Monday, August 3, 2009

တစ်ခုပြီးတစ်ခုပေါ်လာပြီ

ဗိုလ်ချစ်သူ နှင့် သူ၏ဇနီး


Summary
ဗိုလ်ချစ်သူကြောင်းမရေးနဲ့ဆိုပြီးခြိမ်းခြောက်တော့ရေးချင်စိတ်ပိုဖြစ်လာပါတယ်။ ဒီသတင်း
ကတော့ DKBA ရဲဘော်တစ်ဦး ရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြချင်းဖြစ်ပါတယ်။
တပ်မဟာ (၇) ကိုစစ်ဆင်ဖို့ နအဖက ငွေသားသိန်းလေးထောင်ထုတ်ပေးပါတယ်။ အဲဒီ
အထဲမှာ ဗိုလ်ဆန်ပြုတ်အတွက်ရှယ်ယာက သိန်းတစ်ထောင်ပါ။ သို့သော်လည်း
ဗိုလ်ဆန်ပြုတ်ကသိန်း ၃၀၀ ဘဲရလို့မကျေမနပ်ဖြစ်နေပါတယ်။ “ ရွှေကုက္ကို မှာအောင်ပွဲ
ဆင်ရင်းနဲ့ငွေကိစ္စ ကိုဖြေရှင်းမယ်လို့သူပြောသေးတယ်။ ဒါပေမဲ့ အောင်ပွဲဆင်အခမ်းအနား
မဖြစ်ဘဲ သူ့ရဲ့အသုဘအခမ်းအနားဖြစ်သွားတယ်” ဟုတိုက်ပွဲတွင်ပါဝင်ခဲ့သောရဲဘော်တစ်
ဦးက ပြန်ပြောပါသည်။

နောက်သတင်းတစ်ခုက ဗိုလ်ချစ်သူဟာ ဗိုလ်ဆန်ပြုတ်လှေအုပ်စု နဲ့အတူတူ ပြန်လာပြီး
လမ်းတစ်ဝက်မှာဆင်းသွားပါတယ်။ ဗိုလ်ဆန်ပြုတ် ကျတဲ့တိုက်ပွဲမှာ အသက်မသေဘဲ
လွတ်မြောက်ခဲ့တဲ့ရဲဘော်တစ်ဦးကပြန်ပြောသည်မှာ “ KNU မဟုတ်တာသေချာတယ်။
ပြီးတော့လည်းဗိုလ်ဆန်ပြုတ်လှေကိုဘဲအဓိကပစ်မှတ်ထားတော့ကျနော်တို့သက်သာသွား
တယ်။ ကျနော်တို့ကိုတိုက်တာ ဗမာတပ်မဟုတ်ရင်တော့ ဗိုလ်ချစ်သူတို့အဖွဲ့ဘဲ”

ဗိုလ်ချစ်သူတပ်ရင်းမှာမရှိပေမဲ့လည်း ဇူလိုင်လဒုတိယအပတ်မှာ ခလေးမွေးနေ့ပွဲကိုတော့
ကြီးကျယ်ခမ်းနားစွာကျင်းပသွားပါတယ်။ တိုက်ပွဲမှာဒဏ်ရာရသွားတဲ့ရဲဘော်၊ ကျသွားတဲ့
ရဲဘော်တွေအတွက်ဂုဏ်ပြုပွဲအခမ်းအနား ဆောင်ရွက်ကြောင်းသတင်းမရသေးပါ။

ဗိုလ်ချစ်သူရဲ့စိတ်နေစိတ်ထား (Psychology) ကိုသတိထားမိတာတစ်ခုက သူဟာပြဿ
ကိုရင်ဆိုင်ဖြေရှင်းလေ့မရှိဘဲ ရှောင်နေတတ်ပါတယ်။ ပဒိုမန်းရှာလုပ်ကြံမူ့မဖြစ်ခင် ၁၀ ရက်
အလိုမှာ စင်္ကာပူကို ကရင်လုပ်ငန်းရှင်တစ်ဦး၏ အစီအစဉ်ဖြင့်သွားရောက်ခဲ့ပါသည်။ သူပြန်
သွားပြီးမှ ပဒိုမန်းရှာလုပ်ကြံမူ့ဖြစ်ခဲ့ပါသည်။ အဲဒီနောက် ဗိုလ်ချစ်သူဟာ ရွှေကုက္ကို မှာခဏ
ပျောက်သွားပါသေးတယ်။

ခလေးမွေးနေ့ပွဲကျင်းပတာကိုကြည့်ချင်းအားဖြင့် ဗိုလ်ချစ်သူ ဟာစိုးရိမ်စရာအခြေအနေ မ
ရှိလို့ဘဲဖြစ်တယ်။ ၉၉၉ မှရဲဘော်တစ်ဦးကလည်း “ နောက်ထပ်စစ်မတိုက်ချင်တော့လို့
ဗိုလ်ချစ်သူ ရှောင်နေတာဖြစ်တယ်။ အခုဖါပွန်ဖက်ကိုတိုက်ဖို့ပြင်ဆင်ခိုင်းနေတယ်”
တစ်ရွာတွေကို စစ်သား ၄ယောက်၊ တချို့ရွာတွေဆို ၈ ယောက် ထိစစ်သားတွေစုဆောင်း
နေတယ်။ စစ်သားမပေးနိုင်တဲ့ရွာကို တစ်အိမ် ၈သောင်းခွဲထိပေးရပါသဖြင့် ရွာတွေလည်း
DKBA တွေကိုညိုညင်လာပါတယ်။
Karen Unite မှကူးယူပါသည်

No comments: