Wednesday, November 10, 2010

KNU နာမည်မပါရင် နအဖ စစ်အစိုးရ စားမ၀င် အိပ်မပျော်


တစ်ခုခုဖြစ်လာရင် နအဖ စစ်အစိုးရက ကေအဲန်ယူကို အမြဲတမ်း အမျိုးမျိုးတံဆိပ်ခပ်ပြီး ပုတ်ချပြောဆိုလေ့ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ကေအဲန်ယူဟာ ကရင်တမျိုးသားလုံးရဲ့ အသက်သွေးကြောဖြစ်ပြီး ကရင်တမျိုးသားလုံးရဲ့ ထောက်ခံမှုကို အပြည့်အ၀ရရှိလို့ ပါပဲ။ အခြေအနေအရသာ တချို့ ကရင်တွေက ရူးချင်ယောင်ဆောင်နေပေမယ့် KNU ဆိုသည်မှာ ဘာလည်းဆိုဒါ သူတို့ သိတယ်။ ကရင်လူမျိုးတိုင်းသိပါသည်။ အနာဂါတ်မှာ ယခုနိုင်ငံရေးထဲကို ခုန်ဝင်နေပြီဖြစ်တဲ့ ဗမာ့တပ်မတော် အရာရှိဟောင်းများဖြစ်တဲ့ စောထွန်းအောင်မြင့်၊ စောအေးကို၊ စောစေးဝါး တို့ ကို လည်း အသုံးမလို တော့တဲ့တစ်နေ့ ဆိုရင် မင်းတို့ လည်းကေအဲန်ယူပဲ ဆိုပြီး ထောင်ချပစ်မှာ မြင်ယောင်မိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မြ၀တီတိုက်ပွဲနှင့် ဘုရားသုံးစူတိုက်ပွဲများနှင့်စပ်လျဉ်း၍ နအဖ သတင်းစာ၏ ရှင်းလင်းချက်ကို ကျနော်တို့ သောသီခို အဖွဲ့ သားများ ဘာမှ ရှည်ရှည်ဝေးဝေးမှတ်ချက်မပေးလို ပါ။ ဒါတွေရိုးနေပြီ မို့ လို့ ပါ။

တစ်ခုပြောမယ်။ ၀ါးဟားဟားဟား.....လို့  ဘလော့ပေါ်မှာ တစ်ခါမှမရယ်ဘူးတဲ့ ကျနော်တို့ အဖွဲ့ ကို ရယ်ခွင့်ပြုလိုက်ပါ။
ဒီတိုက်ပွဲနှစ်ခုနှင့်စပ်လျဉ်း၍ ဒီကေဘီအေ ဗိုလ်မှူးကြီးအေ၀မ်းနှင့် ကေအိုင်စီ သတင်းဌာနတို့ အင်တာဗျူးကို အောက်ပါလင့်တွင် သွားရောက် နားဆင်နိုင်ပါသည်။

No comments: