Tuesday, November 9, 2010

စစ်ရေးမဟာမိတ်ပြုထားကြသောသွေးချင်းအပေါင်းတို့ .............

အမိတိုင်းပြည် ဟာ မောက်မာ ကောက်ကျစ်တဲ့လက်တဆုပ်စာ စစ်အာဏာရှင် ဗိုလ်ချုပ် တစ်စုကြောင့် ရဟန်းရှင်လူ ပြည်သူလုထု နဲ့တကွ တပ်မတော်သားများပါ ရင်ကော့ခါးစီးပြီး
ခံလာခဲ့ရတာ ရာစုနှစ်တ၀က်ကျိုးခဲ့ပါပြီ။

ယခုအခါ DKBA တပ်မတော် ဟာ နအဖ စစ်အာဏာရှင် ကို ပြတ်ပြတ်သားသား လက်တွေ့ ကျကျ အသက်ပေးပြီး တိုက်ခိုက်နေပြီဖြစ်ပါတယ်။
ပြည်သူလူထု တရပ်လုံး ရေတိမ်နစ် ဘ၀ပျက် လူ့ ဂုဏ်သိက္ခာဆုံးရှုံးရမှုတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကုန်လုံး သိရှိနားလည်ပြီးသားဖြစ်ပါတယ်။
ဒီလို အနေအထားမှာ မိမိ ဒေသ မိမိ ပြည်နယ်မှာ သေနတ်သံမထွက်လို့  နေသာသလို နေ ကြမယ်ဆိုရင် ကျနော်တို့ ခင်ဗျားတို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအစစ်ဆိုတာ
ဘယ်သောအခါမှဖြစ်လာလိမ့်မယ်မဟုတ်ပါဘူး။

စစ်ရေးမဟာမိတ်ပြုထားကြသောသွေးချင်းအပေါင်းတို့ .............

ဒီနေ့ ဒီကာလ ဟာ သင်တို့ ရဲ့ ရဲရင့် ပြတ်သား တဲ့ သတ္တိနဲ့ပြည်သူလူထုကို ချစ်မြတ်နိုးမှုကို ဟန်ချက်ညီညီ လက်တွေ့ ကျကျ အကောင်အထည်ဖော်ရတော့မယ့် ကာလကို
ဆိုက်ရောက်လာပါပြီ အာရုံဦး နဲ့ အတူ ဒီမိုကရေစီ အလံတော် စစ်ကို အမြင့်ဆုံးလွှင့်ထူတိုက်ပွဲဝင်ကြပါလော့..............။

No comments: