ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
အပစ်အခတ်ရပ်စဲရေး
စာချုပ်ချုပ်တွင် လက်မှတ်ရေးထိုးနေသည့် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
စောမူတူးဆေးဖိုးကို ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂
ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
ပထမပိုင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး KNU ငြိမ်းချမ်းရေးဖော်ဆောင်မှု
ကော်မတီဝင်များကို ဘားအံမြို့ ဇွဲကပင် ဟိုတယ်ဝင်းအတွင်း ဇန်နဝါရီလ ၁၂ ရက်
၂ဝ၁၂ ခုနှစ် နံနက် ၁ဝ နာရီခွဲ အချိန်က တွေ့မြင်ရစဉ်။
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
အစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဝင်များ
ဘားအံ့မြို့ ဇွဲကပင်ဟိုတယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှု စတင်ပြုလုပ်နေသည်ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် နံနက်
၉ နာရီ အချိန်က တွေ့မြင်ရစဉ်
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
အပစ်အခတ်ရပ်စဲရေး
စာချုပ်ချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် အပြန်အလှန် စာချုပ်လဲလှယ်နေသည့်
အစိုးရ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းနှင့် KNU စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ်
မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
ပြည်နယ်အဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီးနောက် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ တွင် KNU စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယခေါင်းဆောင်
တရားရေးရာ ဌာနမှူး ဖဒိုစောဒေးဗစ်ထောကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ်
မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ 
ကရင်ငြိမ်းချမ်းရေး ဘားအံဆွေးနွေးပွဲ
ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ပြီးဆုံးပြီးနောက် တပ်မဟာ ၇ တပ်မဟာမှူး စောဂျော်နီနှင့် ပြန်နယ်နှင့်တိုင်း
နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးများ အမှတ်တရ
ဓါတ်ပုံအရိုက်ခံနေသည်ကို ဇန်နဝါရီလ ၁၂ ရက် ၂ဝ၁၂ ခုနှစ် မွန်းလွဲပိုင်းက
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)
No comments:
Post a Comment