Saturday, March 19, 2011

နောက်ဆုံးရ သတင်းများနဲ့ သတိပြုရန်အချက်များ

နောက်ဆုံးရ သတင်းများနဲ့ သတိပြုရန်အချက်များ

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှု

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာ လုပ်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲမရှိ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ ကနေ ၃၀ အတွင်းနေထိုင်ကြသူတွေ ရေဒီယို ဓာတ်သတ္တိကြွမှုကြောင့် ရောင်ခြည်သင့်ခံရမှုကနေ ရှောင်လွှဲနိုင်စေဖို့ ဆောင်ရန် နည်းလမ်း တွေကို ညူကလီယားနဲ့ စက်မှုလုပ်ငန်း ဘေးအန္တရာယ် ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

- အပြင်သွားတဲ့အခါ လမ်းလျှောက်သွားမျိုးထက် မော်တော်ကားနဲ့သွားတာမျိုးကိုလုပ်ပါ။
- အပြင်ထွက်လျှင် မျက်နှာဖုံးစွပ်ပြီးသွားပါ။
- ခန္ဓာကိုယ်ရဲ့အသားအရေကို ထိတွေ့ခြင်းမရှိစေရန် အင်္ကျီလက်ရှည်ဝတ်ပါ။
- မိုးရေမစိုပါစေနဲ့လို့

အဲန်အိပ်ခ်ျကေ ၁၅း၀၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။

No comments: