Saturday, March 19, 2011

လစ်ဗျားကိုလေကြောင်းစစ်ဆင်ရန်လုံခြုံရေးကောင်စီဆုံးဖြတ်

လစ်ဗျားကိုလေကြောင်းစစ်ဆင်ရန်လုံခြုံရေးကောင်စီဆုံးဖြတ်
Friday, 18 March 2011 02:45


[ပြင်သစ်လေတပ်မှတိုက်လေယာဉ်]

ပြင်သစ်လေတပ်မှတိုက်လေယာဉ်






လစ်ဗျားနိုင်ငံပေါ် လယာဉ်မပျံသန်းရေးဇုန်သသတ်မှတ်ရန် နှင့် ကဒါဖီတပ်အား လေကြောင်းမှတိုက်ခိုက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဆုံးဖြတ်လိုက်

်သဖြင့်ပြင်သစ် နှင့် အင်္ဂလန်လေတပ်များဟာ စစ်ဆင်ရေးတွက် ပြင်ဆင်မှု့များစတင်နေပါပြီ။ ကဒါဖီတပ်များ ဘန်ဂါဇီ မြို့နှင့်နီးကပ်လာသဖြင့် အချိန်သည်

အရေကြီးကြောင်း၊ မိမိတို့လေတပ်သည် နာရီပိုင်းအတွင်း စစ်ဆင်ရေး စတင်ဆောင်ရွက်နိုင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်စစ်ဖီလဲန် (François Fillon)

ကပြောကြားခဲ့ပါတယ်။ သို့သော်လည်း အမေရိကန် က သတိကြီးစွာဖြင့် စစ်ဆင်ရေးကို နာရီပိုင်းစမည့်အစား ရက်ပိုင်းအတွင်းစရန် ပြောကြားခဲ့ပါတယ်။



၎င်းစစ်ဆင်ရေးတွင်ပါဝင်ရန်အာရပနိုင်ငံအတော်များများက ကတိပေးခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သောကုလသမဂ္ဂလုံခြုံရေးကောင်စီသည်

လစ်ဗျားကိုဝင်ရောက်သိမ်းပိုက်ခြင်းထက် တိုက်ခိုက်ခံနေရသော ပြည်သူ များကို ၀င်ရောက်ကာကွယ်ရန်နှင့် လိုအပ်သော ကာကွယ်ရေးအစီစဉ်များ

ချမှတ်နိုင်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ထောက်ခံမဲပေးခဲ့ပြီး တရုတ်၊ ရုရှား၊ ဂျာမဏီအပါအ၀င် ၅ နိုင်ငံက မဲမပေးဘဲနေခဲ့ပါသည်။



လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချပြီး ဘန်ဂါဇီ မြို့သားများပျော်ရွှင်နေပုံကို အယ်ဂျာဇီးရား ရုပ်မြင်သံကြားမှ ပြသ ခဲ့ပြီး ကဒါဖီကမူ

၎င်းဆုံးဖြတ်ချက်သည် ကိုလိုနီနယ်ချဲ့ရန်ပြောင်ပြောင်တင်းတင်း ဆုံးဖြတ်လိုက်ခြင်း ဟု ဝေဖန် ခဲ့ပါသည်။
Last Updated ( Friday, 18 March 2011 02:58 )

No comments: