Tuesday, May 24, 2011

ကျောင်းနေရွယ် ကလေး ကျောင်းတက်ရင်း အေးချမ်းဖို့ 

အဝေးကနေ ရောက်လာပြီး ဘာသာစကား အသစ် နယ်မြေ မှာ ကျင်လည်လာတာ တနှစ်တော့ မပြည့်သေးပေမဲ့ အခက်အခဲတွေ ရင်ဆိုင်နေရသော ကလေးငယ်တွေ စိတ်ဓာတ်တွေ မကျစေဖို့  ရည်မှန်းချက်တွေ မပျောက်ဆုံးဖို့ အတွက်ပါ။

လာတုန်းကတော့ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ မမျှော်လင့်ချက်တွေ နဲ့ ပေါ့ ရည်မှန်းချက်တွေ အပြည့်ပေါ့ အနာဂတ် ကောင်းလာမယ်ပေါ့

တတ်တာကလဲ ကရင် စကားပဲ တတ်ခဲ့ ကြတာ အခုတော့ ဘာသာစကားအသစ်တွေ ပြော နိုင်လာပေမဲ့ ကျောင်းတက်ရင်း ကျောင်း ထွက်ရတာတွေ ပြန် တက်နေရတာတွေ

ကျောင်းရောက်ဖို့ အရေး မီးရထားဘူတာရုံ ကို နာရီဝက် နီးပါး စက်ဘီးစီး သွားပြီး ရထားကို တော်တော် ကြာကြာစီးရတဲ့ နေရာ မှာ ကျောင်းသွားတက်ရတာတွေ ..ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျ ပဲ ကိုယ်စရိတ်နဲ့ ကိုယ်ကျောင်းသွားတက်နေတာ ရည်မှန်းချက်တွေ မပျောက်နိုင်အောင်ကြိုးစားရင်းပေါ့...

ငယ်ရွယ်လွန်းတဲ့ ကလေးအတွက်တော့ ကျောင်းသွားရတာ ခက်ခဲလွန်းလို့ ကျောင်းတောင်ထွက်လိုက်ရတာလဲ ရှိနေတော့ တဖြည်းဖြည်းပြန် အဆင်ပြေနိုင်ပါစေ...

ဒါတွေ ဖြစ်နေတာ ဂျပန်မှာ ရှိတဲ့ ကရင်တွေ လေထိုးလေရာနေလို့  ဒီလိုတွေ ဖြစ်နေတာ

ဘာပဲဖြစ်ဖြစ် ကရင်ကို ကရင်တွေ သိပ်မကူညီနိုင်တော့ အသေအချာပဲပေါ့

ဒီအကြောင်းအရာ ကို ရေးရတာ တိုက်ရိုက်ရေးလို့  မကောင်းသေးလို့  ဖတ်ရတာ ဘာရေးမှန်းမသိတာဖြစ်မှာသိပေမဲ့...

နောက်ရောက်လာမဲ့ ကလေးတွေ အနာဂတ် ဝေဝေ ဝါးဝါး မဖြစ်ဖို့ အတွက် ရေးရတာပါ...

မိသားစုနဲ့  ကလေးတွေ ပါလာရင် အခက်အခဲတွေ ကို ကြိုသိစေချင်လို့ ရေးရတာပါ။

ဘာပဲဖြစ်ဖြစ် ဘယ်သူမပြု မိမိ မှု မဟုတ်ပေဘူးလား...

နယ်စပ်ကလာသူ ကရင် ကလေးငယ်တိုင်း အခက်အခဲများကို ဖြတ်သန်းရင်း ရည်မှန်းချက်ပြည့်ဝနိုင်ကြပါစေ...

No comments: