Monday, May 7, 2012

ထိုင်းနိုင်ငံကို မူရယ်ဖဲ ကြိမ်စာအစွမ်းပြနေပြီ

ထိုင်းနိုင်ငံ ရေနံနဲ့ဓာတုစက်ရုံ ပေါက်ကွဲမှု လူ ၁၂ ဦးသေ

ဓာတုအဆိပ်သင့်မှုတွေ ရှိနိုင်တဲ့ အတွက် ကျွမ်းကျင်သူတွေက စောင့်ကြည့်လေ့လာနေ
ထိုင်းနိုင်ငံက ရေနံနဲ့ ဓာတု စက်ရုံတခု ဝန်းထဲမှာ စနေနေ့က ပေါက်ကွဲမှုတွေဖြစ်ပြီး မီးလောင်ခဲ့ တာကြောင့် လူ ၁၂ ဦး သေဆုံး သွားပြီး တခြား လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။
ဘန်ကောက်မြို့ အရှေ့တောင်ဘက် ရာယုံး ပြည်နယ် မှာ ရှိတဲ့ မတ်တာဖူ့တ် လို့ခေါ်တဲ့ ဒီစက်ရုံကြီးဟာ ကမ္ဘာ့ပေါ်မှာ အကြီးဆုံးသော ရေနံနဲ့ဓာတုစက်ရုံတွေ ထဲက တခု ဖြစ်ပါတယ်။
အဲဒီစက်ရုံအနီးမှာ ရှိတဲ့ နေထိုင်သူတွေကို ဘေးလွတ်ရာကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ပြီ ဖြစ်ပြီး ၊ ဓာတုအဆိပ်သင့်မှုတွေ ရှိနိုင်တဲ့ အတွက် ကျွမ်းကျင်သူတွေက အဲဒီနယ်မြေမှာ စောင့်ကြည့်လေ့လာမှုတွေ လုပ်နေပါတယ်။
ပေါက်ကွဲမှုဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ မသိရသေးပါ။
ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေဟာ ဒီစက်ရုံကို အဓိက အကြောင်းပြပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လှုပ်ရှားနေကြတာ ကာလကြာရှည် ခဲ့ပြီ ဖြစ်ပါတယ်

No comments: