Saturday, June 2, 2012

ဂျပန်နိုင်ငံရောက် ကရင်လူမျိုးမိသားစုများ မိတ်ဆုံစားပွဲ အစီအစဉ် ကျင်းပပြုလုပ်ရန် အတွက် အကြံပြု အစည်းအဝေး ကို ဖိတ်ကြားအပ်ပါသည်။

အကြောင်းအရာ။ ။ဂျပန်နိုင်ငံရောက် ကရင်လူမျိုးမိသားစုများ မိတ်ဆုံစားပွဲ အစီအစဉ် ကျင်းပပြုလုပ်ရန် အတွက် အကြံပြု အစည်းအဝေး ဂျပန်နိုင်ငံရှိကရင်မိတ်ဆွေညီအကိုမောင်နှမများခင်ဗျား အထက်ပါ အကြောင်းအရာ နှင့်ပတ်သတ်ပြီး ၊လာမည့် ၇-လပိုင်း၁၅-ရက်နေ့တွင်ဂျပန်ရောက် ကရင်လူမျိုးမိသားစုများ မိတ်ဆုံစားပွဲ အစီအစဉ်ကျင်းပပြုလုပ်ရန်ရှိပါသောကြာင့် ရှေ့ ဦးစွာ ကျင်းပရေးအတွတ် လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေး ညှိနှိင်းရန် အတွက် မိတ်ဆွေညီအကိုမောင်နှမများ အနေဖြင့် အတူတကွ ဖြည့် စွတ်ဆွေးနွေးပေးပါရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။ ယခု ကျင်းပပြုလုပ်သည့် မိတ်ဆုံ စားပွဲ သည် အဖွဲ့ အစည်း နိုင်ငံရေးနှင့် မသတ်ဆိုင်ပါ၊ မိမိတို့  ညီအကိုမောင်နှမအချင်းချင်း ရင်းနှီးမှုရှိစေ ရန်နှင့် စည်းလုံးမှု ကို အခြေခံကာ စုပေါင်းကျင်းပ ရခြင်း ရည်ရွယ်ချက်ဖြစ်ပါသည်။ နေ့ ရက်။ ။၂၀၁၂- ၆လပိုင်း - ၃ ရက် အချိန် ။ ။ ညနေ ၆း၀၀ နာရီမှ ၉း၀၀ နေရာ ။ ။komagome ပုံမှန်အစည်းအဝေး ကျင်းပသည့်နေရာ ဆက်သွယ်ရန်။ ။090-6313-0256 / 090-2803-2413 / 080-3121-3615

No comments: