Saturday, April 16, 2011

ဖူကူရှီးမားက ဒုက္ခသည်တွေကို လျော်ကြေးပေးဖို့ ဂျပန်အစိုးရညွှန်ကြား

ဖူကူရှီးမားက ဒုက္ခသည်တွေကို လျော်ကြေးပေးဖို့ ဂျပန်အစိုးရညွှန်ကြား


15 ဧပြီ 2011,

ဂျပန်ငလျင်နဲ့ ဆူနာမီ ဘေးဒဏ်ကြောင့် ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်ပျံ့နှံ့မှု အန္တရာယ် စိုးရိမ်နေရတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေး စက်ရုံ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီဒေသ တ၀ိုက်က တက်ကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရသူတွေကို လျော်ကြေး ပေးဖို့အစီအစဉ် စတင်ပါရန် ဂျပန်အစိုးရက ညွှန်ကြား လိုက်ပါတယ်။

TEPCO ခေါ် တိုကျို လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီကနေ ရွှေ့ပြောင်းခဲ့ကြရသူတွေ အတွက် ရေတို အသုံးစရိတ် ကာမိအောင် လျော်ကြေးငွေတွေ အမြန်ဆုံး ပံ့ပိုး ပေးစေလိုတယ်လို့ ဂျပန် စက်မှုဝန်ကြီးက မနေ့က ပြောဆိုလိုက်ပါတယ်။ TEPCO ကုမ္ပဏီက ကနဦးပေးခဲ့တဲ့ လျော်ကြေးဟာ သိပ်နည်းလွန်းတယ်လို့ ဖူကူရှီးမား ခရိုင်အုပ်ချုပ်ရေးမှူး ယူဟဲအိဆာတိုက အပြစ်တင် လိုက်ပါတယ်။ TEPCO ကရော အစိုးရကပါ ဒုက္ခသည်တွေကို ပံ့ပိုးဖို့ လိုတယ်လို့ ဆိုပါတယ်။

ငလျင်နဲ့ ဆူနာမီ ဘေးမသင့်မီက ဖူကူရှီးမား ဓါတ်အားပေး စက်ရုံရဲ့ ၁၉ မိုင် ၀န်းကျင်မှာ အခြေချ နေထိုင်ကြသူ မိသားစု ၅ သောင်းအတွက် လျော်ကြေးငွေတွေ ပေးရမှာ ဖြစ်ပါတယ်။ မိသားစုတစုကို ဒေါ်လာ ၁ သောင်း ၂ ထောင်စီ ရရှိမှာဖြစ်ပြီး မိသားစုထဲက လူကြီးတွေအတွက် အဲဒီငွေရဲ့ ၇၅% ခံစားခွင့် ရှိမှာဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့က ငလျင်ကြောင့် ဖူကူရှီးမား ဓါတ်အားပေး စက်ရုံရဲ့ အအေးပေးစနစ် ပျက်စီးခဲ့ပြီး ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည် ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင် နေရတာကြောင့် ကျွမ်းကျင်သူတွေ ကြိုးစား ပြင်ဆင်နေကြဆဲ ဖြစ်ပါတယ

No comments: