( ပြည်သူဘဏ္ဍ၊ ပြည်သူပိုင်ငွေတွေခိုးစားလို့မရတဲ့ဥပဒေမှန်သမျှအမြဲကန့်ကွက်သွားမည့် စူပါ ကြံ့ဖွတ်အမတ်တွေပါ)
နိုင်ငံတော် ဘတ်ဂျက်သုံးစွဲမှု စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆိုတရပ်ကို ဒီမိုကရေစီ အင်အားစု လွှတ်တော်အမတ်တွေက လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပေမယ့် ဒီအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုက ကန့်ကွက်ခဲ့ တာကြောင့် ပယ်ချခံရတယ်လို့ သိရပါတယ်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
ဒါ့အပြင် နိုင်ငံတော်ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လို ခွဲဝေ သုံးစွဲနေသလဲ ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေးခွင့် မရဘူးလို့လည်း သိရပါတယ်။
အခု ကျင်းပနေတဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ အမတ်တွေ ဆွေးနွေး တင်ပြတာတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို အစိုးရသတင်းစာတွေမှာ ဖော်ပြခွင့်မရဘူးလို့ အစည်းအဝေး တက်ရောက်နေတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အမတ်တွေက ပြောဆိုနေကြပါတယ်
No comments:
Post a Comment