Thursday, April 14, 2011

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ လက်မခံကြောင်း သွားရောက် ရှင်းလင်းတင်ပြ

Wednesday, April 13, 2011
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ လက်မခံကြောင်း သွားရောက် ရှင်းလင်းတင်ပြ







၂၀၁၁ခုနှစ်၊ ဧပြီလ၊၁၂ရက်။

မတ်လ(၃၀)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား အသိအမှတ် မပြုသည့် ကန့်ကွက်စာကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ နိုင်ငံခြားရေး ၀န်ကြီးရုံးသို့ ယနေ့ သွားရောက် ပေးပို့ခဲ့ပါသည်။

ထိုသို့ သွားရောက် တွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး မစ္စတာ ဟီဒဲယူကီ ယဇမ က လက်ခံ တွေ့ဆုံခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ ဦးသိန်းစိန် ဦးဆောင် အစိုးရ အဖွဲ့သစ်အား ကန့်ကွက်ရသည့် အကြောင်းရင်းများကို ရှင်းပြရာမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော စစ်တပ်မှ အသွင်ပြောင်းလာကြသော အစိုးရဖြစ်တယ်။ လူ့အခွင်းအရေး ချိုးဖေါက်မှုများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်ချုပ်ခံနေရမှုများ ယနေ့ထိတိုင် ရှိနေဆဲဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများကို ယနေ့အချိန်ထိ ဖမ်းဆီး ချုပ်နှောင် ထားဆဲဖြစ်ကြောင်း တိုင်းရင်းသား ဒေသများတွင်လည်း လူမျိုးစု မျိုးဖြုတ်သတ်ဖြတ်မှုတွေ ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ယနေ့တိုင် ပြလုပ်လျက်ရှိကြောင်း စသည် အချက်များကို သွားရောက် ရှင်းလင်း တင်ပြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအား ကန်ကွက်ကြောင်း သဘောထား ကြေညာချက် တစောင် ပေးအပ်ခဲ့ပါသည်။

No comments: