Saturday, April 2, 2011

ပိုးစိုးပက်စက် တိုးတက်နေသော မြန်မာ့ ဘောလုံး အားကစား

ပိုးစိုးပက်စက် တိုးတက်နေသော မြန်မာ့ ဘောလုံး အားကစား
Friday, 01 April 2011 06:08
မြန်မာ့အားကစား ကမ္ဘာမှာ ဂွမ်းစေရမည်။ ဆောင်ပုဒ် နှင့်အညီ AFC ဖလား ခြေစစ်ပွဲကို အိမ်ကွင်းမှာ ခေါ်ကန်တဲ့ရ လာဒ်တွေဖြစ်ပါတယ်။ ကြိမ်းသေတာ တစ်ခုကို ပြောပါဆိုရင်တော့ မြန်မာအသင်း ထွက်ရပါပြီ။

ခေတ်ပျက်သူဌေးများ ပါမစ်တွေ ရအောင် ဘောလုံးအကြောင်းပြကာ မြန်မာဘောလုံး လောက တိုးတက်အောင် လုပ်ဆောင်ခြင်းဧ။် ဂုဏ်ယူဖွယ်ရ ရလာဒ်သာဖြစ်ပါတယ်။ တစ်သက်လုံး ဘယ်လိုကန်ကန်ဂိုးပြတ်နဲ့ နိုင်နေကျ ဖစ်လပင်း နဲ့ ဘင်္ဂလားကို ရှုံးခဲ့ရပုံများတော့လား...


မြန်မာ နှင့် ဖီလပင်း ပွဲစဉ်


စစ်အစိုးရ၏မတရားခိုင်းစေမှု့လူမျိုးရေပျက်သုန်းအောင်လုပ်ဆောင်မှု့
ဘောလုံး အားကစားဟာ ကမ္ဘာပေါ်မှာ လူအများဆုံး စိတ်ဝင်စား အားကစားဖြစ်ပါတယ်။ ဒီလိုဘဲ လူသားဖြစ်တဲ့ ကျွန်တော်တို့ ကရင်လူမျိုးတွေလည်း ဘောလုံး အားကစားကို ဝါသနာပါကြသလို ဘောလုံးကန် တကယ်ကောင်းသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့လေ မဟာဗမာ ဝါဒီတွေကတော့ ကရင်လူမျိုးတွေကို နှိပ်ကွက်ခြင်တော့ လက်ရွေးစင်ရွေးမယ် မင်းတို့ နာမည်အရှေ့က (စော) ဗမာလို (မောင်) ဆိုတဲ့ အမည်ကို ဖြုတ်ခိုင်းတယ်။ ဒါက မြန်မာ့ နာမည်ကျော် လက်ရွေးစင်တွေဖြစ်တဲ့ အောင်ကျော်ကျော်တို့ စောဘမြင့်တို့ ခေတ်ကတည်းကပါ။ လက်ရွေးစင်မှာ ပါရမယ်ဆိုတော့ (စော) ဆိုတဲ့ နာမည်ကို ဖြုတ်တဲ့ သူတွေလည်းရှိတာပေါ့လေ။

(စော) ဖြုတ်မှ လက်ရွေးစင်ကန်ရမယ်ဆိုတဲ့ လူပါးဝ မှု့နဲ့ ပါတ်သက်ပြီး ဘောလုံးကန် ကောင်းတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း (စော) မဖြုတ်နိုင်လို့ လက်ရွေးစင် မဖြစ်ခဲ့ရတာ နဲ့ပါတ်သက်ပြီး သူပြောတာကို ပြန်ကြားယောင်မိပါတယ်။ သူ့ ဘောလုံးကန်တာကို သူ့နည်းပြတွေက ကြိုက်တယ် ဒီတော့ လက်ရွေးစင် ပဏာမထဲပါခဲ့တ ယ်။ နောက်ဆုံး လက်ရွေးစင် မရွေးမှီ တစ်ည အလိုမှာ တာဝန်ရှိသူတွေက သူ့ဆီကို လာပြီး မင်းကို လက်ရွေးစင် အဖြစ်ရွေးမယ် ဒါပေမဲ့ မင်းနာမည် အရှေ့က (စော) ဖြုတ်ပေးပါ ဒါမှ မင်းကို လက်ရွေးစင် အဖြစ်ရွေးလို့ ရမှာ ဒါကြောင့် မင်းကို စဉ်းစားဖို့ လာပြောတာ၊ မင်းစဉ်းစားပေါ့ကွာတဲ့ အဖြေကိုတော့ မနက်ဖြန် မနက် သိခြင်တယ်လို့ပြောပြီး လြုပန်သွားကြပါတယ်။ သူလည်းနည်းနည်း တွေဝေသွားတာပေါ့ တစ်ဖက်က နိုင်ငံလက်ရွေးစင် တဖက်ကတော့ ကိုယ့်လူမျိုး ကိုယ်စော်ကားသလို ဖြစ်မဲ့ သဘောဖြစ်နေတော့ စဉ်းစားရခက်တာပေါ့။
မရွေးခြင်နေကွာ (စော) ကိုမဖြုတ်နိုင်ဘူးဆိုတဲ့ ဆုံးဖြစ်ချက်ချက်လိုက်တယ်။ နောက်နေ့ မိုးလင်းတော့ သူအဖြေ သွားပေး လိုက်ပုံကတော့ နိုင်ငံ လက်ရွေးစင် တစ်ယောက်ဖြစ်ဖို့အတွက်ကို ကျွန်တော့(ဘော) ကိုဖြုတ်ဆိုဖြုတ်လိုက်မယ် (စော) ကိုတော့ လုံးဝမဖြုတ်နိုင်ဘူးတဲ့လေ။

နအဖ တိုင်းပြည်ဖျက်နေတဲ့ ခေတ်မှာ ဒီလို အကြောင်းတွေကြောင့် လက်ရွေးကောင်းတွေ ဘေးကန်ထုတ်ခံရသလို ပိုက်ဆံပေးနိုင်လို့ လက်ရွေးစင်ဖြစ်တာကို လူကြီးသားဖြစ်လို့ တွေကလည်း မြန်မာဘောလုံးလောက ကို မှေးမိန်အောင် ဖန်တီးနေခြင်းများသာဖြစ်ပါတယ်။ တစ်ကယ်တော့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိပြီး နည်းစနစ်တကျ သင်ကြားပြုစုပျိုးထောင်ပေးရင် ကမ္ဘာ့ ဘောလုံးလောကကို ရင်ဘောင် တန်းနိုင်သူတွေ အများကြီးပါ။

No comments: