Friday, November 12, 2010

ကြာအင်းမြို့နယ်ရှိ ရွာများကို နအဖ တပ်မှ အမြောက်ဖြင့်ပစ်

Written by Administrator
Friday, 12 November 2010 07:04



၈၁ မမ မော်တာ






ကြာအင်းမြို့နယ်ရှိ ရွာများကို နအဖ တပ်မှ အမြောက်ဖြင့် ပစ်ခတ်သဖြင့် ကျေားင်းသား

တစ်ဦးသေဆုံးပြီး အရပ်သား နှစ် ဦးဒဏ်ရာရခဲ့ပါသည်။ ဖြစ်စဉ်မှာ နိုင်ဝင်ဘာလ (၁၀) ရက်နေ့ ညနေ ၅း၃၀ မှ နံနက် ၃ နာရီထိ နအဖ စကခ-၈လက်အောက်ခံ တပ်များမှ ကြာအင်း၊ တကူခီး၊ တခခီး၊ ကလီခီး၊ မဲကဒေါ နှင့် အနီးအနားရွာများသို့ လက်နက်ကြီး နှင့်ပစ်ခတ်သဖြင့် ကြာအင်းရွာမှ စောပေါ် ၏ သမီး (၈) တန်းကျောင်းသူမှာ ပွဲခြင်းပြီးသေဆုံးခဲ့ပြီး (၁၈) နှစ်အရွယ်သားမှာ ဒဏ်ရာရှိသဖြင့် ကြာအင်းဆိပ်ကြီးဆေးရုံသို့ တက်ရောက်ကုသနေရပါသည်။ တခခီး ကျေးရွာတွင်မူ စာသင်ကျောင်း ကို ထိမှန်သဖြင့် ကျောင်းမှာ ပျက်ဆီးသွားပါသည်။ နိုင်ဝင်ဘာ (၉) ရက်တွင်လည်း တခကလိုးရွာကို ပစ်ခတ်သဖြင့် ရွာသား စောမိုးအောင် ၃၂နှစ် လက်နက်ကြီး ကြောင့်ဒဏ်ရာ ရခဲ့ပါသည်။ ရွာသားများ၏ အဆိုရ ၄င်း နအဖ တပ်သည် နိုင်ဝင်ဘာ (၈) ရက်ကတည်းက လက်နက်ကြီးများဖြင့်ရွာ များကို စတင်ပစ်ခတ်ခဲ့ပါသည်။ ဆက်လက်ပြီးသိရှိရသည်မှာ နိုဝင်ဘာလ၈ ရက်နေ့ ည ၈း၃၀ တွင် နအဖ တပ်မှ ၈၁ မမ အမြှောက်ဖြင့် ၁၀ လုံးကျော်၊ နိုဝင်ဘာ ၉ရက်ညနေ ၆း ၃၀ မှ ၈ နာရီထိ ၈၁ မမ ထိ အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့ပါသည်။ နအဖတပ်၏ ပစ်ခတ်မှု့ကြောင့် ရွာသားငွေဦး ၃၂ နှစ် ၏ အိမ် ထိမှန်ပျက်ဆီးခဲ့ပြီး ကွမ်းခြံ နှင့်သံပရာခြံများ ပျက်ဆီးခဲ့ပါသည်။ ထို့အတူ ရွေးကောက်ပွဲ မကျင်းပခင် နိုဝင်ဘာ ၆ ရက်တွင် ကော့ကရိတ်ပတ်ဝန်းကျင်ရွာများသို့ ထောက်ခံမဲထည့်ရန်ပျက်ကွက်ခဲ့ပါက အမြှောက်များဖြင့်ရွာများကို ပစ်ခတ် မည်ဟုခြိမ်းခြောက်ပစ်ခတ် ခဲသဖြင့် ကော့ကရိတ်မြို့နားရှိ DKBA တပ် နှင့် ပဋိပခ ဖြစ်ခဲ့ရပါ သည်။

No comments: