Media Release From European Parliamentary Caucus on Burma
Wednesday, August 31, 2011
European Union Must Support UN Burma Crimes Inquiry
ထားဝယ်ဆိပ်ကမ်း စီမံကိန်းကြောင့် ရွာ ၅ရွာ အရင်ဆုံး ပြောင်းရွှေ့ရမည်
၂% နှင့် သိန်းစိန်၏ဆေးမီးတိုများ

ကာတွန်းဘီရုမာ - ရွှေပြည်ဂျီး နီးအောင်လှမ်း (ကာတွန်းကို မိုးမခ မှပြန်လည်ကူးယူဖေါ်ပြသည်)
၁၉၈၈ အရေးခင်းစခါစ သမ္မတရာထူးတာဝန်ရခဲ့သော ဒေါက်တာမောင်မောင် ၏မိသားစုဝင်တချို့ ရာထူးနှင့် တာဝန်တွေတွက် သောကပူပန်လျက် မျက်ရည်ကျခဲ့ပါသည်။ သမ္မတသိန်းစိန်၏ မိသားစုများကမူ မျက်ရည် ကျဖို့ဝေးစွ ၀မ်းပန်းတသာဖြင့် ရွှေအိမ်မက်များ မက်လျက် ရည်မှန်းချက်ကိုယ်စီ ချမှတ်လိုက်ပါပြီ။ အဘယ် ကြောင့် ဆိုသော သိန်းစိန်၏မူတမျိုး၊ သူကိုယ်တိုင် လာဒ်မစား၊ သူ့ကိုဖားရန် ပေးကမ်းစရာမလို။ သို့သော် သူ့ကတော် နှင့် သားသမီးများက အပေးအကမ်းကို လက်ခံ၏။ သူကသားသမီးများကိုလည်းမှာထားသည် “ငါ့ကိုလာမပြောနဲ့ လာမတောင်းနဲ့၊ နင်တို့နည်းလမ်းရှာပြီး ကိုယ့်ဟာကိုရှာလုပ်” ။ သားသမီးကလည်း ပါးနပ် သည် ၀န်းကြီးချုပ်၏ သားသမီးဆိုတော့ ကျန်တဲ့ဝန်းကြီးဌာနတွေက လိုချင်တဲ့ ပါမစ် တွေကို အကုန်ချပေး ၏။
မေလ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ကိုဝင်ရောက်စဉ်က လူပေါင်း နှစ်သိန်း ကျော်သေပြီး သန်းချီပြီးအိုးမဲ့အိမ်မဲ့ ဖြစ်ဒုက္ခရောက်ခဲ့ပါသည်။ နိုင်ငံတကာမှ ပေးလှုသော ကယ်ဆယ်ရေး ပစ္စည်း များဖြင့် သိန်းစိန်သွားရောက်ခဲ့ပါသည်။ တ၀တ ရုံးတွင် ၀န်ကြီးချုပ်သိန်းစိန်၏ မိန့်ခွန်းကြောင့် တာဝန်ရှိသူ များအားလုံး အလုပ်ရှုပ်သွားပါသည်။ သူမိန့်ခွန်းမှာ-
“ ကျွန်တော်တော့ ပေးစရာရှိတာပေးပြီးပြီ၊ ခင်ဗျားတို့လည်းရအောင်ယူ”
အစည်းအဝေးပြီးသည်နှင့် တာဝန်ရှိသူများ လော်ရီကားများဖြင့် အလှုပစ္စည်းများကို ၀ိုင်းကျုံးတော့၏။ မအူပင် တွင် အလှုပစ္စည်းများ လုံးဝမရ။ ဘိုကလေးမှ မ၀တ ဥက္ကဌ ဦးစိုးသိန်း နှင့် ဇနီးဒေါ်ကြည်ကြည်မာ သည် နာဂစ်မတိုင်ခင်ကတည်းကချမ်းသာသော်လည်း နာဂစ်ပြီးနောက်ပိုင်း ပိုမိုချမ်းသာသွားပါသည်။ သူတို့ သိမ်းကြုံးရယူထားသော ကယ်ဆယ်ရေးပစ္စည်းများ ဂိုဒေါင်မဆံ့သဖြင့် ဖုန်ကြီးကျောင်းနှင့် မိခင် ခလေး စောင့်ရှောက်ရေးတွင်သွားသိမ်းထားပါသည်။ ရက်ပိုင်းအတွင်း သွပ်ပြားများ ရောင်းပြီး ချမ်းသာသွား၏။ နဂို ကတည်းက စီးနေသော ဆန်နီပစ်ကပ်ကား ကိုဂရုမစိုက်တော့။
ဒါတွေဟာ တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ ယခုလက်ရှိ သမ္မတ သိန်းစိန်၏ စေတနာရင်းများဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲတွက် သေချာပေါက်နိုင်ရေး ကို ဒေါင့်ပေါင်းစုံမှစိတ်ကြိုက်ပြင်ဆင်၏။ ၁၉၉၀ လိုအဖြစ် မခံနိုင်တော့။ ကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ မှာ ရှုံးခဲ့သည့်တိုင်အောင် ၀မ်းရေးတွက်မပူရလေအောင် သူ တကျုံးငါတစ်ပိုက် ၀ိုင်းဖဲ့ခဲ့သည့်ဒဏ်ကို ယခုသမ္မတသိန်းစိန် ခံနေရပါသည်။ သူခံရသည်မှာ ခေါင်းခဲရုံသာ ရှိပြီး တကယ်နစ်နာနေသည်မှာ ပြည်သူပြည်သားများဖြစ်ပါသည်။ အစိုးရသစ်တက်ခါစ နိုင်ငံတော်ဘတ် ဂျက် ငွေမလုံလောက်ခြင်းနှင့် စတင်ခဲ့သလို နိုင်ငံရေးပြသာနာများ တစ်ပုံတစ်ပင် စောင့်ကြိုနေပါသည်။ သမ္မတသစ်၏ ပထမဆုံး ပြည်ပခရီးစဉ်သည် တရုတ်နိုင်ငံဖြစ်လာ၏။ တရုတ်နိုင်ငံ ကိုအရင်ဆုံးပြေးကပ်သ ဖြင့် တရုတ်ကလည်း နည်းနည်းပိုပေးလိုက်၏။ ဂက်စ်ပိုက်လိုင်း၊ ရေအားလျှပ်စစ်စီမံကိန်း ခေါင်းစဉ်အောက် တွင် ဒေါ်လာသန်းပေါင်း ၅၇၀ ရခဲ့၏။ ထို့နောက် ကချင်ဒေသကို စစ်ရေးမြှင့်တင်လိုက်၏။ သို့သော် စစ်ရေး အခြေအနေမကောင်းသဖြင့် တဖက်လှည့်ပြီး ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ကစားပြန်၏။ မကစားလို့လဲ မရ။ ၂၀၁၁ ဖေဖေါ်ဝါရီလ တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့စုစည်းပြီး United Nationalities Federal Council တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ ကိုဖွဲ့ခဲ့သဖြင့် အစိုးရသစ်ကို ခြောက်ခြားစေခဲ့ပါသည်။ ကချင်ကို ငြိမ်းချမ်းရေး စကားပြောသောအခါ ကချင်ကလည်း UNFC မူအတိုင်း တိုင်းရင်းသားအားလုံး နှင့် ဆွေးနွေးမှလက်ခံမည်။ တစ်ဖွဲ့ခြင်းဆွေးနွေးခြင်းကို လက်မခံ။ တဖန် KNU ဆီသို့ ကိုယ်စားလှယ်လွှတ်ပြီး သွေးတိုးစမ်းသည်။ UNFC မူအတိုင်း တစ်သံထဲထွက်လာ၏။ စစ်အစိုးရ၏ အာဏာ ဆိုသော မာန်မာန ကို ထိခိုက်ခဲ့ပါပြီ။ DKBA ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေးကိုလည်းမတိုက်နိုင်၊ ကချင်စစ်မျက်နှာ မှာလည်းပြန်လန်ကျ၊ ရှမ်းပြည်မှာလဲ စစ်အစိုးရမှ အတုံးအရုံးကျ၊ စီးပွါးရေးကျဆင်းမှု့နှင့်အတူ နိုင်ငံတော် ဘတ်ဂျက်ငွေမလုံ လောက်ခြင်းကြောင့် တပ်ရင်းတပ်မ မှ ဖိအားပေးမှု့၊ ဗိုလ်ချုပ်များ နှင့် တပ်ရင်းတပ်မ တချို့တို့၏ အာဏာဖီ ဆန်မှု့များသည် သိန်းစိန်ကို များစွာခြိမ်းခြောက်နေသလို အာဏာရှင်သန်းရွှေ ကိုလည်း အကြပ်ရိုက်နေပါ သည်။
အာစီယံ အလှည့်ကျ ဥက္ကဌ ထိုင်ခုံရရှိရန် နိုင်ငံရေးဖိအားကို လမ်းကြောင်းလွှဲရန် သိန်းစိန်သည် ဆေးမှီးတို များဖြင့် အစွမ်းကုန်ကြိုးစားနေပါသည်။ အကျဉ်းသားလွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို နယ်သွား ခွင့်ပေးခြင်း၊ မီဒီယာတင်းကြပ်မှု့ကို အနည်းငယ်မသိမသာ လျှော့ပေးခြင်း၊ ထိုမှတဆင့် ပြည်ပရောက် အ တိုက်ခံများကို မြန်မာပြည်ပြန်လာရန် ဖိတ်ခေါ်ခြင်း နှင့် ၂% ဆိုသောအခွန်ငွေလျှော့ပေါ့ခြင်းများဖြင့် သမ္မတသိန်းစိန် အကြီးအကျယ်ကြိုးစားနေပါသည်။ ဒီကြားထဲ အတွင်းပိုင်းအရှုတ်ထုတ်များကလည်း ရှိ၏။ လာဒ်စားမှု့ဖြင့် ဗိုလ်ချုပ်တစ်ချို့ကို ဖြုတ်လိုက်သော်လည်း ရတက်မအေး၊ အကျယ်ချုပ်ဖြင့်ဖမ်းထား သော ဗိုလ်ချုပ်များ၊ စားဝတ်နေရေးဖြေရှင်းပေးရန် တောင်းဆိုလာသော တပ်ရင်းတပ်မများ၊ မကျေနပ်ချက်များကို Online ပေါ်သို့တင်နေသော လေတပ်၏အသံများသည် သမ္မတသိန်းစိန်နှင့် အာဏာရှင်သန်းရွှေ ကို အကြီးအကျယ် ခြိမ်းခြောက်နေပါသည်။
ပြည်ပရောက်အတိုက်ခံများပြန်လာရန် ဖိတ်ခေါ်ခြင်းကို နားမယောင်တတ်ရန်လိုပါသည်။ သိန်းစိန်ပြောကြား ချက်တွင် အပြစ်များကို လုံးဝ ပလပ်ခြင်းမဟုတ်၊ “ တော်ရုံတန်ရုံအပြစ်များကို” ခွင့်လွှတ်ပါသည်ဟု ပြော ထားခြင်းဖြစ်သည်။ အာဏာ ရှင်အစိုးရတွင် အပြစ်မရှိသူများကို အပြစ်ရှိကြောင်းလုပ်တတ်ပြီး တရား စီရင်ရေးစနစ်သည် တရားခံကို တရားလိုဖြစ်သို့၎င်း၊ တရားလိုကို တရားခံသို့၎င်း လုတ်တတ်၏။ ကိုယ်မကြိုက်တော့သော သစ္စာခံ တပည့် များကို ကြိုက်တဲ့ပုဒ်မတပ်နိုင်သလို မည်သူ့ကိုမဆို အမြင်ကပ် ပုဒ်မ တပ်နိုင်၏။ ဤတရားရေးစနစ်နှင့် အာဏာရှင် အုပ်ချုပ်မှု့အောက်တွင် တော်ရုံတန်ရုံ ဆိုသော အပြစ်များဖြင့် မည်သူမှမလွှတ်ကင်းနိုင်ပါ။ သမ္မတသိန်းစိန်၏ ကမ်းလှမ်းမှု့ စစ်မှန်ခြင်းရှိမရှိ ကချင်၊ ရှမ်း၊ ကရင်၊ ကယားပြည်နယ်များတွင် အရပ်သား များကို နှိပ်စက်နေသည့် ပေတံဖြင့်တိုင်းလျှင် သိသာ စွာ မြင်ရပါသည်။
ငြိမ်းချမ်းရေးစကားဆိုသော ဆေးမှီးတို လည်းမစွမ်းတော့။ အဘယ်ကြောင့်ဆိုသော မြန်မာအစိုးရမှပေး သော ငြိမ်းချမ်းရေးကို လက်နက်ကိုင်အဖွဲ့ တချို့များ နှစ် ၂၀ လောက်လက်တွေ့ မြည်းစမ်းခဲ့သည့် အရသာ ကို ကောင်းစွာသဘောပေါက်ခဲ့ပြီ။ ထို့ပြင်လက်ရှိတွင်လည်း တိုင်းရင်းသားများပေါ်ထားရှိသည့် သဘော ထားပြောင်းလဲမှု့မရှိဘဲ လူ့အခွင့်ရေးချိုးဖေါက်ခြင်းများရှိနေပါသဖြင့် အစိုးရသစ်အနေဖြင့် အပြောင်းအလဲ နှင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း နိုင်ငံတကာမှ အသိအမှတ်မပြုနိုင်သေးပါ။ ထို့ကြောင့် အာစီယံအ လှည့်ကျ ဥက္ကဌနေရာကို ဆေးမှီးတိုများနှင့် မရနိုင်ကြောင်း သမ္မတသိန်းစိန် ကိုပြောလိုပါသည်။
၂% ဆိုသောအခွန်လည်း အများစုစိတ်မ၀င်စား။ ယခု အစိုးရ၏ ဘတ်ဂျက်လိုငွေသည် ဘီလျံပေါင်း ၂၂၀၀ ရှိ၏ ( ၁ဘီလျံ = သန်းတစ်ထောင်)။ တိုင်းသူပြည်သားများမှ ၂% အစား စစ်ဗိုလ်ချုပ် တွေဆီမှ ၅၀% ပြန် တောင်းလျင် ဘဏ္ဍာရေးပြသာနာများပြေလည်မည်။ ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ ဘဏ္ဍာရေးပြသာနာ ကို တိုင်းသူပြည်သားထံမှ လျော့ဈေးဖြင့် ၂% ပရိုမိုးရှင်းလုပ်ပြီး အခွန်တောင်းသော သမ္မတသိန်းစိန်၏ ဖြတ်ထိုး ဥာဏ်ကိုတော့ စိတ်ထဲမှာ အနည်းငယ်အသိမှတ်ပြုမိပါ၏။ အဘယ်ကြောင့်ဆိုသော ပရိုမိုးရှင်းကိုလည်းအ ခွင့်ကောင်းယူမည့် လုပ်ငန်းရှင်တစ်ချို့ရှိနိုင်သလို တစ်ချို့သောပြည်သူများလည်း စိတ်ဝင်စား၏။ ပြည်သူ များအခွန်ဆောင်နိုင်အောင် လျှော့ပေါ့ခြင်းကို ကျေးဇူးတင်ပါသည်။ တဖက်တွင်လည်း ပြည်သူများကိုဆွဲ ဆောင်ရန် အခွန်ရုံး နှင့် ပြည်ပရှိမြန်မာသံရုံးများ ၀န်ဆောင်မှု့မြှင့်တင်ရန် အများကြီးလိုသေး၏။ ၂% နှင့် ၆လ ဆိုသော အတိုင်းတာနှင့် ကြုံတွေ့ရမည့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်း၊ သံရုံးများ၏ ခေတ်နောက်ဆွဲ ၀န်ဆောင်မှု့လုပ်ထုံးလုပ်နည်းကို ကြည့်ပြန်သော် အခွန်ဆောင်ခြင်စိတ်သည် အောက်ဆုံးအဆင့်တွင်သာရှိ ပြီး သက်သာသည့်ငွေနှင့် တွေ့ကြုံရမည့် အခက်အခဲများ၊ ပြသာနာများနှင့် ယှဉ်လျှင် သက်သာတာ နှင့် စိတ်ညစ်တာကို လုံးဝမကာမိ။ ၂% အခွန်ကို ဒီနှစ်အတွင်း ဆောင်မည့်ပြည်သူတစ်ချို့အတွက် အနည်းနှင့် အများ သိန်းစိန် အသက်ရှုချောင်မှာတော့ သေချာပါသည်။
“ မြန်မာပြည်အပြောင်းအလဲနှင့်တိုးတက်ရေးကို မြင်ခြင်သော ပြည်သူများ
အာဏာရှင်သက်ဆိုးမရှည်ရန် ဒီချိန်တွင် အခွန်မဆောင်ဘဲနေကြရန်တိုက်
တွန်းလိုပါသည်။”
မိမိတို့ပေးလိုက်သော အခွန်ငွေများသည် ပြည်သူမလိုလားသော အာဏာရှင်အစိုးရ သက်ဆိုးရှည်စေသည့် အပြင် ၄င်းငွေများဖြင့် ပြည်သူများကိုပြန်လည် သတ်ဖြတ် ညှင်းစဲ အနိုင်ကျင့်ခြင်းကို အားပေးရာရောက်ပါ သည်။ ရပ်လုနီးပါးဖြစ်နေသော အာဏာရှင်အစိုးရ၏ အုပ်ချုပ်ရေးယန္တာယား ပြိုလဲရန်တွက် ပြည်သူများအား လုံးပါဝင်ကူညီကြရန် ပန်ကြားအပ်ပါသည်။
ဖူးဒို
သြဂုတ်လ ၃၀၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၊ သိန်းစိန် တွေ့ဆုံဆွေးနွေးမှု အတွင်းသတင်းများ
နေ့သစ် မှ........
ဒေါ်စု နဲ့ သိန်းစိန် တွေ့စဉ်- ဒုသမ္မတ တင်အောင်မြင့်ဦး တက်ခွင့်မရ။ အစိုးရ၀န်ကြီးတွေလဲ တက်ခွင့်ရ၊ ကြံ့ဖွံ့ခေါင်း ဆောင်တွေ သိပ်ကိုစိတ်ဆိုးတယ်လို့ သိရ။ ဒေါ်အောင်ဆန်းစုကြည် ကို ဗွီအိုင်ပီလို ပြုစုဆက်ဆံတယ်လို့ သိရ။ ဒေါ်စု က ရောက်ကာစက ခပ်တောင့်တောင့် ဖြစ်နေတယ်။ နောက်တော့ အဆင်ပြေသွားတယ်။ လူတိုင်း ပြုံးပြုံရီရီဖြစ်လာတယ်လို့ ဆို။ ဒေါ်စုနဲ့ အတူ ဒီချုပ်အဖွဲ့ဝင်တချို့ပါ၊ ဖရော်ဖက်ဆာ ရီရီမြင့် လဲ ဒေါ်စု နဘေးမှာရှိတယ်။ အစိုးရဖက်ကတော့ ဦး အောင်ကြည် (အလုပ်သမား)၊ ဦးအောင်မင်း (မီးရထား)၊ ဦးစိုးသိန်း(စက်မှု)၊ မေဂျာသိန်းဌေး (နယ်စပ်) တို့ တက် ရောက်တယ်။ သူတို့က ပြုပြင်ပြောင်းလဲမှု သိပ်ဖြစ်ခြင်တယ်လို့ ဆို။ ဒီထဲမှာ ဦးအောင်မင်းက ဖိုးတက်ကြွလို့ သိရ။ ဒေါ်စု အစည်းဝေးခန်းမအလာမှာ ပေါ်တီကိုမှာ ၀င်းအောင်၊ ဇော်ဇော်၊ အောင်သက်မန်း တို့က ဒေါ်စု လီမွန်ဇင်းကို လာဖွင့်ပေး ကြဟု သိရ။ ဒီအခြေအနေကို ဒီချုပ်က အကောင်းမြင်ပုံရ။ ကြေညာချက်ထုတ် အကောင်းမြင်ဟုဆို။ တင်အောင်မြင့်ဦး အရမ်းပေါက်ကွဲနေဟု သိရ။
အစိုးရအတွင်းအခြေအနေက နှစ်ပိုင်းကွဲနေတယ်။ သန်းရွှေ သြဇာ တနေ့တခြား ကျဆင်းနေတယ်။သိန်းစိန်နဲ့ စစ်တပ် ခေါင်းဆောင်တွေက သန်းရွှေ နဲ့ခပ်ဝေးဝေး ခပ်ရှောင်ရှောင်လုပ်လာကြတယ်။ သမ္မတအုပ်စုက တင်အောင်မြင့်ဦး နှင့် ကျော်ဆန်း ကို ကိုမနှစ်မြို့။ ဥပမာ ဦးအောင်မင်း က မြန်မာ့အလင်းသတင်းစာကို သူ့စားပွဲပေါ် မတင်ရန် ၀န်ထမ်းတွေကို ကြိမ်းမောင်း – ဒီသတင်းစာကိုတွေ့ရင် အံချင်တယ်ကွဟု ဆို။ ရွှေမန်းက သိန်းစိန်ကို ပိုမိုထောက်ခံလာ။ ပိုနီးစပ်လာ။ သန်းရွှေ အနားမယူခင်က သူ့လုံခြုံရေးတပ်ကို ပြန်လည်ဖွဲ့စည်းခဲ့။ သို့သော် မကြာသေးခင်က သူ့အတွက် လုံခြုံရေးယူ ပေးနေတဲ့ တပ်ဖွဲ့များ လျော့ချလာသည်ကိုတွေ့ရ။ ဦးနေ၀င်း အသက် ၉၀ မွေးနေ့ပွဲအပြီး သူ့လုံခြုံရေးတပ်များကို သန်း ရွှေ မောင်အေး ဂိုဏ်းက လျော့ချသကဲ့သို့ ရှိနေတယ်။
ဦးနေ၀င်းသေပြီး ၂ ရက်အတွင်း ဦးစိန်လွင်အိမ်ရှေ့က လုံခြုံရေးတပ်ကို လူပြောင်းတာ လျော့ချတာ လုပ်သကဲ့သို့ ဖြစ် နေ။ မင်းအောင်လှိုင် က သန်းရွှေ လုံခြုံရေးတပ်ဖွဲဝင်အများစုမှာ တပ်ထွက်များနှင့် ပြန်လည်စုဖွဲ့ ပေးခဲ့သည်မှာ ထူးခြား နေတယ်။
မင်းအောင်လှိုင်က သန်းရွှေစိတ်ကြိုက် ရွေးခဲ့သူဖြစ်။ အရည်အချင်းမရှိ။ တပ်တွင် လူကြိုက်နည်းခဲ့သူဖြစ်။ လူကြိုက်များ သူမှာ မြင့်အောင် ဖြစ်။ မြင့်အောင်စကားမှားသောကြောင့် တပ်ချုပ်အဖြစ်လျာထားပြီးမှ ဖယ်ရှားခံရ။ မင်းအောင်လှိုင် အပြောင်းအလဲကို ကျနော်တို့ဆက်လက်စောင့်ကြည့်နေ။ သိသာရန်ပေးပို့။ ကောင်းသည့်အချက်ကတော့ တပ်ထဲတွင် သန်းရွှေ ပြန်လာမှာကို စိုးရိမ်နေကြ။ မလိုချင်တော့။ တပ်ထဲတွင် ဟာသပင်လုပ်နေ- ဦးသိန်းစိန်ရေ သေချာအောင် လုပ်ပေးပါ။ မသေချာရင် အားလုံးသေမှာဟု နောက်ပြောင်နေ။
ရွှေမန်း၊ သန်းရွှေ ကို စိတ်နာနေတယ်။ သမ္မတနေရာကို သူ့ကိုပေးမယ်လို့  နှစ်ကိုယ်ကြား ဆွေးနွေးခဲ့ဖူးဟု သိရ။ သူ့ကို အယုံသွင်းပြီး ခွေထားခဲ့ဟု ခံစားနေရ။
တင်အေး- အခြေအနေမကောင်း။ သူရောသူသားရော သြဇာကျဆင်း။ တင်းအေးကလဲသန်းရွှေကိုရှောင်နေတယ်ဟုသိ ရ။ သူက သန်းရွှေ ညာလက်ရုံးဟု အပြောခံခဲ့ရသူဖြစ်။ သူကိုလည်း သန်းရွှေ က ဇယားရွေ့ခဲ့သည်ဟု ခံစားရ။ သူသား က ပြီးခဲ့တဲ့တပတ်က ဒေါ်စုကို ပင် နှုတ်ဆက်ခဲ့သည့်အထဲမှာလည်း ပါဝင်နေတယ်။
ဌေးဦး- ရွေးကောက်ပွဲ မတိုင်မီက သူကိုသန်းရွှေ က ဒုသမတ နေရာပေးမယ်လို့ အယုံသွင်းခံခဲ့ရဟု သိရ။ သန်းရွှေ ကို လုံးဝ လက်မခံနိုင်တော့သူ ဖြစ်လာ။ လုံးဝ မချစ်နိုင်တော့ပြီ။
အောင်သောင်း နဲ့ သိန်းဇော်- သန်းရွှေ ကို ဆက်ချစ်နေသူများဖြစ်ဟု ယူဆရ။ ဆက်လက်ထောက်ခံနေဆဲဟု သုံးသပ်ရ။
မင်းအောင်လှိုင်- တပ်ကို သန်းရွှေ နဲ့ ဝေးရာသို့ ပို့နေဟု ယူဆရ။ သူက ရွှေမန်း ကို တလ တကြိမ်တွေ့ဆုံနေသည်ကို တွေ့ရ။ သူ့သြဇာမခံသူဟု ယူဆရတဲ့ ဗိုလ်ချုပ်သုံးဦးကို ဖြုတ်လိုက်။
ဦးမြင့်- ဦးမြင့်စာတန်းက အစိုးရခေါင်းဆောင်ပိုင်းကို သက်ရောက်မှုရှိ။ အထူးသဖြင့် ကျပ်ငွေတန်ဖိုးကို မပြောင်းလဲနိုင် ပါက လူထုအုံကြွမှုကြီး ဖြစ်နိုင်သည်ကို အထူးစိုးရိမ်ကြ။ ကျပ်-ဒေါ်လာ လဲနှုန်း ၆၀၀ ဖြစ်တယ်။ တိုင်းပြည်ပျက်ပြီဟု စီးပွားရေးသမားအများစု ယုံကြည်နေ။
ဘတ်ဂျက်စစ်ဆေးရေး ဖွဲ့စည်းဖို့အဆို လွှတ်တော်မှာ ပယ်ချ
( ပြည်သူဘဏ္ဍ၊ ပြည်သူပိုင်ငွေတွေခိုးစားလို့မရတဲ့ဥပဒေမှန်သမျှအမြဲကန့်ကွက်သွားမည့် စူပါ ကြံ့ဖွတ်အမတ်တွေပါ)
နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီ အင်အားစု လွှတ်တော်အမတ်တွေက လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုက ကန့်ကွက်ခဲ့ တာကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။
(Photo: AFP / MRTV)
နေပြည်တော်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။
အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ်တွေက ပြောဆိုနေကြပါတယ်
ဂဒါဖီ ဇနီးနဲ့ သားသမီးတွေ အယ်လ်ဂျီးရီးယားမှာ ခိုလှုံ
(နောက်ဆုံးတော့လည်း အာဏာရှင်တွေ ဒုက္ခသည် ပြန်ဖြစ်သွားတာဘဲ)
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ဇနီးနဲ့ ကလေး ၃ ယောက်ဟာ တနင်္လာနေ့မှာ အယ်လ်ဂျီးရီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။ သူတို့ကို အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက လစ်ဗျားကို နောက်ပိုင်းမှာ လွှဲပြောင်းပြီး အပ်နှံပေးဖို့ လစ်ဗျား အတိုက်အခံ သူပုန်တွေက တောင်းဆိုခဲ့ကြပါတယ်။
မစ္စတာ ဂဒါဖီရဲ့ ဇနီးဖြစ်သူ ဆဖီယာ (Safiya)၊ သမီး အီရှာ (Aisha) နဲ့ သား ၂ ယောက်ဖြစ်တဲ့ မိုဟာမက် (Mohammad) နဲ့ ဟန်နီဘောလ် (Hannibal) တို့ဟာ အယ်လ်ဂျီးရီးယားနိုင်ငံကို ကားနဲ့ လာရောက်ခဲ့တယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
မစ္စတာ ဂဒါဖီရဲ့ သားသမီးတွေနဲ့အတူ သားမက်၊ ချွေးမနဲ့ မြေးတွေပါ အတူ လိုက်ပါလာကြတယ်လို့လည်း ပြောပါတယ်။
ဒီလို ရောက်လာကြတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုရော၊ လစ်ဗျား အတိုက်အခံတွေရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (TNC) ကိုပါ အကြောင်းကြားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အာဏာပိုင်တွေက ပြောပါတယ်။
မြောက်အာဖရိက ဒေသက လစ်ဗျားရဲ့ တဦးတည်းသော အိမ်နီးချင်းဖြစ်တဲ့ အယ်လ်ဂျီးရီးယားက လစ်ဗျား အတိုက်အခံ TNC အဖွဲ့ကို အသိအမှတ်မပြုဘဲ မစ္စတာ ဂဒါဖီကို ထောက်ခံနေတဲ့အပြင် ကြေးစား စစ်သားတွေကိုပါ စေလွှတ်ခဲ့တယ်လို့ အတိုက်အခံ သူပုန်တွေဘက်က အရင်တုန်းက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယားက ဒါကို ငြင်းဆိုပါတယ်။
လစ်ဗျားခေါင်းဆောင် မစ္စတာ ဂဒါဖီနဲ့အတူ သူ့ရဲ့သားတွေ အခုထိ ဘယ်မှာရှိနေတယ် ဆိုတာကို ဘယ်သူမှ မသိကြသေးပါဘူး။
သားတယောက်ဖြစ်တဲ့ ခါမစ်စ် (Khamis) ဟာ စနေနေ့ ထရီပိုလီ (Tripoli) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အတိုက်အခံ ထိပ်တန်း အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ အခုထက်ထိ အတိအကျ ဘယ်သူမှ မသိသေးပါဘူး။
VOA မှကူးယူဖေါ်ပြသည်။
Tuesday, August 30, 2011
Seeing is Believing
It was an arduous and dangerous journey, but one he hopes may restore his sight.
He's come to The Mae Tao Clinic in the border town of Mae Sot for an operation to remove the crippling cataracts he's lived with for seven years......
Seeing is Believing from Karen News on Vimeo.
(12)နှစ်မြာက်၊ MKCF နှစ်ပတ်လည် အထိမ်းအမှတ် ဘောလုံးပွဲ
ကရင်အသင်းနှင့် အဝေးကွင်းအဖြစ် ဧည့်သည်စင်ကာပူကရင်အသင်းတို့ ကွာလာလမ်ပူတွင်
၂၇-၀၈-၂၀၁၁ နေ့ညနေ(၄း၀၀)နာရီအချိန်၌ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပါသည်။
လူစုံတက်စုံဖြင့် ယှဉ်ပြိုင်ကစားခဲ့သော အိမ်ရှင် မလေးရှားကရင်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု
အသာဖြင့် ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ပထမပိုင်းပြီးဆုံးသည့်
အထိ ဂိုးမရရှိပဲ စင်ကာပူ၏ တန်ပြန်တိုက်စစ်ကို အလူးအလဲခံခဲ့ရသည်။
ပထမပိုင်း(၂၅)မိနစ်ခန့်တွင် စင်ကာပူတိုက်စစ်မှူးနံပါတ်(၉)ခင်းပေးသော ဘောလုံးကို ပွဲစဉ်တစ်
လျှောက်လုံး ခြေစွမ်းပြကစားခဲ့သော စင်ကာပူကျောနံပါတ်(၁၅)က ပညာသားပါပါဖြင့် လှလှပပ
သွင်းယူနိုင်ခဲ့ပါသည်။
ဗွေဆော်ဦးဂိုးပေးလိုက်ရသော မလေးရှားအသင်းသည် ချေပဂိုးရရန် တိုက်စစ်မြင့်ကစားခဲ့သော်
လည်း ပထမပိုင်းပြီးဆုံးသည့်အထိ ဂိုးမရရှိပဲ စင်ကာပူကသာ (၁)ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်စချိန်တွင် အိမ်ကွင်း၏ ထုံးစံအတိုင်း မလေးရှားအသင်းသည် ဘောလုံးပိုင်ဆိုင်မှု
၆၅ ရာခိုင်နှုန်းဖြင့် အချိတ်အဆက်မိမိဖြင့် လျင်မြန်ဖျတ်လတ်စွာ ကစားနိုင်ခဲ့သော်လည်း စင်ကာ
ပူဂိုးသမားလက်စွမ်းပြကာကွယ်မှုကြောင့် ကြိမ်းသေရမည့်ဂိုးများ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
စင်ကာပူတိုက်စစ်မှူးများကလည်း ရသောအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့ပြီး ဒုတိယ
ပိုင်းစပြီး (၁၅)မိနစ်မှာပင် စင်ကာပူကျောနံပါတ်(၃)က ကမ္ဘာ့စံချိန်မှီ ခေါင်းတိုက်ဘောဖြင့် လှလှ
ပပ သွင်းယူသွားခဲ့ပါသည်။
မလေးရှားအသင်းသည် (၂)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း အားကစားစိတ်ဓါတ်အပြည့်ဖြင့်
ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး စင်ကာပူကရင်အသင်း၏ မှားယွင်းသောလူစားလဲမှုကို အခွင့်
ကောင်းယူကာ ချေပဂိုးသွင်းယူနိုင်ရုံသာမက ဒိုင်လူကြီးပွဲသိမ်းခရာမှုတ်သည့်အချိန်တွင် (၄)ဂိုး၊
(၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။
ဘောလုံးပွဲပြီးဆုံးချိန်တွင် အဖွဲ့လိုက်ဖြင့် ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲ စသော ပျော်စရာ
အားကစားနည်းများစွာကိုလည်း ပျော်ပျာ်ပါးပါး ဆင်နွှဲခဲ့ကြပါသည်။
စင်ကာပူ၊ မလေးရှား ဘောလုံးပွဲစဉ် ဗွီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါသည်။
သံဖြူဇရပ် ရဲစခန်းကို အမည် မသိ သေနတ်သမား ၂ဦး ပစ်ခတ်
သြဂုတ်လ ၂၉ရက်။ (ကေအိုင်စီ)
မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့မရဲစခန်းကို အမည်မသိ သေနတ်သမားနှစ်ဦးက ယနေ့ နေ့လည် ၁၁နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။
ဆိုင်ကယ်စီးလာသည့် ထိုသေနတ်သမား ၂ဦးသည် မြို့လယ်ရှိ ရဲစခန်းကို ၄၀-မမဖြင့် ပစ်ခတ်သွားရာ စခန်းခြံစည်းရိုးထိကာ ပေါက်ကွဲမှုမရှိသည့်အတွက် တစုံတရာ ထိခိုက်မှုမရှိကြောင်း သိရသည်။
“အရပ်သားဝတ်စုံနဲ့ပဲ ၂ယောက် ဆိုင်ကယ်စီးရင်းနဲ့ ပစ်သွားတာ။ နောက်က စီးတဲ့လူက ပစ်တယ်။ စခန်းဝင်းကိုတော့ ထိသွား တယ်။ ဒါပေမယ့် ဘာထိခိုက်မှုမှ မရှိဘူး။”ဟု သံဖြူဇရပ်မှ ရဲအရာရှိတဦးက ပြောသည်။
ထိုသေနတ်သမားနှစ်ဦးသည် မော်လမြိုင်ဘက်မှ လာသည့်လမ်းအတိုင်း ဝင်လာပြီး ရဲစခန်းကို ပစ်ခတ်ကာ ပငသွားရာလမ်းဘက် သို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးမောင်းနှင်သွားကြောင်း မြို့ခံများက ပြောသည်။
အဆိုပါရဲစခန်းကို ဝင်ပစ်သွားသည့် သေနတ်သမားနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို အာဏာပိုင် များက ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သံဖြူဇရပ် မြို့ခံတစ်ဦးက “စခန်းကို ပစ်သွားပြီးတော့ ပငသွားတဲ့လမ်းဘက်ကို မောင်းပြေးသွားတာကြားတယ်၊ အသေးစိတ်ကို တော့ ဘာမှမသိရသေးဘူး။”ဟု ပြောသည်။
ရဲစခန်းဝင်ပစ်သွားသည့် ထိုသေနတ်သမားနှစ်ဦးကို မြို့ပေါ်ရှိ တာဝန်ရှိရဲများနှင့် စစ်တပ်များတို့က လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းမြို့ခံက ပြောသည်။
၂၀၁၀ ခုနှစ်၊ မေလက သံဖြူဇရပ် မြို့မရဲစခန်းအတွင်း ဗုံးတလုံးပေါက်ကွဲခဲ့သော်လည်း ယခုဖြစ်စဉ်လိုပင် တစုံတရာ ထိခိုက်ပျက် စီးမှု မရှိခဲ့ပေ။
အလားတူ ၂၀၁၁ခုနှစ်၊ ဇွန်လတွင်လည်း သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးတလုံးပေါက်ကွဲခဲ့ရာ အုတ်တံတိုင်း ပြို ကျတာသည်မှလွဲ၍ ပျက်စီးဆုံးရှုံးမှု မရှိသလို ထိုဗုံးပေါက်ကွဲမှုမှာလည်း မည်သူ့လက်ချက်ဖြစ်သည်ကို အာဏာပိုင်တို့က ဖော်ထုတ် နိုင်ခြင်း မရှိခဲ့ပေ။
ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့
2011-08-28
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့ ညက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား အခိုက်အတန့် တင်းမာမှု ဖြစ်ပွားခဲ့ပေမယ့် မြို့ပေါ်ရှိ သံဃာတော်များရဲ့ ကြားဝင် ဖြန်ဖြေမှုကြောင့် အခြေအနေဟာ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
Wikipedia
ဧရာဝတီတိုင်း ဟင်္သာတမြို့။ (image: wikipedia)
အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးက အနီးရှိ ဗလီထဲ ဝင်ပြေးသွားလို့ မကျေနပ်တဲ့ လူတစုက တာလေး၊ ဝတ်တန်း၊ ရွှေကူ၊ ဥယာဉ်တောင်ရပ်ကွက်တွေက လူထုကို ခေါ်ဆောင်ပြီး ဗလီရှေ့မှာ သွားရောက် စုရုံးခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်သက်သေ ဟင်္သာတ ဒေသခံတဦးက ..
“ဖြစ်စဉ်က အမှုမှန် မပေါ်ပေါက်မှာ စိုးလို့ တောင်းဆိုတဲ့သဘောပါ။ ရိုက်မယ်ပြုမယ် ထုတ်ပေး၊ လက်စားချေမယ်လို့ တယောက်မှ မပြောပါဘူး။ ပြန်ခိုင်းလို့တော့ မပြန်ဘူး၊ ထိုးတဲ့ တရားခံ ၅ ယောက်လုံးကို ဖော်ပေး၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ဗမာဘက်က တောင်းဆိုတယ်။ သူတို့တောင်းဆိုတာကို ဘာသာရေး ခေါင်းဆောင်ပေါ့၊ ဗလီက ကော်မတီတွေကလည်း ခွင့်ပြုတယ်”
ညသန်းခေါင်ယံ အချိန်အထိ လူစု မကွဲတဲ့အတွက် ဟင်္သာတမြို့ သာသနာ့ဗိမာန် ကျောင်းတိုက်မှ သံဃာတော်နှစ်ပါး ဦးဆောင်ပြီး ကြားဝင် မေတ္တာရပ်ခံကြလို့ လင်းအားကြီး တနာရီခွဲခန့်မှာ လူစုကွဲသွားတယ်လို့ သိရှိရပါတယ်။
“အေးအေးချမ်းချမ်းပဲ ပြန်သွားပါတယ်။ ရမ်းရမ်းကားကား ဘာသာရေး အဓိကရုဏ်း ပုံစံမျိုး ဖြစ်မသွားပါဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူးကတော့ ပြဿနာဖြစ်တဲ့ ဝတ်ကျောင်းမှာ တပ်ဖွဲ့အင်အား အပြည့်နဲ့ တညလုံး စောင့်နေတာပေါ့”
အခင်းဖြစ်ပွားမှုကြောင့် ဟင်္သာတ ခရိုင်တွင်းရှိ ရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခလရ (၁၈) က တပ်ဖွဲ့ဝင်တွေ ဟင်္သာတမြို့ကို ညတွင်းချင်း လာရောက်ပြီး လုံခြုံရေး ယူထားတယ်လို့လည်း သိရပါတယ်။
ထားဝယ်ဆိပ်ကမ်း စီမံကိန်းကြောင့် ရွာ ၅ရွာ အရင်ဆုံး ပြောင်းရွှေ့ရမည်
သြဂုတ်လ ၂၉ရက်။ စောခါးစူး (ကေအိုင်စီ)
တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကြောင့် ထားဝယ်မြို့နယ်တွင်းရှိ နဘူးလယ်ကျေး ရွာအုပ်စုရှိ ရွာ ၅ရွာ ပထမဆုံးအသုတ်အနေနှင့် ပြောင်းရွှေ့ခံရတော့မည်ဟု ထားဝယ်ဒေသခံများက ပြောသည်။
ထားဝယ်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသောကြောင့်ဟု ဆိုကာ ပြောင်းရွှေ့ရန် သြဂုတ်လအတွင်း က အစိုးရနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က အဆိုပါ ရွာများသို့ သွားရောက် အသိပေးခဲ့သည်။ သို့သော် မည်သည့်ရက်လ အတွင်း အပြီးအပိုင် ပြောင်းရွှေ့ရမည်ကိုမူ အချိန်ကန့်သတ်ထားခြင်း မရှိသေးကြောင်း ထားဝယ်ဒေသခံတဦးက ပြော သည်။
“ရွာတွေကို ပေါင်းပြီး တစုတည်းပဲ ပေါင်းထားမယ်။ (နေရာသစ်မှာ) အုတ်ကာ သွပ်မိုး၊ နောက် သစ်သားအိမ်တွေ ဆောက်ပေးမယ်ပေါ့။ သူတို့(ကုမ္ပဏီနှင့် အစိုးရအာဏာပိုင်) က အိမ်နံပါတ်တွေ လာတပ်ပေးနေပြီ။”ဟု ပြောသည်။
နဘူးလယ်ကျေးရွာ အပါအ၀င် ပရဒတ်၊ ထိန်ကြီး၊ လွဲရှောင်နှင့် မူဒူးကျေးရွာများကို နဘူးလည်ကျေးရွာအုပ်စု နယ်မြေ အတွင်းရှိ ဘာဝရွာနှင့် ဘာဝဆိပ်ကမ်းအကြားသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။
ထိုဒေသကို သွားရောက်ခဲ့သည့် ဒေသခံ သတင်းထောက်တဦးဖြစ်သူ စောအယ်နာက “အဲဒီရွာသားတွေ ပြောင်းရွှေ့ လိုက်ပြီဆိုရင် သူတို့အတွက် လုပ်ကိုင်စားသောက်ရတာ အခက်အခဲတွေ့မယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ အလုပ်လုပ် ဖို့ မြေကွက်တွေ မရှိတော့ဘူးလေ။”ဟု ပြောသည်။
ထိုဒေသခံများသည် အများအားဖြင့် ဓနိ၊ ထန်း၊ ရာဘာ၊ နာနတ်နှင့် သီဟိုဠ် စသည့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျှက်ရှိသည့်အပြင် ငါးဖမ်းလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထားဝယ်မြို့နယ်တွင် မြန်မာ၊ ကရင်နှင့် မွန် ဒေသခံရွာပေါင်း ၃၀ကျော် ပြောင်းရွှေ့ရဖွယ်ရှိသည်ဟုလည်း စောအယ်နာက ပြောသည်။
ယခုကဲ့သို့ အစောဆုံးအသုတ်အနေနှင့် ရွာ ၅ရွာကို ပြောင်းရွှေ့ရန် အစိုးရနှင့် ကုမ္ပဏီတို့က စီစဉ်နေသော်လည်း ဒေသ ခံများ၏ ဆုံးရှုံးမှုများအား လျော်ကြေးပေးရေးနှင့် မည်သည့်လျော်ကြေးပမာဏ ပေးမည်ကို မသိရသေးပေ။
ထားဝယ်ရေနက်ဆိပ်ကမ်းကို ဘန်ကောက်အခြေစိုက် Italial-Thai Development က ထိုင်းဘတ်ငွေ ၄၀၀ ဘီလျံ ကျော် ရင်းနှီးမြုပ်နှံထားပြီး စီမံကိန်းနေရာကို ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက်လေ့လာ ခဲ့သည်။ ၂၀၀၈ခုနှစ်၊ မေလတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတို့က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။
ထားဝယ်ဆိပ်ကမ်း စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ စက်မှုဇုံနယ်မြေများ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိ စက်ရုံ၊ လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ကန်ချနဘူရီ(ထိုင်းနိုင်ငံ) အဝေးပြေးကားလမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါဝင်သည်။
မြန်မာအစိုးရသစ်နဲ့ သတိထားဆက်ဆံဖို့ အိန္ဒိယကိုတိုက်တွန်း
နိုင်ငံခြားရေးရာ တာဝန်ခံ
ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ)
ကချင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား ဒေသတွေမှာ လတ်တလောဖြစ်နေတဲ့ ထိုးစစ် တွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားမှု အခြေအနေ၊ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လုပ်ဆောင် နေမှုတွေ၊ နယ်ခြားစောင့် တပ်လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေမှု အခြေအနေတွေကို တင်ပြပြီး အိန္ဒိယလို အိမ်နီးချင်း နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို လေးစားသောအားဖြင့်၊ လူသားချင်း စာနာသောအားဖြင့် မြန်မာအစိုးရကို စစ်ရေးအရ ကူညီ ထောက်ပံ့မှုတွေ မပေးဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ်တွေ အပြီးတိုင် ရပ်စဲအောင် မြန်မာအစိုးရကို ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
မြန်မာနိုင်ငံက လက်ရှိ အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်လာတဲ့ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသာ ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လတ်တလော အခြေအနေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က တွေ့ဆုံတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ခေါ်တာ၊ ကုလသမဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး ကင်တားနားကို မြန်မာပြည်လာဖို့ ဖိတ်ခေါ်တာ စတဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်း လာပြီလို့ ယတိပြတ်ပြောလို့ မရသေးပါဘူး။ အိန္ဒိယ အစိုးရအနေနဲ့ အစိုးရသစ်ကို ယုံကြည် စိတ်ချပြီး မြန်မာ့အရေး နှုတ်ဆိတ် နေမှာမျိုး မလုပ်သင့်ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် တရုတ်အစိုးရက မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတာတွေ လုပ်နေသလို အိန္ဒိယကလည်း လုပ်လာ နေကြတဲ့အခါမှာ စီးပွားရေး တခုထဲကိုပဲ မကြည့်ပဲ မြန်မာပြည်သူတွေအတွက် ထည့်သွင်း စဉ်းစားဖို့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။ စစ်အစိုးရ ကျောထောက် နောက်ခံ အစိုးရသစ်ရဲ့ ကစားကွက်အပေါ် ခြေလှမ်းမှား မနင်းမိဖို့ သတိမူ သင့်ပါတယ်။ မြန်မာနိုင်ငံအပေါ် ထားတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
နိုင်ငံခြားရေးရာတာဝန်ခံ
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)
နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် သေသေချာချာ စဉ်းစားပြီး လုပ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲပြီး အစိုးရသစ် တက်လာပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရဖြစ်လာပြီလို့ ထင်မြင်မှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ဈေးကွက်သစ် တခုဖြစ်လာ နေပါတယ်။ ဥပမာ အားဖြင့် တရုတ်နိုင်ငံ ဆိုရင် မြန်မာနိုင်ငံက သယံဇာတတွေ၊ သဘာဝ အရင်းအမြစ် တွေကို ပုံစံ အမျိုးမျိုးနဲ့ ရယူဖို့ ကြိုးစား နေတာတွေက အားလုံး အသိပါပဲ။
နိုင်ငံတကာက မြန်မာ့အရေးကို စောင့်ကြည့် နေပါတယ်၊ စောင့်ကြည့် နေပါတယ်သာ ပြောနေတာ အချိန်တွေ ကြာလာတာနဲ့အမျှ ပြည်သူတွေ ဖိနှိပ်ခံ နေရတာတွေက တနေ့တခြား ပိုလို့သာ များလာပါတယ်။ ဒီအာဏာရှင်တွေနဲ့ ဆက်ဆံတဲ့အခါ ကလေးကစားသလို မလုပ်ဖို့ လိုပါတယ်။ သတိနဲ့ဆက်ဆံဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ ပြည်ပရောက် နိုင်ငံသားတွေကို ပြန်ခေါ်နေတဲ့ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေဟာ ပွင့်လင်း မြင်သာမှု မရှိသလို ဒီလိုအဖြစ်အပျက် တွေရဲ့နောက်မှာ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းခိုင်း နေတာတွေ၊ အာဆီယံမှာ ဥက္ကဌ နေရာရဖို့ ကြိုးပမ်းတာ စတာတွေကို ကြည့်ခြင်း အားဖြင့် သူတို့ဟာ ကိုယ့်အကျိုး စီးပွားတခုကိုပဲ ကြည့်တဲ့သူတွေ ဆိုတာ မမေ့သင့်ပါဘူး။
အိမ်နီးချင်း လည်းဖြစ်၊ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီး နိုင်ငံတခုလည်းဖြစ်တဲ့ အိန္ဒိယ အနေနဲ့သာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး လုပ်နေတဲ့ သူအားလုံး အားရကြမှာပါ။
ဧည့်ပါမောက္ခ
နိုင်ငံရေး သုတေသနဌာန၊ Jamia Milia Islamia University
တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ ကံကြမ္မာ
သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တ ဒေသပါပဲ။
ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ ရေတွေကို သောက်သုံးနေကြရပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့်ရှင်းတဲ့ရေ သောက်သုံး သုံးစွဲရမှုကြောင့် ဖြစ် ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ဒီအရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့်မှန်းကြ ပါတယ်။










