Sunday, March 27, 2011

တိရိစ္ဆာန်များ ငလျင်ကို ကြိုသိခြင်း

တိရိစ္ဆာန်များ ငလျင်ကို ကြိုသိခြင်း

စီးချွမ်းငလျင်မှုလှုပ်ခင် ၂ဝဝ၈ ခုနှစ် မေလ (၉) ရက်နေ့ က ငလျင်ဒါဏ်ခံခဲ့ရတဲ့ ဒေသတစ်ခုမှ ဖားများ ဘေးလွတ်ရာသို့ထွက်ပြေးပုံ




ငလျင်လှုပ်ခတ်မှု့နှင့် ပါတ်သက်ပြီးတော့ တိရိစ္ဆာန်တွေဟာ ငလျင်မလှုပ်ခင်ကတည်းက ကြိုတင်သိရှိနိုင်တဲ့ အာရုံ တွေရှိတယ်လို့ လွန်ခဲ့သော နှစ်ပေါင်း ရာနှင့် ချီ အကြာလောက်ကတည်းက လူတွေက ယုံကြည်လာခဲ့ကြတာဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းများအရ ဘီစီ ၃၇၃ ခုနှစ် ဆောင်းရာသီ ရဲ့ ညတစ်ညမှာ ဂရိမြို့တော်ကြီး ဖြစ်တဲ့ Helice မြို့ကြီးဟာ ငလျင်ဒါဏ်ကြောင့်ပျောက်ဆုံး နစ်မြှုပ်သွားရပါတယ်။ ထိုမြို့ကြီး မနစ်မြှုပ်ခင် နှစ်ပါတ်လောက်အလိုမှာ ကတည်းက မိမိတို့ရဲ့ အသိုက်အမြုံတွေကို ထားပြီး လွတ်ရာသို့ ဦးတည်ထွက်ပြေးခဲ့ကြတယ်လို့ မှတ်တမ်းများအရသိရပါတယ်။ ထို အချိန်ကစပြီး တိရိစ္ဆာန်များ ဟာ ငလျင်မလှုပ်ခတ်ခင်ကတည်းက ကြိုပြီး အာရုံခံသိရှိနေတယ်ဆိုတာကို လူတွေက ယုံကြည်ခဲ့ကြပါတယ်။ ဒီလိုဘဲ သေးငယ်တဲ့ ပိုးမွှားများ (ဥပမာ - ပုရွက်ဆိတ်) ကလည်းသိရှိကြတာဖြစ်ပါတယ်။ ငါးခူတွေ သာမာန်အချိန်ထက်ပိုပြီးတိုးတွေ သွားလာခြင်း၊ ဥ နေသောကြက်မများ ဥရပ်သွားခြင်း၊ ပျားများ ပျားအုံကိုစွန့်ပစ် ထွက်သွားခြင်း စတဲ့ အကြောင်းအရာများကို လေ့လာသိရှိခဲ့ကြရသလို များစွာသော အိမ်မွေး တိရိစ္ဆာန် ပိုင်ရှင်များမှလည်း ငလျင်မလှုပ်ခင် အချိန်မှာ မိမိတို့ မွေးမြူထားသော တိရိစ္ဆာန် များ နေထိုင်ပုံဟာ သာမာန် အချိန်များနှင့်မတူတာတွေနှင့် ပါတ်သက်ပြီး ပြောပြချက်တွေလည်း မရေတွက်နိုင်အောင်ရှိပါတယ်။ ကြောင်တွေ ခွေးတွေ ရဲ့အပြုအမူကလည်း ဂဏှာ မညိမ် ဖြစ်နေပြီး ကြောက်နေတဲ့ ပုံသဏ္ဍာန် ဖြစ်နေခြင်း။သာမှန်အချိန်များကဲ့သို့ အေးအေးလူလူအိပ်နေခြင်းများ မရှိဘဲ ယောက်ယှက်ခတ် နေတာကို သိသိသာသာ တွေ့မြင်ကြရပါတယ်။ ခွေးများကလည်း ဟောင်ခြင်း ဆက်တိုက် အူခြင်း စတဲ့ အမူအရာတွေရှိနေတတ်တယ်လို့ တိရိစ္ဆာန် ပိုင်ရှင်များမှ ပြောပြခဲ့တာတွေဖြစ်ပါတယ်။

သုတေသီများ သုသေသန ပြုချက်များအရတော့ တိရိစ္ဆာန်တိုင်းဟာ သားရဲ၊ သားယဉ် အားလုံးဟာ သဘာဝက ပေးထားတဲ့ သဘာဝ ဘေးဒါဏ် ကို ကြိုတင်သိရှိနိုင်တဲ့ အာရုံတွေရှိနေကြတာဖြစ်ပါတယ်။ အချို့သော လေ့လာသူများကတော့ တိရိစ္ဆာန်တွေဟာ လေထုထဲမှ လျှပ်စစ်လှိုင်းများ ပြောင်းလဲလာမှု့၊ မြေကြီးအောက်မှတုန်ခါမှု့၊ ငလျင်မလှုပ်ခင် မြေကြီးထဲမှ ထွက်လာသော အခိုးအငွေ့ တွေကို လူတွေများမသိကြပါဘူး၊ ဒါပေမဲ့ ထိုအဖြစ်အဖြစ်အဖျက် ရှေ့ပြေးနိမိတ် ပြောင်းလည်းမှု့တွေကို တော့တိရိစ္ဆာန်တွေက ကြိုပြီးသိနေကြပြီဖြစ်ပါတယ်။ ဥပမာ - ပြောရမယ်ဆို အနံ့ခံခွေး တွေလိုဘဲဖြစ်ပါတယ်။ လူတွေခံစားလို့ မရတဲ့ အနံ့ကို ခွေးတွေ ခံစားသိရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်ဖတ်ဘူးတဲ့ စာအုပ်တစ်ခုမှာတော့ ခွေးတွေဟာ လူတစ်ယောက် လေဖြတ်ခြင်း၊ ရုတ်တရက် ဦးနှောက်သွေးကြောပြတ် လဲကျခြင်း စသည့် အကြောင်းများ မဖြစ်ဖျက်မှီ မိနစ် ၂ဝ လောက်ကတည်းက သူတို့သိနေကြပြီးဖြစ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ဖျက်မှာကို သိတဲ့ ခွေးလိမ္မာတွေဟာ မိမိရဲ့ သခင်အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန် သာဓက တွေအများကြီးရှိပါတယ်။ တကယ်တော့ ခွေးတွေဒီလိုသိတာ သူတို့ရဲ့ အနံ့ခံ အာရုံကြောင့်သာဖြစ်ပါတယ်။ လူတွေ ဦးနှောက်သွေးကြော မပြတ်ခင် မိနစ် ၂ဝ လောက်ကတည်းက လူခန္ဓာကိုယ်မှ အနံ့တစ်ခုထွက်လာတာကို ခွေးများသိရှိခြင်းကြောင့်ဖြစ်တယ်လို့ ဖတ်ဘူးပါတယ်။
ယနေ့ခေတ် ထွန်းကားနေတဲ့ သိပ္ပံပညာရပ်အနေနှင့်တော့ ငလျင်လှုပ်ခတ်မည်ကို အတိအကျ မပြောနိုင်သေးပါဘူး။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းမှာ ငလျင် လှုပ်ခတ်မှု့ဟာ ပျှမ်းမျှ အကြိမ် ပေါင်း ၅ သိန့်ခန့် ပုံမှန် လှုပ်ပါတယ်။ လှုပ်ခတ်မှု့ မပြင်းတဲ့ အတွက်ကြောင့်သာ လူများ မသိရှိကြတာ ဖြစ်ပါတယ်။ ငလျင်ဒါဏ်ကို အများဆုံး ခံရတဲ့ နိုင်ငံကို ပြောရမယ်ဆိုရင်တော့ နီပွန်း မာစတာကြီးတွေရဲ့ ဂျပန်နိုင်ငံဘဲဖြစ်ပါတယ်။

တိရိစ္ဆာန်တွေ ထဲမှာ တွင်းအောင်း သတ္တဝါတွေက ပိုပြီးသိတယ်လို့ ဆိုကြတယ်။ တရုတ်နိုင်ငံ စီးချွမ်း ငလျင်မလှုပ်ခင် တစ်ပါတ်လောက်ကတည်းက ကြွက်တွေ ထောင်ပေါင်းများစွာ အသိုက်ပြောင်းဖို့ ထွက်လာကြတယ်။ ဖား တွေဆို မြေပြိုမှာကိုလည်း သိရှိပါတယ်။ အခုတော့ သိပ္ပံပညာရှင်တွေကိုယ်တိုင် ထိုအချက်ကို လက်ခံပြီး တိရိစ္ဆာန် တွေ ရဲ့ သဘာဝဘေးအန္တရာယ် ကြိုတင် သိရှိမှု့ကိုများကို ယခင်သိရှိထားတဲ့အချက်များအပြင် ပိုမို၍အတိအကျ သိရှိနိုင်အောင် သုတေသနတွေ ပြုလုပ်နေကြပါတယ်။ သို့ပေမဲ့ ထင်သလောက်တော့ မလွယ်ကူသလို တိကျတဲ့ အဖြေတစ်ခုလဲ မရရှိသေးပါဘူး လို့ ဆိုပါတယ်။

၂ဝဝ၃ ခုနှစ် စက်တင်ဘာလ မှာတော့ ဂျပန်နိုင်ငံက ဆရာဝန်တစ်ယောက်ကတော့ ခွေးများရဲ့ အမူအကျင့်နှင့်ပါတ်သက်ပြီး သာမာန်အချိန်များထက် ဟောင်ခြင်း ကိုက်ခြင်း စသည်များကို ကြည့်ုခြင်းအားဖြင့် ငလျင် ဖြစ်လာနိုင်တာကို ပြောလို့လို့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဖြစ်ရပ်မှန်တစ်ခုကတော့ ၁၉၇၅ခုနှစ်တုန်းက တရုတ်နိုင်ငံ ရှိ လူဦးရေ အယောက်ပေါင်း တစ်သန်းလောက်နေထိုင်တဲ့ Haicheng မြို့ မှာ ၇.၃ ပြင်းအားရှိတဲ့ငလျင်ကြီး မလှုပ်ခင်တစ်ရက်အလိုမှာ မြွေအမြောက်အများ ဟာ ပုန်းအောင်းနေတဲ့ နေရာက အမြောက်အများထွက်လာတာကို ကြည့်ပြီး မြို့နေ ပြည်သူများကို သဘာဝ ကပ်ဆိုတစ်ခုကျရောက်တော့မယ် ဘေးကင်းရာ သို့ ပြောင်းနေဖို့ သတိပေး ကျေငြာချက် ကိုတရားဝင်ထုတ်ပြန်ကျေငြာခဲ့ပါတယ်။ မြို့ခံတွေကတော့ အယုံအကြည်မရှိလို့ မပြောင်းခဲ့တဲ့အတွက် သေဆုံးသူနှင့် ဒါဏ်ရာရသူ စုစုပေါင်းအယောက်ပေါင်း တစ်သိန်းခွဲလောက်ဖြစ်ခဲ့ရပါတယ်။

၂ဝဝ၉ ခုနှစ်တုန်းကလည်း အီတလီနိုင်ငံ L’Aquila မှာ ၆.၃ ပြင်းအားရှိတဲ့ ငလျင်မလှုပ်မှီ ၅ ရက်လောက်ကတည်းက ထွက်လာပြီး အသိုက်ပြောင်း ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ဆုံး လေ့လာသိထားရတာကတော့ တိရိစ္ဆာန် အားလုံးဟာပျှမ်းမျှ ငလျင် သို့မဟုတ် သဘာဝ ဘေးဒါဏ် မကျရောက်ခင် နှစ်ပါတ်လောက်ကတည်းက ကြိုသိနေပြီလို့သိရှိရပါတယ်။



မှတ်ချက် - မြန်မာပြည်က တိရိစ္ဆာန်ကြီးတွေကတော့ ရန်ကုန်မှာ နာဂစ်မုန်တိုင်းဝင်တော့မယ်ဆိုတာ သိတော့ တစ်နှစ်လောက်အလိုကတည်းက လွတ်ရာကို ထွက်ပြေးသွားတာလည်း အားလုံးအသိပါ။ မြေမြိုသေဖို့ ဇာတာ ပါလာလို့လားတော့မပြောတတ်ဘူး သူတို့ပြောင်းပြေတဲ့ နေရာက ကျောက်လွှာနှစ်ခု အားဆိုင်နေတဲ့ ငလျင်ကြောပေါ် ရောက်နေတယ်။

No comments: