Monday, July 13, 2009

ကေအန်ယူကို လက်နက်ကြီးဖြင့် ဒီကေဘီအေပစ်ခတ်ခြောက်လှန့်

Sat 11 Jul 2009, IMNA, ကွန်းဟဒေ့ယမန်နေ့ညက ဘုရားသုံးဆူမြို့အပြင်တွင် တပ်စွဲထားသော ကလိုထူးဖော ဗျူဟာ လုံခြုံ ရေးတပ်ရင်းမှ ဗိုလ်ကြီးအေဝမ် ဦးစီးသည့် ဒီကေဘီအေတပ် ဖွဲ့သည် ဘုရားသုံးဆူမြို့ မြောက်ဘက်သို့ လက်နက်ကြီးသုံးလုံးဖြင့် ကေ အန်ယူကို ပစ်ခတ် ခြောက်လှန့်ခဲ့သည်ဟု ဘုရားသုံးဆူမြို့မှ စရဖနှင့် လက် နက်ကိုင်အဖွဲ့တို့မှ လာသောသတင်းအရ သိရသည်။
ထိုနေ့ညနေ ၈ နာရီမထိုးခင် ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးအမျိုးအစား RBG ၃ ချက်နှင့် M-16 ၁ ကဒ်စာလောက် အဝေးမှ လှမ်းပစ်ခတ်ခဲ့သည်ဟု DKBA အရာရှိ၏ ပြောပြချက်ကို ကိုးကားပြီး မွန်ပြည်သစ်ပါတီ အရာရှိ တစ်ဦးက ပြောသည်။
“ကေအန်ယူတွေ ရှိတဲ့အထင်နဲ့ သူတို့ ပစ်တာပဲ၊ ကျနော်ကြားရသလောက် တော့ ကေအန် ယူတွေက သူတို့ကို စိန်ခေါ်ထားလို့ အခုလို သူတို့ဘက်က ကေအန်ယူရှိနိုင်ဘက်ကို မှန်းပြီးပစ်လိုက်တာပဲ” ဟု ၄င်းက ပြောသည်။
လက်နက်ကြီးသုံးလုံးမှာ ဘုရားသုံးဆူမြို့အနီးတွင် ပစ်ခတ်ခဲ့သောကြောင့် ဘုရားသုံးဆူမြို့ ဒေသခံများက ကြောက်ရွံ့နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“၈ နာရီ မထိုးခင်လောက်မှာပေါ့၊ လက်နက်ကြီးသံ သုံးခါကြားရတယ်၊ အ ကျယ်ကြီးပဲ၊ မြို့ထဲမှာ လာကျတဲ့အတိုင်းပဲ၊ အခုတော့ ကျနော်တို့က တိုက် ပွဲဖြစ်မှာကို စိုးရိမ်နေတယ်၊ လွန်ခဲ့တဲ့ ၂ ရက်က တဲသုံးလုံးမှာ တိုက်ပွဲဖြစ်ပြီး ကတည်းက ဒီကလူတွေ ကြောက်ရွံ့နေပြီးသားပဲ၊ တချို့ဆိုရင် မြန်မာ ဘက်ခြမ်းမှာ မနေရဲလို့ ထိုင်းဘက်ခြမ်းမှာ သွားနေနေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
ယခုချိန်တွင် နအဖဘက်မှ စစ်ကြောင်းကြီးများ တက်လာပြီး ကေအန်ယူကို တိုက်ခိုက်ရန်ရှိသည်ဆိုသည့်သတင်းနှင့် ယခုကဲ့သို့ လက်နက်ကြီးသံများ မြို့အနီးတွင် ကြားခဲ့ရသဖြင့် မြို့ခံများ ကြောက်ရွံ့နေကြသည်။

No comments: