Sunday, March 13, 2011

Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း

ဒီကနေ့ ညနေ ၃း ၄၆ နာရီ မှာ Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ရီအက်တာ အမှတ်(၁)စက်ရုံမှာ ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့ပြီး စက်ရုံက မျက်နှာကြက် အမိုး အကာလည်း အောက်ကို ပြုတ်ကျခဲ့ပြီး အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပါတယ် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ထွက်လာသည့် ဓါတ်ရောင်ချီမှာ ၁ နာရီမှာ တနစ်စာ သုံးစွဲသည့် ဓါတ်ရောင်ချီ နဲ့ ညီမျှပြီး အနီးအနားမှာ ပြန့်နှံနေကြောင်း ရေဒီယိုသတ္တိကြွနှုန်းဟာလည်း တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့ ဆိုပါတယ်။ ၂၀ ကီလိုမီတာ အတွင်းရှိ ပြည်သူများကို ထွက်ပြေး တိမ်ရှောင်ဖို့ ထပ်မှန် သတိပေးထားကြောင်း သိရပါတယ်။

No comments: