Tuesday, August 4, 2009

အထင်ကရဆရာတော်များက ဒီကေဘီအေတပ်သားသစ်အဓမ္မကောက်ယူမှုနေမှုအပေါ် မြိုင်ကြီးငူဆရာတော်ဦးသုဇနအား မေတ္တာရပ်ခံ


ကရင်အမျိုးသားအပေါင်းတို့ ခင်ဗျား အောက်ပါသတင်းတပုဒ်ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ပါ။

Kaowao

သြဂုတ် ၃ ၊၂၀၀၉မော်လမြိုင်(သြဂုတ်-၃)။ ။ သထုံမြို့နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကျေးရွာများ၌ ဒီကေဘီအေ တပ်ဖွဲ့များမှ တပ်သားသစ်များ အတင်းကောက်ယူနေသဖြင့် ရွာသားများ ထွက်ပြေးရှောင်တိမ်းနေရသောကြောင့် သထုံမြို့ မြသပိတ်ကျောင်းဆရာတော် ဦးစီးသောရဟန်းသံဃာများသည် မြိုင်ကြီးငူဆရာတော်ဦးသုဇနကို မေတ္တာရပ်ခံ တိုင်ကြားခဲ့သသည် ဟု ဘားအံမြို့နေ ဒါယကာတစ်ဦးမှ ပြောဆိုခဲ့ပါသည်။မြိုင်ကြီးငူဆရာတော်အနေဖြင့် ဤကဲ့သို့ မဖြစ်အောင်ထိန်းသိမ်းပါမည်ဟု တာဝန်ခံခဲ့သော်လည်း လက်တွေ့တွင် အရေးတယူဆောင်ရွက်နိုင်ခြင်း မတွေ့ရှိခဲ့ရပေ။
မြိုင်ကြီးငူဆရာတော် ဦးသုဇန လက်နက်စစ်ဆေးနေပုံ
ဒီကေဘီအေအရာရှိတစ်ဦးအဆိုအရ လွန်ခဲ့သည့် ၂ နှစ်ခန့်၌ DKBO ကိုဖျက်သိမ်းလိုက်စဉ်ကတည်းက မြိုင်ကြီးငူ ဆရာတော်မှာ ဒီကေဘီအေအပေါ်သြဇာမညောင်းတော့ပဲ တပ်ဖွဲ့ဝင်များအနေဖြင့် သက်သတ်လွတ်စားခြင်း၊ အရက်မသောက်ရခြင်း စသည့်အလေ့အထများ DKBA တပ်ဖွဲ့အတွင်း ပျောက်ကွယ်ခဲ့သည်။အထူးသဖြင့် မြသပိတ်ကျောင်းဆရာတော်နှင့် အထင်ကရဆရာတော်တချို့ ကန့်ကွက်ခဲ့သောဖြစ်ရပ်အတွက် ဒေသခံကရင်လူမျိုးများအကြား အထူးစိတ်ဝင်စားနေကြရပါသည်။

စစ်မှုမထမ်းလိုသူများ ငွေသိန်းချီပေးဆောင်ရပြီး တချို့စိတ်မချရသောစစ်မှုထမ်းသူများကို ငွေနှစ်သိန်း အာမခံတင်ထားရပါသည်။ အများအားဖြင့် သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုးအစရှိသည့် ရွာပေါင်း (၇၂)ရွာ၌ နေထိုင်သောကရင်ရွာသားများကို စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်ပြီး အတင်းအဓမ္မခေါ်ယူ စုဆောင်းနေသည်ကို ဒေသခံများ အထိတ်တလန့် ဖြစ်နေကြရပါသည်။

အလားတူ ကော့ကရိတ်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင်လည်း တပ်သားသစ်များ အတင်းအကြပ်ကောက်ယူနေသည်ကို ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရှိခဲ့ရသည်။ဆရာတော်၊ ရဟန်းသံဃာတော်များမှ ဤကဲ့သို့ စစ်သားအဖြစ် အတင်းကောက်ယူမှုမပြုလုပ်ရန် မေတ္တာရပ်ခံ ခဲ့သော်လည်း ဒီကေဘီအေတပ်ဘက်မှ ဂရုမစိုက်အလေးမမူသည့်အတွက် ဒီကေဘီအေတပ်ကို ကြိုးကိုင် ထားသော မြိုင်ကြီးငူဆရာတော်ကို တိုင်ကြားရခြင်းဖြစ်သည်ဟု အဆိုပါဒါယကာက ပြောကြားခဲ့သည်။
Posted by Thaw Thi Kho

No comments: