
အရင်က မင်း ငယ်သေးတော့ သတိမမူမိခဲ့ပေမဲ့ အခုက မင်းကိုယ်မင်း ဗိုလ်မှူးကြီးဆိုတော့ ကရင်လူငယ် တွေကို မူးယစ်ဆေးဝါးနဲ့ဆွဲဆောင်ပြီး ဖောက်ပြန်တတ်အောင် မိုက်ရူးးရဲတတ်အောင် ဆွဲဆောင်နိုင်လိုŒပေါ့နော်၊
မကောင်းတဲ့လုပ်ရပ်တွေဟာ မကောင်းကျိုးဆိုးကျိုးတွေ ပြန်ပေးတတ်တယ်နော်၊ မင်းကိုယ်မင်း မိံပပြင်ရင် လည်း တစ်ခြားသူတွေကို မပျက်စီးပါစေနဲ့၊
မင်းအခေါ် “စံပြုံး” ငါသိတာအမှန်က “ဆန်ပြုတ်”၊ သူလည်း မင်း အကျင့်စရိုက်အတိုင်းပဲ၊ မင်းထက်ပို တာက မိန်းမလိုက်စားတယ်၊ လောင်းကစား ၀ါသနာပါတယ်၊
မင်းပြောခဲ့သလို မင်းကြောင့်ပဲသေသေ။ အခြားအကြောင်းတစ်ခုကြောင့်သေသေ သင်္ခါရတရားပဲလေ၊ ရူး ကြောင်မူးကြောင် ဟိုစွပ်စွဲ။ ဒီစွပ်စွဲဆိုတာ အဆင့်အတန်း မရှိပါဘူး၊
လက်ရှိ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီဟာ ဖမ်းမိတဲ့ရန်သူကိုတောင်မှ သတ်မိန့်မပေးခဲ့ဘူး၊ လိုအပ်တဲ့ အကူအညီကိုတောင် ဖြည့်စွမ်းပေးတယ်ဆိုတာ အများအသိပါ၊
ဒါဟာ မှန်ကန်တဲ့အဖွဲ့အစည်းရဲ့ သိကျှာရှိတဲ့ လူကြီးလူကောင်းတွေရဲ့ ရပ်တည်မှု။ လုပ်ဆောင်မှုပဲဖြစ်တယ်၊
မင်းပြောတဲ့ “ကိုမောင်အေး”ဆိုသူဟာ အရင်က မင်းအဖွဲ့ကပဲဟာ၊ ပြီးမှ ထော့လေးဆီကိုရောက်လာ ထော့လေး အညံ့ခံသွားတော့ ထော့လေးနဲ့ ပါသွားတာကြာပြီပဲ၊ အရင်က ထော့လေးအပြောအရဆိုရင် သူ့အဖေက ဘိန်းစားလို့ သူ့အမေနောက်လင်ယူသွားတော့ မိဘမေတျွှာကိုမရခဲ့လို့ ငယ်ငယ်လေးကတည်းက ဦး နှောက်ထိခိုက်ပြီး ဖြစ်သလိုနေထိုင်သွားလာနေခဲ့တာ အခုအထိပဲလေ၊
သူခေါ်ပြနေတဲ့နာမည်တွေက တပ်မဟာ(၇)မှာ တယောက်မှမရှိဘူး၊ မင်းပဲ လုပ်တတ်တယ်၊ အဖွဲ့ ၁၊ ၂၊ ၃ တဲ့၊ ဦးနှောက်ပျက်နေတဲ့သူကိုတောင်မှ ဓားစာခံလုပ်ပြီး တပါးသူပျက်စီးရာပျက်စီးကြောင်း လုပ်တတ်တဲ့မင်းအကျင့် ကတော့ သေရာပါမှာပါပဲ၊
ဒီအကြောင်းရင်းအမှန်တွေကို ပြောပြနိုင်တယ်ဆိုတာ မင်း သဘောပေါက်မှာပေါ့၊ မင်း အသိုင်းအ၀ိုင်းတချို့ လည်း သိပါတယ်လေ၊
အကြောင်းရင်းမှန်တွေ အများကြီးရှိသေးတယ်၊ မပြောချင်ပါဘူး၊ ဒါတောင်မှ မဟုတ်တာတွေ မမှန်တာတွေ အသံကောင်းဟစ်နေတာတွေကို မသိကြတဲ့သူတွေ ယုံမှားကြမှာစိုးလို့ အနည်းအကျဉ်းပဲ ပြောပြပေးသိလိုက်တာ၊
မင်းကိုယ်မင်း ပြုပြင်သင့်ပြီ၊ မင်းဟာ လူငယ်ပဲ ရှိပါသေးတယ်၊ အများကောင်းကျိုး အမှန်အကန်အတွက် ရှေ့ဆက်လုပ်ဆောင်ဘို့ အချိန်အများကြီးရှိပါသေးတယ်၊ အကောင်းနဲ့ အမှန်တရားအတွက် လုပ်ဆောင်သင့်ပြီ၊
မင်းကို စေတနာအမှန်နဲဏ္ဍ သတိပေးတာ၊ ပြီးတော့ ကိုယ်အာမခံပေးရတဲ့သူတစ်ယောက် လူကောင်းသူ ကောင်းဘ၀နဲ့ ကောင်းစားမယ်ဆိုရင် ကိုယ်လည်း ကုသိုလ်ရလို့ အကျိုးရှိမှာမို့ပါ၊
မင်း နားလည်နိုင်ပါစေ၊ မောင်ချစ်သူ
အမှန်တရားကို ရဲဝံ့စွာ ရှေ့ဆက်ဆုပ်ကိုင်နိုင်ပါစေ၊
မေတ္တာဂရုဏာဖြင့်
မင်းအခေါ် ကိုစွိ (တချိန်က မင်းကို အာမခံပေးခဲ့ရသူ)
Posted by အဲခေါင်သောင့်
No comments:
Post a Comment