Wednesday, May 25, 2011

(၅၃)ကြိမ်မြောက်၊ သျှမ်းတော်လှန်ရေးနေ့ကို ပထမဆုံးအကြိမ် မလေးရှားတွင် ကျင်းပပြီးစီး

၅၃-ကြိမ်မြောက် မလေးရှား သျှမ်းတော်လှန်ရေးနေ့မှ SRO ဥက္ကဋ္ဌ စိုင်းခမ်းနွမ်၏ အဖွင့်မိန့်ခွန်း

Friday, May 20, 2011


၂၁-၀၅-၂၀၁၁။ ကဒေါင်ဆွေ(ကိုးဒီသွေး)



(၅၃)ကြိမ်မြောက်၊ သျှမ်းတော်လှန်ရေးနေ့ကို ဒီကနေ့ ၂၁-၀၅-၂၀၁၁နေ့၊ မနက်(၁၀း၃၀)အချိန်
တွင် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ရှိ COBEM ရုံး ဟောခန်းတွင် ကျင်းပပြီးစီးသွားပြီ ဖြစ်သည်။

၎င်းအခမ်းအနားတွင် တိုင်းရင်းသားများအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ သျှမ်းအမျိုးသား အမျိုး
သမီးများ စုံညီစွာတက်ရောက်ကြပြီး သျှမ်းဒုက္ခသည်အဖွဲ့အစည်း ဥက္ကဋ္ဌ စိုင်းခမ်းနွမ်က အဖွင့်အမှာ
စကားနှင့် သျှမ်းတော်လှန်ရေးနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပါ ပြောကြားသွားပါသည်။

'' အခု ကျင်းပတဲ့ ၅၃ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ဟာ မလေးရှားနိုင်ငံမှာ ပထမဦးဆုံး
ကျင်းပတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၅၃)နှစ်က သျှမ်းပြည်နယ်က်ုလာရောက်ကျူးကျော်သိမ်းပိုက်
ဖျက်ဆီးခဲ့တဲ့ ဗမာစစ်တပ်ကို တော်လှန်ဖို့အစပြုခဲ့တဲ့နေ့ကို အထိမ်းအမှတ်အဖြစ် ပြန်လည်
အောက်မေ့သတိရဖို့အတွက် ဒီနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်။ ကျွန်တော်တို့ သျှမ်း
လူမျိုးများအတွက် မေ့ပစ်လို့မရတဲ့ ဒီသမိုင်းဝင်နေ့တစ်နေ့ဖြစ်တဲ့ တော်လှန်ရေးနေ့ကို ဒီကနေ့
ကစပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းအားဖြင့် မလေးရှားနိုင်ငံမှာရှိတဲ့ သျှမ်းမျိုးချစ်တွေကလည်း လွန်
ခဲ့တဲ့(၅၃)နှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်လည်အောက်မေ့သတိရခြင်းနဲ့ မျိုးချစ်စိတ်
ဓါတ်ရှင်သန်နေဖို့ရန် ရည်ရွယ်ပါတယ်'' ဆိုပြီး ဥက္ကဋ္ဌ စိုင်းခမ်းနွမ်က ပြောကြားသွားပါတယ်။

ဆက်လက်၍MKO ဥက္ကဋ္ဌ အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်အသီးသီးမှ အမှာစကားပြောကြ
ပြီး သျှမ်းတော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သျှမ်းဘာသာစကားဖြင့်လည်းကောင်း၊
ကဗျာဆရာ စိုင်းရွှေလှမှ တော်လှန်ရေးကဗျာကိုလည်းကောင်းရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်း
ခဲ့ပါသည်။

No comments: