Tuesday, April 10, 2012

ဒီပဲရင်း အရေးအခင်းအကြောင်း ဘန်ကောက်ပို့စ်မှာပြောပြီး ဦးခင်ညွှန့်သာ့သနာဘောင်ဝင်။

day, April 9, 2012

ဇတ်လမ်းလေးက စလာပါပြီ ခင်ဗျား....


ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်တွင် ၂၀၀၃၊မေလ
ကဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံမှုကို စစ်အစိုးရကျောထောက်နောက်ခံပြုအဖွဲ့မှအကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကို ထောက်လှမ်းရေးမှကယ်တင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန်မှ ပြောကြားခဲ့ပြီးနောက် မြန်မာ့စစ်အရာရှိများအကြားတွင် ပြသနာများကြီးထွားနေကြောင်းသတင်းရရှိသည်။ ထိုသို့ဒီပဲရင်းအကြောင်းကိုမီဒီယာသို့ပြောကြားပြီးနောက်ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်သွားကြောင်းသတင်းရရှိသည်။

No comments: