Friday, June 1, 2012

ရည်စားဖြစ်သူက ဓာတ်ဆီဖြင့် လောင်းပြီး မီးရှို့ခံရသူ နှစ်ရက်အကြာတွင် သေဆုံး

WEDNESDAY, 30 MAY 2012 13:05 အခင်းဖြစ်ပွားရာ တိုက်ခန်းကိုတွေ့ရစဉ် ရည်းစားဖြစ်သူကို အသင့်ယူဆောင်လာသည့် ဓာတ်ဆီဖြင့် လောင်း၍မီးရှို့ခဲ့သူ အမျိုးသားကိုဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းနှင့် မီးရှို့ခံရသူသည် နှစ်ရက်အကြာတွင် မေလ ၂၉ ရက် ညနေ ၃ နာရီ ၅၅ မိနစ်အချိန် တွင် သေဆုံးသွားကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့ ည ၆ နာရီအချိန် ကမာရွတ်မြို့နယ် ၃ ရပ်ကွက် လှည်းတန်း--လမ်း အမှတ်--- ၃ လွှာသို့ မ--- (၂၆ နှစ်)၏ ရည်းစားဖြစ်သူ စမ်းချောင်း မြို့နယ်တွင် နေထိုင်သူ မောင်---(၂၈နှစ်)ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦး စကားများစဉ် မောင်... (၂၈နှစ်) မှ အသင့်ယူဆောင်လာသော ရေသန့်ဘူးဖြင့် ထည့်ထားသည့် ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့မီးရှို့မှုကြောင့်  မ... (၂၆ နှစ်) တွင် ခန္ဓာကိုယ်အနှံ့အပြား မီးလောင်ဒဏ်ရာနှင့် ၎င်း၏ညီမဖြစ် သူ မ.....(၂၄ နှစ်)တွင် ခြေထောက် နှစ်ဖက်မီးလောင် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေစဉ် မ--- အသက် (၂၆ နှစ်)မှာ သေဆုံးသွားခဲ့ ခြင်းဖြစ်သည်။ သေဆုံးသူမှာ ဆရာဝန်တစ်ဦး ဖြစ်ပြီး အဆိုပါတိုက်ခန်းတွင် ညီမ ဖြစ်သူနှင့်အတူ နေကြောင်းနှင့် ဓာတ်ဆီ လောင်းမီးရှို့သူမှာ သင်္ဘောသားတစ်ဦး ဖြစ်၍ မကြာသေးမီကမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ တစ်ဦး ဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းများထံမှ သိရသည်။

No comments: