ်ဘက်မှလည်း ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်နေချိန်အတွင်း ၀ါ့သိုးခို့ရွာမှ အမျိုးသမီးတဦးနှင့် မိန်းကလေးငယ် တဦးမှာ သေနတ် ထိမှန် သေ ဆုံး ကြောင်း၎င်းဒေသရှိ    ဒေသခံတစ်ဦး၏ အဆိုအရ သိရှိရသည်။

အလားတူပင်  ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ ယိန်းဖန်ခက်(Ying Hpan hkyet) မဒါဘွမ် (Mada Bum) နှင့် ဂေါ့ငူဘွမ် ( Gawk Ngu Bum)တို့ တွင် ကေအိုင်အေ တပ်ရင်း(၁) တပ်ရင်း(၁၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် တပ်မ(၈၈) ၊ စခက အမှတ်(၂၁)ပူးပေါင်းတပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် မနက် (၈း၀၀)နာရီမှ (၁၁)နာရီ အချိန်ခန့် အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဇန်န၀ါရီ(၁၃) မနက်(၈း၀၀)နာရီ အချိန်ခန့်  မြစ်ကြီးနား -ဗန်းမော် ကားလမ်းပိုင်းရှိ ဂျာပူကျေးရွာ နှင့် မဒီးယန်ကျေုးရွာ အကြား ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် ခမရ(၃၉၀)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြေင်းသိရသည်။

ကေအိုင်အေ တပ်မဟာ(၂)နယ်မြေ မါကော့ပ်ဇွပ်(Makawk Zup) ဒေသ တွင် ကေအိုင်အေ တပ်ရင်း(၁၁)တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၃၈၂)(၃၈၅)တပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် ညနေ(၄း၀၀)နာရီ မှ (၅း၃၀)နာရီခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအား ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

No comments: