Friday, April 15, 2011

မတ်လ ၁၁ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ ငလျင်အကြိမ်ပေါင်း ၄၀၀ ကျော် လှုပ်ခဲ့

မတ်လ ၁၁ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ ငလျင်အကြိမ်ပေါင်း ၄၀၀ ကျော် လှုပ်ခဲ့
Posted by admin on April 12, 2011



ဧပြီလ ၁၂ ရက်မနက် ၇း၂၃ နာရီတွင် အင်အား မဂ္ဂနီကျုဒ် ၅.၅ ရှိသော ငလျင် နာဂါနိုခရိုင်တွင်း ဗဟိုပြုလှုပ်ခဲ့သလို၊ ၈း၀၈ မိနစ်တွင် ချီးဘားခရိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလှုပ်ခဲ့သော ငလျင်ဟာ မဂ္ဂနီကျုဒ် ၆.၃ ရှိခဲ့ပါတယ်။ အဲဒီလိုပဲ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းကလည်း အင်အားအတော်အသင့်ပြင်းတဲ့ ငလျင် လှုပ်ခဲ့ပါသေးတယ်။ မတ်လ ၁၁ ရက် နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ပြင်းအား မဂ္ဂနီကျုဒ် ၅ အထက်မှာရှိတဲ့ ငလျင် အကြိမ်ပေါင်း ၄၀၀ ကျော်လှုပ်ခဲ့ပါ တယ်။

အဲဒီလို အကြိမ်ပေါင်းများစွာလှုပ်ခဲ့တဲ့အတွက် စိုးရိမ်စိတ်နဲ့ စိတ်ပျက်အားငယ်မှုတွေ တချို့ဂျပန်တွေမှာလည်း စတင် ပေါ်ပေါက်လာနေပါတယ်။

ဧပြီ ၁၁ ရက်နေ့မှာ ဂျပန်အစိုးရက ဖူကူရှီးမား ဒိုင်းအိချိ အမှတ်တစ် ဓာတ်အားပေးစက်ရုံကနေ အချင်းဝက် ကီလိုမီတာ ၂၀ ကနေ ၃၀ ကြားမှာရှိတဲ့ အရပ်မှာနေထိုင်တဲ့သူတွေ နေအိမ်တွင်းမှာနေကြဖို့ ညွှန်ကြားချက်ထုတ်ထားခဲ့တာကို ထပ် မံတိုးချဲ့မှုပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ကီလိုမီတာ ၃၀ အတွင်းမှာမရှိပေမဲ့လည်း တချို့ဒေသတွေကို ပြောင်း ရွှေ့ထွက်ခွာရန် လိုအပ်တဲ့အရပ်ဒေသတွေ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အကြောင်းပြတာကတော့ အဲဒီအရပ်ဒေ သတွေမှာ ကြာရှည်နေလို့ရှိရင် ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုတွေ တဖြည်းဖြည်းချင်းနဲ့ ခံရမှုများလာတဲ့အခါ လူ့ကျန်း မာရေးကို ထိခိုက်လာနိုင်တဲ့အတွက်လို့ ဆိုပါတယ်။ ဖူကူရှီးမားခရိုင်တွင်းမှာရှိတဲ့ ခတ်ဆုရာအို့၊ နာမိအဲ့၊ အီးအိတာတဲ့၊ ခါဝါ့မာ့တာ့၊ မီနာမီဆိုးမာ့ ဆိုတဲ့ မြို့တွေ ရွာတွေဟာ ကီလိုမီတာ ၃၀ ပြင်ပမှာရှိပေမဲ့လည်း အစိုးရက ထုတ်ပြန်တဲ့ ပြောင်းရွှေ့ဖို့လိုတဲ့ အရပ်ဒေသတွေစာရင်းထဲမှာ ပါဝင်ပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ယုကိအို အဲဒါ့နို က အခြေအနေတွေဟာ တည်ငြိမ်မှုမရှိသေးဘူးဆိုတာကို အတည်ပြုပြော ဆိုလိုက်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်တဲ့အတွက် အဲ ဒီအရပ်ဒေသတွေကို ၀င်ရောက်တာမျိုးမလုပ်ဖို့ ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ညူကလီယားဘေးကင်းရေးဆိုင်ရာ အေဂျင်စီဟာ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံကနေ ရေဒီ ယိုဓာတ်သတ္တိကြွမှု ဒြပ်တွေပျံ့နှံ့မှုပမာဏ များပြားနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေက ဂျပန်အစိုးရကို ဘေးကင်း လုံခြုံရေးအဆင့်ကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်အရ အဆင့် ၅ ကနေ အဆင့် ၇ အထိ တိုးမြှင့်သတ်မှတ်ဖို့ကို စဉ်း စားရမယ့်အခြေအနေ ရောက်စေပါတယ်။ ညူလီယားဆိုင်ရာ အဲဒီအေဂျင်စီက ဒီထုတ်ပြန်ချက်ဟာ ကနဦးလေ့လာ တွေ့ရှိချက်တွေအပေါ် အခြေခံထားတာလို့ ဆိုပါတယ်။

၁၉၇၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Three Miles ညူကလီဓာတ်ပေါင်းဖို မတော်တဆမှုမှာ ဘေးကင်း လုံခြုံရေးအဆင့်ကို ၅ သတ်မှတ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ (အခု ယူကရိန်းနိုင်ငံ) ချာနိုဘိုင်းလ် ညူကလီယားဓာတ် ပေါင်းဖို ပေါက်ကွဲခဲ့တဲ့တုန်းက အဆင့် ၇ သတ်မှတ်ခဲ့ပါတယ်။

No comments: