Friday, November 12, 2010

တိုက်ပွဲသတင်းများ (၁၂ ရက် နိုဝင်ဘာလ ၂၀၁၀)

November 12, 2010

၁၂ ရက် နိုဝင်ဘာလ ၂၀၁၀


မြန်မာစံတော်ချိန်.....နံနက် ၁ နာရီ ၁၄ မိနစ် ----------------------------------------------------------------------

နံနက်(၁ နာရီ ၁၄ မိနစ်) ယနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးရန် လက်မှတ်ရေးထိုးခိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မကြာခင် ရုံးတက်မည်ဖြစ်ကြောင်း... (လောလောဆယ်တော့ ဒေါ်စုကို လွတ်ပေးမှု မရှိသေးကြောင်းကို ဦးဝင်းတင်မှ ပြောဆိုသည်။) ညနေလေးနာရီတွင် ဒေါ်စုအား လွှတ်ပေးမည်ဟု ထိုင်းတီဗွီတခုမှ သတင်းကြေညာသွားသည်။


နံနက်(၁၁ နာရီ ၂၅မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တဖက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထိခိုက်ဒါဏ်ရသော ရွာသူရွာသားများကို ဆေးရုံပို့ဆောင်ထားရကြောင်း ထိုင်းသတင်းဌာန ၉ လိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။ လတ်တလော တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါတယ်။ နအဖ စစ်တပ်မှ ဝေါလေဘက်ရှိ ထောင်ထားတဲ့ မိုင်းတွင်းကို ရှင်းပေးဖို့ ဒီကေဘီအေမှ ဗိုလ်စောလားဘွယ်ကို တောင်းဆိုထားကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၅မိနစ်) ယခုအချိန်အထိ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ် စကခ ၈ တပ်မက တပ်ရင်း ခမရ ၄၅၀ စစ်ကူနဲ့ ဒီကေဘီအေတို့ ရွာသစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ကြို့ကြို့ကြားကြား ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရှိရသည်။ လောလောဆယ် ဒီကေဘီအေက မယ်ကစ ဘက်မှာ အခြေချထားကြောင်း သိရှိရသည်။


နံနက်(၈ နာရီ ၂၅ မိနစ်) နအဖ စစ်တပ်များကို တိုက်စစ်ဆင်ဖို့ အင်းအားကြီး လက်နက်ကိုင် ၆ ဖွဲ့မှ တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ လွတ်လပ်တဲ့ ကချင်တပ်မတော်(KIA)၊ ကရင်နီတပ် (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းတပ်မတော်-မြောက်ပိုင်း (SSA-N) တို့မှ နအဖ စစ်အစိုးရအား တိုက်စစ်ဆင်ဖို့ အင်သား သုံးသောင်းကျော်ဖြင့် ထိုးစစ်ဆင်တိုက်ပွဲဝင်မည်။ (ကိုးကား - AFP)

နံနက်(၇ နာရီ ၅၀ မိနစ်) ယမန်နေ့ညနေ ၅ နာရီလောက်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် တပ်မဟာ၁ အဖွဲ့နဲ့ နအဖ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၂၄ တို့ တဖက်နဲ့ တိုက်ပွဲများပွားခဲ့ပါတယ်။ တိုက်ပွဲက ကြို့ကြားကြို့ကြား ဖြစ်တာမဟုတ်ပဲ တဖက်နဲ့တဖက် အင်အား ၇၀၊ ၈၀ လောက်နဲ့ အပြင်းအထန်နေတုန်းလို့ ဆိုပါတယ်။ SSA မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အင်အား ၃၀၀၀ ကျော်ခန့်ရှိတယ်လို့ သိရှိရသည်။(ကိုးကား - ဗွီအိုအေ)


နံနက်(၇ နာရီ ၄၀ မိနစ်) ဘုရားသုံးဆူဒေသတွင် တိုက်ပွဲဖြစ် ကြို့ကြားကြို့ကြား ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။


နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေမှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့တံဆိပ်များ ဖြုတ်ပြီး ဒီကေဘီအေ အသွင်ပြန်ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။

No comments: