Friday, April 1, 2011

လုပ်ဖော်ကိုင်ဘက်မိတ်ဆွေများခင်ဗျာ

လုပ်ဖော်ကိုင်ဘက်မိတ်ဆွေများခင်ဗျာ

ငလျင်နဲ့ ဆူနားမိလှိုင်းဒဏ်ခံခဲ့ရသည့် အီဝါးတဲ့ခရိုင် ရီကုဇဲန်း တာကာဒါမြို့ရှိ ခိုလှုံရေးစခန်းတခုတွင် နေထိုင် နေကြသော ဘေးသင့်သူများရှိရာသို့သွားရောက်ကာ နေ့လယ်စာတနပ် ချက်ပြုတ် လှူဒါန်းရန် စီစဉ်ထားပါ သည်။ တိုကျိုမြို့ အီတားဘားရှိ မြို့နယ် အိုးယာမ တွင်ရှိသော APFS အဖွဲ့နှင့် ဆက်သွယ်ကာ ထိုသို့သွား ရောက် လှူဒါန်းနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

ခိုလှုံရေး စခန်းတွင် နေထိုင်နေကြသူများသည် လျှပ်စစ်မရှိ၊ ဓာတ်ငွေ့ မရှိသောကြောင့် ထမင်းဟင်းပူပူ နွေးနွေးကို စားရခြင်းမရှိ၊ အိုနိဂီရီ ထမင်းလုံးနှင့် ပေါင်မုန့်များ ဘီစကစ်များကိုသာ စားရသည်ဟု APFS မှ တာဝန်ရှိသူတဦးက ပြောပြပါသည်။

ထို့ကြောင့် ထိုအရပ်သို့ ကိုယ်တိုင် သွားရောက်ချက်ပြုတ်ကာ အခက်အခဲတွေ့နေသော ဂျပန်လူမျိုးများ အား မိမိတို့ တတ်နိုင်သရွေ့ ကူညီပံ့ပိုးပေးရန် လိုအပ်နေပါသည်။

မိမိတို့ နေထိုင်နေသော ဂျပန်လူမှုအသိုင်း အ၀ိုင်းအတွက် ကူညီရာလည်း ရောက်ပါသည်။

သွားရောက်မည့်နေရာ ---- အီဝါးတဲ့ခရိုင် ရီကုဇဲန်းတာကာဒါမြို့
သွားရောက်မည့်နေ့ရက် ---- ဧပြီလ ၈ ရက် သောကြာနေ့
ထွက်ခွာမည့်အချိန် -- --- ည ၇း၀၀ နာရီ
စုရပ် ---- တာကာဒါနိုဘားဘားရှိ ပတ္တမြားစားသောက်ဆိုင်

ပြန်ရောက်မည့်နေ့ရက်(ခန့်မှန်း) ---- ဧပြီလ ၉ ရက် ည သန်းခေါင် ၀၀း၀၀ နာရီ
ကျွေးမည့်အစားအစာ ---- ထမင်း နှင့် ကြက်သား အာလူး မုန်လာဥ ဟင်း
ကျွေးမွေးရမည့်လူဦးရေ(ခန့်မှန်း)--- ၅၀၀ အောက် (အတိအကျကို ထပ်မံအသိပေးပါမည်)
လိုအပ်သောလူဦးရေ ----- ယာဉ်မောင်းသူအပါအ၀င် စုစုပေါင်း ၁၀ ဦး
(၅ ဦးမှာ လိုက်ပါလုပ်အားပေးရန်စီစဉ်ပြီးဖြစ်သောကြောင့် နောက်ထပ် ၅ ဦး လိုအပ်ပါသည်)
လုပ်အားအလှူနှင့် ငွေကြေးအလှူပြုလုပ်လိုသူများ ကျနော့်ထံဆက်သွယ်ကြပါခင်ဗျာ။

လေးစားစွာဖြင့်
ကျော်ကျော်စိုး
090-6031-4394

No comments: