Friday, May 27, 2011

ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ

ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ

အီးမေးဖြင့်ပေးပို့ လာသော ဆောင်းပါရှင် မန်းအာကာထက် အားအထူးကျေးဇူးတင်ပါသည်။

“ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်” - ( ပြည်တွင်းကရင်များ)

ဆောင်းပါး- မန်းအာကာထက်

ဒီရက်ပိုင်းအတွင်း ဗမာဖက်ဆစ်အစိုးရကိုဖါးပြီး ကရင်သန်းကြွယ်သူဌေးဖြစ်လာတဲ့ ဦးစောပလာတူးနဲ့ ကရင်လူမျိုးကိုချစ်မြတ်နိုးတဲ့ ပြည်တွင်းနေကရင်ခေါင်းဆောင်များက ဗမာဖက်ဆစ်အစိုးရ နဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအင်န်ယူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိစ္စအကြောင်း ပြောဆိုဆွေးနွေး တဲ့ မှတ်တမ်းဗွီဒီယိုခွေတွေကို သတင်းစာမျက်နှာတွေပေါ်မှာတွေ့ လိုက်ရတယ်။
တကယ်တော့ကရင်အမျိုးသားအစည်းအရုံးကေအင်န်ယူ နဲ့  ဗမာဖက်ဆစ်အစိုးတို့ငြိမ်းချမ်းရေးဆွေး နွေးဖို့ ကိစ္စကို ကျနော်နယ်စပ်မှာနေစဉ်ကတည်းက ကြားခဲ့၊ သိခဲ့ မြင်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုံးက ဦးစောပလာတူးတို့  ဒေါက်တာစိုင်းမွန်သါတို့  တီးမသေတို့ တင်မကပါဘူး။ ပြည်တွင်းမှာနေတဲ့ နယ်မြေခံ၊
ဒေသခံကရင်လူမျိုးတွေရဲ့  လေးစားခံရ၊အထင်ကရ ဘာသာရေးခေါင်းဆောင်တွေကအစ ဗမာဖက်ဆစ်အ စိုးရရဲ့ အလိုတော်ကျ ငြိမ်းချမ်းရေးကိုယ်စားလှယ်(ပွဲစား)တွေခြေချင်းလိမ်နေကြပါတယ်။

အခုဒီဆွေးနွေးပွဲမှတ်တမ်းထဲက ဦးစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ လှုပ်ရှားမှု (လုပ်စား) မရှိခင် အရင်ရှေးကျတဲ့ပွဲစားတို့ ရဲ့ လှုပ်ရှားမှုဖြစ်ရပ်တခုကို ဒီနေရာမှာအလျဉ်းသင့်လို့  ပြန်လည်ဝေငှချင်ပါတယ်။ အဲဒီတုံးက ဗမာထောက်လှန်းရေးအကြီးအကဲဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဘုန်းမီးတောက်တဲ့အချိန်၊သူရဲ့ အစီအစဉ် နဲ့  ပြည်တွင်းက အထင်ကရ ကရင်ဘာသာရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အ ဖြစ် ကေအင်န်ယူထံကို လွတ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကရင်အမျိုးသား စည်းလုံးညီ ညွတ်ရေးနှီးနှောဖလှယ်ပွဲနဲ့ လည်း တိုက်ဆိုင်တော့(တမင်ရည်ရွယ်ပြီး အဲဒီအချိန်ကိုရွေးပြီး ကိုယ်စား လှယ်လွတ် လာတာလည်းဖြစ်နိုင်)နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းတွေအပါအ၀င် ၊ ကရင်အဖွဲ့ ကိုယ်စားလှယ်တွေ စုံစုံလင်လင်တက်ရောက်လာကြတယ်။ အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိုယ်စား လှယ်တို့ ရဲ့ အာ ဘော်အရ ကေအင်န်ယူ အဖွဲ့ အနေနဲ့ လိုချင်တာကိုသာပြော အတတ်နိုင်ဆုံးဆွေးနွေးပေးမှာဖြစ်ကြောင်း၊ ကေအင်န်ယူနှင့်ဒီကေဘီအေတို့  ပူပေါင်းပြီး လာမည့်နှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ကေါ့ကရိတ်မြို့ မှာ ကရင်ပြည်သူလူထုများနဲ့ အတူတကွပါဝင်ဆင်နွဲနိုင်အောင် ငှင်းတို့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ် ကြောင်း ယခုဆွေးနွေးသည့်အကြောင်းအရာများကို ဗိုလ်ချုပ်ခင်ညွန့် ထံ အကုန်ပြန်လည် အစီရင်ခံပေးမှာ ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်နဲ့ တင်ပြဆွေးနွေးသွားတယ်။
ဒါပေမဲ့  သူတို့ ပြည်တွင်းကိုပြန်သွားပြီးမကြာခင်မှာဘဲ ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါ တွေ အစွယ်ရိုက်ချိုးခြင်းခံလိုက်ရတော့ လာပြောသမျှစကားတွေလည်း ဘာမှအရာမ၀င်ဖြစ်သွားတယ်။ နှီးနှောဖ လှယ်ပွဲမှာ လာရောက်သွားတဲ့ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေလည်း အနည်းနဲ့ အများတော့ သင်ခန်းစာရ ကြမယ်ထင်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာသူတို့ လာ တုံးက တိုက်ဆိုင်မှုတခုကိုလည်း ခုထိကျနော်မှတ်မိနေ သေးတယ်။အဲဒီနှီးနှောဖလှယ်ပွဲမှာရောက်တဲ့ နိုင်ငံခြားက ကရင်ကိုယ်စားလှယ် အကိုကြီးတယောက်ပါ (နာမည်မမှတ်မိတော့) ပြည်တွင်းကငြိမ်းကိုယ်စားလှယ်တွေက ဗမာစစ်ဗိုလ်ချုပ်အယုံသွင်းခြင်းကိုခံလိုက်ရပြီး နှီးနှောဖလှယ်ပွဲမှာ မက်လုံးစကားတွေအများကြီး ပြောလာတော့ သူကမေးခွန်းထုတ်လိုက်တာပါ။
“ဗမာတွေက သူတို့ အာဏာရှိတဲ့အချိန်ဆို တမျိုးပြောတယ် ကျနော်တို့ ကရင်တွေကို အပေါ်စီးကနေ ဆက်ဆံတယ်….ကလိမ်ကကျစ် အကြမ်းဖက်တဲ့နည်းနဲ့ တိုက်တယ်…. တိုက်လို့ မရရင်မက်လုံး တွေပေးပြီး စည်းရုံးတယ်…ဂတိတွေလည်းအမျိုးမျိုးပေးတယ်…နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူး…အချိန်မရွေး ဖြုတ်ထုတ်သတ်ခံရနိုင်တယ် …နမူနာအရ ဗမာဝန်ကြီးချုပ်ဦးနုက ကရင်တွေတိုင်းပြည်လိုချင်ရင်တိုက်ယူလို့ ပြောသွားတယ်…ဒါပေမဲ့  သူရာထူးပြုတ်တဲ့အခါကျတော့ ကရင်နယ်မြေဆီကို ထွက်ပြေးလာရတယ်….အခုလဲ ဗမာစစ်ဗိုလ်ချုပ် ခင်ညွန့် က ဂတိတွေအမျိုးမျိုးပေးနေတယ် တဖက်မှာလည်းကရင်တွေကိုနည်းအမျိုးမျိုးနဲ့  ညှဉ်းပန်းနှိပ်စက် တယ်…တနေ့ ကျရင် ဗမာအချင်းချင်း ဖြုတ်ထုတ်သတ်တဲ့ပွဲထဲပါသွားရင် သူလည်းကျနော်တို့ ကရင်တွေ ဆီမပြေးလာနိုင်ဘူးလို့ မပြောနိုင်ဘူး”တဲ့
ဒါလည်းမဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး…သန်းရွေသါ ခင်ညွန့် ကို အကျယ်ချုပ်မထားဘဲ ရာထူး ဘဲဖြုတ်ထားရင် အထက်က နိုင်ငံခြားက ကိုယ်စားလှယ်ပြောသလို ကရင်တွေဆီမပြေးလာနိုင်ဘူး လို့ ပြော လို့ မရဘူး။ မယုံရင် ခင်ညွန့် ကို အခု အိမ်အကျယ်ချုပ်ကနေလွှတ်ကြည့်ပါလား……
ထားးပါတော့ ဒါကဟိုးလွန်ခဲ့ တဲ့ ခင်ညွန့် ရာထူးမပြုတ်ခင်က အနေအထားပါ။
……………………………………………………………………………………………………………
အခုပြောချင်တာကစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ မှတ် တမ်း ဗွီဒီယိုခွေနဲ့ ပတ်သက်တာပါ။ အရင်ဆုံးပြောချင်တာက ကရင်လူမျိုးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စပါ။ ကရင် လူမျိုးတို့ ရဲ့ ပင်ကိုယ်စရိုက်က ငြိမ်းချမ်းရေးကို အလွန်ချစ်မြတ်နိုးတဲ့လူမျိုးတမျိုးပါ။ ကရင်တွေ အေးဆေး နေချင်လို့ ….လူတွေရှုတ်တဲ့နေရာမှာမနေချင်လို့ …လူရှုတ်တွေကိုရှောင်ရင်းနဲ့ ..ယနေ့ လက်ရှိကရင်လူမျိုး တွေရဲ့  နေရပ်ဌာနေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။ တဖက်ကလည်း ခေတ်အဆက်ဆက် အာဏာရတဲ့ လူမျိုးတွေရဲ့ အနိုင်ကျင့်မှုကိုမခံနိုင်တော့လို့ ရှောင်တာလည်းပါတယ်။ကျနော်တို့  ဘိုးစဉ်ဘောင်ဆက်က မြန်မာပြည်အနှံ့ ၊ထိုင်းနိုင်ငံ မှာလည်း ချစ်မိုင်ဒေသ အပါအ၀င် နေရာအနှံ့  မှာ နေထိုင်ခဲ့ဘူးတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်းသိမှာပါ။
ကရင်ပြည်ကိုစတင်တောင်းဆိုတဲ့အချိန်တုံးကလည်း
ငြိမ်းချမ်းစွာဆန္ဒပြီးတော့တောင်းဆိုတယ်…ဗမာတွေကမပေးချင်လို့ အကြမ်းနည်းနဲ့ ဖြိုခွဲတော့ ကရင်တွေက ကိုယ့်အသက်အိုးအိမ်ကိုကါကွယ်တဲ့အနေနဲ့  ရရာလက်နဲ့ ဆွဲကိုင်ပြီးတော့ ပြန်လည်တိုက်ခိုက်ရတာပါ။ အဲဒီ အချိန်ကစပြီးယနေ့ အထိ ကျနော်တို့ ကရင်တွေ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ အဆင်သင့်အနေအထား မှာ အမြဲတမ်းရှိတယ်။
နောက်တခုကတော့ ဗမာလူမျိုးနဲ့ မြန်မာပြည်သမိုင်းကိုလည်းကျနော်တို့ ပြန်လည်လေ့ လာဖို့ လိုတယ်။ မြန်မာပြည်သမိုင်းတင်တဲ့အချိန်ကစ…ပဒေသရာဇ်ခေတ်အဆက်ဆက်မှာ နန်းတွင်း ပုန် ကန်မှုတွေ..အချင်းချင်းလုပ်ကြံသတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်။ ဆိုလိုတာက ဗမာ လူမျိုးတွေဟာ သူတို့ အချင်းချင်းတွေတောင်မှ သစ္စာရှိကြတဲ့လူမျိုးမဟုတ်ဘူး။အရင်ဦးတဲ့သူအနိုင်ယူကြေး ဘဲ…ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုကိုကြည့်မလား၊ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းမှု၊ ဗိုလ်ချုပ်ခင်ညွန့် နဲ့  အပေါင်းပါများ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဗမာလူမျိုးတွေရဲ့  ထင်ရှားတဲ့စရိုက်သါဓက တွေဘဲဖြစ်တယ်။ ဗမာလူမျိုးတွေရဲ့ အတွင်းစိတ်သဏ္ဍန်အကြောင်းတွေ ပြောရင်တော့ကုန်မှာမဟုတ်ဘူး.. ဗမာတွေအချင်း ချင်းတောင် အဝေမတည့်ဘဲနဲ့  အခြားဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးခေါ်ပြီး နယ်မြေခွဲ
ဝေပေးမယ်ဆိုတာ အိပ်မက်တောင် သွားမမက်လိုက်ပါနဲ့ ….
ဒါကိုသိသိရင်းနဲ့  ဦးစောပလာတူးနဲ့ အဖွဲ့ က ဘာဖြစ်လို့ ငြိမ်းချမ်းရေးကိစ္စကို ဇွတ်အ တင်းလုပ်နေရတာလဲ….ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေပြီး ငှင်းတို့ ဆီက စီးပွါးရေးအခွင့် အရေးမြိုး မြိုးမြက်မြက်ရတာလောက်နဲ့  ကိုယ့်ကိုယ်ကို ဟုတ်လောက်ပြီလို့ ထင်နေကြတယ်။…
ဆွေးနွေးပွဲမှတ်တမ်းခွေထဲက တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ စကားအသွား အလာအရ….“ကေအင်န်ယူအဖွဲ့ ဟာစည်းလုံးညီညွတ်မှုမရှိဘူး”လို့ လည်းသုံးသပ်ကြတယ်။
ဒါဆို…ကိုယ့်ကိုယ်ကို ကရင်လူမျိုးကိုချစ်တဲ့ကရင်တယောက်အနေနဲ့  ကရင်တမျိုးသားလုံးအတွက် အသက် ..သွေး…ချွေး တွေပေးဆပ်နေတဲ့ ကေအင်န်ယူအဖွဲ့ အစည်းကို စည်းလုံးညီညွတ်မှုရှိအောင် ၀ိုင်းဝန်းညှိနှိုင်း ပေးရမဲ့တာဝန်မရှိဘူးလား…ဒီတာဝန်ကို မသိတဲ့အပြင်…မလုပ်တဲ့အပြင်…ကိုယ့်ရဲ့ အမျိုးသားတော်လှန်ရေး အဖွဲ့ ကို မရမကဖက်ထုတ်သေးတယ်…
နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ပနိုင်ငံတခုခုမှာလဲမလုပ်၊ သတင်းထုတ်ပြန် ကြေငြာချက်တွေလည်းမဟုတ်ဘူးဆိုတော့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်ဟာ သူခိုးကျပိုးလိုမျိုး အိမ်နောက်ဖေး အပေါက်ကနေ၀င်ပြီး ကေအင်န်ယူကိုဖက်ထုတ်ဖို့ ကြိုးစားနေတဲ့ ကလိမ်ကကျစ်လုပ်ရပ်သါဖြစ်ပါတယ်။ တဖက်လူက လိမ်လို့  လိမ်မှန်းမသိတာလား…သိသိရင်းနဲ့ မိမိကိုယ်ကျိုးအတွက် ကိုယ့်အမျိုးသားကို လက် ညိုးထိုးရောင်းစားချင်တာလား ဆိုတာ…ကိုယ့်ကိုယ်ကိုဘဲပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။
ဦးစောပလာတူးရဲ့ ပြောစကားအရ ကရင်လူမျိုးတို့ ရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို သူတယောက်ဘဲအသိဆုံးသူဘဲကယ်တယ်ပေးဖို့အစွမ်းဆောင်နိုင်ဆုံးလူပုဂ္ဂိုလ်ဖြစ်သလိုလို….ဒီနေရာမှာ လည်း အကြောင်းတိုက်ဆိုင်လို့  တခုလောက်ထပ်ပြောချင်သေးတယ်….2003 ခုနှစ် ကရင်နှီးနှောဖ လှယ်ပွဲကပါ ..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်…“ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်”လို့ ဆိုပြီး ယောက်ျားတန်မဲ့ …ရင်တွေဆို့ တက်လာပြီး မျက်ရည်တွေလည်း ပေါက်ပေါက်ကျ
ခဲ့တယ်….ဆိုလိုတာက ဗမာလူမျိုးတွေရဲ့ လက်အောက်မှာနေနေရတဲ့ ကရင်လူမျိုးတွေ ဘယ်လောက် ထိဖိနှိပ်မှုခံရသလဲဆိုတာ ကရင်လူမျိုးတွေဘဲသိပါတယ်…နောက်တခုက ဗမာတွေက ဘယ်လောက်ဘဲငြိမ်း ချမ်းရေးစကားဆိုဆို သူတို့ ရဲ့ ပင်ကိုယ်စရိုက် ကောက်ကျစ်တဲ့အကျင့်တွေကြောင့် ဘယ်တော့မှ ငြိမ်းချမ်း ရေးအစစ်အမှန်မဖြစ်နိုင်ဘူးဆိုတာလဲ..သိနေလို့ ပါ။
………………………………………………….
အခုတော့ ဦးစောပလာတူး၊ ဒေါက်တာစိုင်းမွန်သာ နဲ့ တီးမသေတို့ ရဲ့ ကျေးဇူးတော် ကြောင့် အဖူ့ ထိန်မောင်လည်းသမိုင်းကွေးသွားပါပြီ….နောင်တတွေလည်းတပွေ့ တပိုက်ကြီးရသွားတယ် ….တကယ်တော့ မြန်မာပြည်တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးလောကမှာ အချို့ တိုင်းရင်း သားအင်အားစုတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုနဲ့ ပြည်တွင်းပြည်ပနေ ငှင်းတို့ ရဲ့ မြေ ပေါ်မြေအောက်ပြည်သူ့ အမျိုးသားရေးအင်သားစုတွေနဲ့ ဟန်ချက်ညီညီပိရိစွာနဲ့ အမျိုးသားရေးကို ဆက် သွယ်လုပ်ဆောင်ကြတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကျတော့ ဟန်ချက်ညီညီမလုပ်ဆောင် တဲ့အပြင် ကိုယ့်အမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကို ပေါ်တင်ကြီး ခွဲပြစ်ဖို့ ကြိုးစားတာ အလွန်ဝမ်းနည်းစရာ ကောင်းတဲ့လုပ်ရပ်ပါ။ နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း(ယခင်ဒီကေဘီအေ နဲ့ ကေအင်န် ယူတို့ ဖြစ်တဲ့တိုက်ပွဲတွေ)ဖြစ်တဲ့ပြသနာတွေကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင်မရှိသလောက် ဖြစ်နေတာလဲ အဖြေရှာရခက်တဲ့ မေးခွန်းတခုပါ။
သမိုင်းအဆက်ဆက်မှာလည်း နောင်တရသွားတဲ့အမျိုးသားသစ္စာဖေါက်တွေ အမြောက် အများရှိခဲ့ပြီးပြီ….ကျနော်တို့ ကရင်လူမျိုးတွေအတွက်လည်း သင်ခန်းစာတွေတထမ်းတပိုးကြီး ရသွားပါပြီ ….ရှေ့ ဆက်ပြီးလဲ ဘာသင်ခန်းစာတွေ ဆက်ရကြအုံးမလဲ…….

မန်းအာကါထက်
25/06/2011.
www.karentimes.blogspot.com

No comments: