တရုတ်ပြည်ရဲ့ တဟုန်ထိုး စီးပွါးရေး တိုးတက်လာမှုကြောင့် ဖြစ်လာရတဲ့ စွမ်းအင် လိုအပ်ချက်ဟာ တရုတ်ပြည်ထဲ က မြစ်တွေ ပျက်စီးခဲ့ရုံနဲ့ မပြီးဘဲ မြန်မာပြည်ကို မွေးဖွား သန့်စဉ်ပေးခဲ့တဲ့ တခုတည်းသော မြန်မာ အမျိုးသားပိုင် အမိ ဧရာဝတီကို သတ်ဖြတ်ဖို့ ကြိုးစဉ် ဆောက်နေတဲ့ အဆင့်အထိ ရောက်လာခဲ့ပါပြီ။
ကျနော့် အနေနဲ့ ဒီဓါတ်ပုံ သတင်းဆောင်းပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ မြန်မာ တမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံ အချက်ကတော့ တ ရုတ်တွေဟာ သူတို့ ကိုယ်ပိုင်မြစ်တွေကို ဘယ်လို သတ်ဖြတ် ခဲ့ကြပြီလဲ။ သူတို့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီး ခဲ့ကြပြီလဲ ဆိုတာကို ဘာအကျိုး ကျေးဇူးတစုံတရာ မယ်မယ်ရရမရှိ မြန်မာ တမျိုးသားလုံးအတွက် အဘက်ဘက်က ဘာ အာမခံချက်မှ မရှိတဲ့ ဧရာဝတီကို လည်မျိုညှစ်နေတဲ့ တရုတ် အကျိုးစီးပွါး သက်သက်အတွက် သခင်အားရ ကျွန်ဒဏ်ဝ လုပ်နေတဲ့ မျိုးဖျက် သစ္စာဖေါက် လောက်ကောင် ပုဆိန်ရိုး တစုကြောင့် ဖြစ်လာရတဲ့ မြစ်ဆုံ ရေအား လျှပ်စစ်ထုတ် ရေကာ တာတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို နှိုင်ယှဉ် တွေးဆပြီး ဒီသေမင်း တမန် စီမံကိန်းကို အမျိုးသားရေး အသွင် သဏ္ဌာန်နဲ့ ရပ်တန့်နိုင်စေရန် ရည်ရွယ် တင်ပြလိုက်ပါတယ်။
(မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာဘွဲ့လွန် တရုတ်တွင် သင်ယူနိုင်ရန် ညှိနှိုင်းနေ By Popular News ဆိုတဲ့ သိန်းစိန်အစိုးရရဲ့ ဆင်သေကို ဆိတ်ရေနဲ့ဖုံးဖို့ ကြိုးစားနေ တဲ့ သွေးရူး သွေးတန်း လုပ်ရပ်တွေကို နားမယောင်ကြဘဲ အရှိအဖြစ်ကို လက်တွေ့ကျကျ ပကတိ အတိုင်း မြင်နိုင်အောင် တင်ပြလိုက်ရပါတယ်။)
”တရုတ်ကွန်မြူနစ်ပါတီဟာဘယ်တော့မှအမှားကိုဝန်မခံဘူး” (ဟန်စ်ချန် – အာရှရေစွမ်းအင် Three Gorges Dam: China’s Dilemma) ကမ္ဘာ့အကြီးဆုံး Three Gorges Dam ကို ယန်စီမြစ်လည်ကနေ ဖြတ်ပြီး ဆောက်ခဲ့ပါတယ်။ စီးပွါးရေးသမားတွေ နဲ့ နိုင်ငံရေးသမားတွေ သူတို့နဲ့ အဆွယ်အပွားတွေ အားလုံး အကျိုး ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟဗေဒ စံနစ်တွေ အားလုံး ပျက်စီးခဲ့ပြီး တရုတ် တမျိုးသားလုံးအတွက် သမိုင်းဝင် ယန်ဇီမြစ်ကြီး ဘ၀ပျက်သွားခဲ့တာ ကို မျက်စိမှိတ် လျစ်လျူရှု ခဲ့ကြပါတယ်၊ အာရှတိုက်ရဲ့အရှည်ဆုံးသော ယန်ဇီမြစ်ကြီးဟာ လျှပ်စစ်ဓါတ်အား ၁၈,၂၀၀ မီဂါဝပ် ထုတ်ပေးတဲ့ Three Gorges Dam ရဲ့ ၀ါးမြို ဖျက်ဆီးခြင်းကို အဖတ် ဆယ်မရအောင် ခံလိုက်ရပါပြီ။
တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက် အပြုံလိုက် သေနေ သော ငါးများ (August 17, 2011)

သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တ ဒေသပါပဲ။
(ယန်ဇီမြစ် ဆိုတာ တိဘက် ကုန်းပြင်မြင့်မှာ မြစ်ဖျားခံခဲ့ပြီး တရုတ်ပြည်သူ သန်းပေါင်းလေးရာကို ရေချို ဖြည့်တင်း ပေးနေ ခဲ့တဲ့ မြစ်တစင်းပါပဲ။) ဒီဓါတ်ပုံတွေဟာ တရုတ် အာဏာပိုင်တွေရဲ့ သဘာဝ ၀န်းကျင်နဲ့ ဂေဟဗေဒ စံနစ်ကို ဘယ်လောက် အလေးထား နေသလဲဆိုတဲ့ သက်သေခံ ပြယုဂ်တွေ ပါပဲ။

တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေးမြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံ လိုက် သေနေသော ငါးများ။ (August 17, 2011)
ဒီ ဖုဟေးမြစ်ထဲကငါးတွေ အကြီးအသေး တကောင်မှမကျန်အောင် သေကြေခဲ့ရခြင်းဟာ မြစ်ကိုဖြတ်ကူးတဲ့ တံတား တစင်းကို တည်ဆောက်ခြင်းကြောင့် ဖြစ်လာရခြင်းပါ။ ဒါကိုကြည့်တာနဲ့ တရုတ်နည်း ပညာဟာ ဘယ်လောက်အဆင့် အတန်းရှိရှိ ဂုဏ်သိက္ခာရှိသလဲဆိုတာ မြက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမှာပါ။

နန်ချင်းမြို့ဘေးမှာတင် ပုပ်ပွနေတဲ့ ငါးအသေကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဖုဟေမြစ်ရဲ့ ဖြစ်ပျက်နေပုံပါပဲ။ (August 17, 2011) ဘာစက်မှုမှ မယ်မယ်ရရ မတိုးတက်ဘဲ သဘာဝပန်းဝန်းကျင်ကိုပဲ
မှီခို အားထား အသက်ရှင်နေရတဲ့ (ဧရာဝတီ နဲ့ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာကို မှီခိုနေရတဲ့) မြန်မာ့ လူဦးရေရဲ့ ၇၀% ရာနှုန်းရဲ့ အနာဂတ် ဘ၀တွေကို ဒီမြင် ကွင်းတွေ အပေါ်ကနေ ပြက်ပြက် ထင်ထင် မြင်နိုင်ကြမှာပါ။

သိပ်မကြာခင် ဆယ်စုနှစ် အတွင်းမှာ ကျနော်တို့ မြန်မာလူမျိုးတွေ အခုမြင်နေရတဲ့ တရုတ်ပြည်က မြစ်တွေထဲက ငါးတွေလို ပိုးလိုးပက်လက် သေသူသေ ဖုတ်လိုက် ဖုတ်လိုက်နဲ့ သေဖို့ကို စောင့်သူစောင့် ဘ၀ ရောက်ကြရတော့မယ် ဆိုတာ သိစေ ချင်ပါတယ်။

ကျုပ်တို့လူမျိုးတွေ သည်ငါးတွေလို သေအတူယှဉ်မခွာ အတူသေကြတော့ မလား။

ဒီပုံကတော့ ယန်ဇီမြစ်ကို ဖြတ်ပြီး ဆောက်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံးဆိုပြီး တရုတ်ကွန်မြူနစ် ပါတီက ဟိတ်ဟန် ထုတ်နေခဲ့တဲ့ Three Gorges Dam ကြောင့် ဇူလိုင် ၂၇, ၂၀၁၁ နေ့က ဖြစ်ပွါးခဲ့တဲ့ ရေကြီးမှု တစိတ်တဒေသရဲ့ ဓါတ်ပုံပါ။ တ စက္ကန့်ကို ရေကုဗမီတာ ၇၀ ၀၀၀ ကျော် နှုန်းနဲ့ ထိမ်းမနိုင် သိမ်းမရ ဒလဟော ထွက်လာတဲ့ ရေတွေကို တရုတ်ကွန်မြူနစ် ပါတီက အာဏာပိုင်တွေ မတားဆီး နိုင်ခဲ့ပါဘူး၊ ဧရာဝတီကို တရုတ်လက်ထဲ ထိုးအပ်ခဲ့တဲ့ မောင်အေးနဲ့ သိန်းစိန်တို့ မြေ ကြီး လက်ခတ်မလွဲ ဖြစ်လာမယ့် ဒီဆိုးကြိုး တွေအတွက် တိုင်ပြည်နဲ့ လူမျိုးကို ဘာအာမခံချက်မှ မပေးနိုင်ပါဘူး။ သူတို့ အာမခံချက် ပေးခဲ့တာကတော့ တရုတ်တွေကို ဧရာဝတီ ထိုးအပ် ပါတယ်ဆိုတဲ့ စာချုပ်မှာ လက်မှတ် ထိုးခဲ့တာပါပဲ။

တိုင်းပြည်ကို ချစ်တဲ့ တရုတ် အများစုကြီးကတော့ သည်ဆည်ကြီးကို ယံဇီကို သတ်ခဲ့တဲ့ ငရဲခန်းကြီးလို့ တွင်တွင် ခေါ်နေကြ ပါတော့တယ်။

ယန်ဇီကို သတ်ဖြတ်ခဲ့တဲ့ Three Gorges Dam ကြောင့် ၂၀၁၀ မှာ လူ ၁၂၀၀ ရေသင်္ချိုင်းမှာ မြှုတ်ခဲ့ရပြီး ဒေါ်လာ သန်း ပေါင်း ၂၂ ဘီလီယံ ဆုံးရှုံး ခဲ့ရပါတယ်။

ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ ရေတွေကို သောက်သုံးနေကြရပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့်ရှင်းတဲ့ရေ သောက်သုံး သုံးစွဲရမှုကြောင့် ဖြစ် ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ဒီအရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့်မှန်းကြ ပါတယ်။

မျိုးဖျက် ပုဆိန်ရိုး သစ္စာဖေါက် လောက်ကောင် တစုကြောင့် ကျနော်တို့ရဲ့ နောင်လာ နောက်သားတွေ ကနေ့ တရုတ်ပြည် ရဲ့ လူနည်းစု ကောင်းစားပြီး လူသန်းပေါင်းများစွာ ဘ၀ ပျက်နေရတဲ့ အဖြစ်မျိုးကို မကြုံရအောင် အချိန်မနှောင်းခင် အမျိုးသားရေး အမြင်ဖြင့် တိုက်ပွဲ ၀င်ကြဖို့ အလျှင်အမြန် ၀ိုင်းဝန်းကြရန် လိုအပ်နေပါပြီ။ (သိပ်မကြာခင် ဖြစ်လာမဲ့ အထက်ကလို အနိဋ္ဌာရုံ တွေအတွက် သိန်းစိန် နဲ့ မောင်အေး သာမက သူတို့အဖေ တရုတ်တွေလည်း ဘာအာမခံချက်မှ မပေး နိုင်ပါဘူး။ တရုတ်တွေ သူတို့မြစ်တွေ ဖျက်ဆီးပြီးလို့ အားလုံး ရစရာမရှိတော့ချိန်မှာ နောက်ဖေးအိမ်က စမ်းချောင်းထဲမှာ အညစ် အကြေးစွန့်ဖို့လုပ်တဲ့ ဖြစ်ရပ်နဲ့ မခြားပါဘူး။)

အမျိုး ဘာသာ သာဿနာကိုဖျက်ရုံတင်မက ပုဆိန်ရိုးတွေ သူခိုးကို ဓါးကမ်းခဲ့ပါပြီ။

မြန်မာ တမျိုးသားလုံးရဲ့ ဒီသေမင်းတမန် စီမံကိန်းကြီးကတော့ ဖဲကြိုးဖြတ် ဖွင့်ခဲ့ပါပြီ။
(ဖတ်ရှုတဲ့အတွက် အဖိနှိပ်ခံ မြန်မာ တမျိုးသားလုံးရဲ့ကိုယ်စား သင့်ကို ကျေးဇူးတင်ပါတယ်။) ဧရာဝတီ ကမ္ဘာ တည်သရွေ့စီးပါစေ။ မြန်မာပြည်သည် ဧရာဝတီ စီးသရွေ့ တည်ပါစေ။ (ဧရာဝတီ ပျက်တဲ့နေ့ဟာ မြန်မာပြည် အသက် ထွက်တဲ့နေ့ ပါပဲ) အမှားတခုကို ကျူးလွန်ရန်အတွက် ဘယ်အမှန်တရားနဲ့မှ သက်သေပြ၍မရ
No comments:
Post a Comment