Wednesday, August 10, 2011

ကရင်လူမျိုးတို့၏ မိခင်နှင့်ဖခင်အနွယ်ဝင် တာဝန်ဝတ္တရား(၄)ရပ်

ြ မေါဝ်.ထ်ါလီ.ခ၀့်၊ ဖါ.ထ်ါလီစါင် ဋ္ဋဋ္ဋ ဆိုတဲ့ စကားကတော့-
ကျွန်တော်တို့ကရင်လူမျိုးရဲ့ မိခင်အနွယ်ဝင် တာဝန်(၄)ရပ်နဲ့ ဖခင်အနွယ်ဝင်တာဝန် (၄)ရပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကိုရှေးပဝေသဏီကတည်းက သတ်မှတ်ထားရှိခဲ့တာ ဖြစ်ပြီး မျက်မှောက်ကာလနဲ့ ဥပမာပြောရရင် လင်ဝတ္တရား(၅)ပါးနဲ့ မယားဝတ္တရား(၅) ပါးကို ဆိုလိုသလိုမျိုးပါ။

မေါဝ်.ထ်ါလီ.ခ၀့် (မိခင်အနွယ်ဝင်) တာဝန်(၄)ရပ်ကတော့-

၁။ ဆ်္ဘုံးဆ်္ဘုါ……. အလှူအဒါန်း။
သက်ကြီးရွယ်အိုများ၊မိဘဆရာသမားများကို ပြီးပြည့်စုံသော
လှူဒါန်းခြင်း အမှုကို သိရှိနားလည်ရမည့် တာဝန်ဝတ္တရား တစ်ပါးပါ။

၂။ ထုရူ့မုင်.္ဘျာ…. ရိုးရာဓလေ့။
ကရင့်ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို သိတတ် နားလည်ပြီး ထိန်းသိမ်းစောင့်ရှောက်ရုံသာမက ဖေါ်ထုတ် မြင့်တင်နိုင်ရမည်။

၃။ ဆ်ုကံင်ဆ်ုသိုဝ်… ၀တ်စားဆင်ယင်မှု။
ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို အစဉ်သဖြင့် ထိန်းသိမ်း
ဝတ်ဆင်ပြီး ခေတ်နှင့်အညီ ရာသီအလိုက် ယက်လုပ် တတ်ရမည်။

၎။ တာခေါဟ်တာခႜါင်… တေးကဗျာ၊ တေးသီချင်း။
ရိုးရာတေးသွားနှင့် ဂန္တ၀င် ထား၊ကဗျာ၊ အလင်္ကာများကို သီ
ကုံး ဖွဲ့နွဲ့သီဆိုတတ်ပြီး မျိုးဆက်သစ်များအထိ လက်ဆင့်
ကမ်းသယ်ဆောင်ပေးရမည်။

ဖါ.ထ်ါလီ.စါင်(ဖခင်အနွယ်ဝင်) တာဝန်(၄)ရပ်ကတော့-

၁။ စူးလင်ခင်းဖိုဝ်း….. အမွေအနှစ်။
မိဘဘိုးဘွားများ ပိုင်ဆိုင်တဲ့ လယ်ယာ၊ ခြံမြေ၊ ဥယျာဉ် စသော အမွေအနှစ်များကို ရှေးလူကြီးများအတိုင်း ထိန်းသိမ်း စောင့်ရှောက်တတ်ရမည်။

၂။ ဆ်ုသံင့်ဆ်ုသင့်……. မူဝါဒ၊ နည်းဗျူဟာ။
သားသမီးများအတွက်သော်လည်းကောင်း၊မိမိလူမျိုးအတွက်
သော်လည်းကောင်း၊ နည်းလမ်းကောင်းများနှင့် မူဝါဒဆိုင်ရာ
အဆိုအမိန်းများကို သွန်သင်ဆုံးမ ထုတ်ပြန်တတ်ရမည်။

၃။ ဆ်ုပိုင်ဆ်ုပႜာ…… စီမံ၊ကွပ်ကဲခြင်း။
အစိုးရသော နည်းလမ်းကောင်းများကို စီမံကွပ်ကဲနိုင်ရမည်။

၎။ ခ်ုဝုင်.ပ်ုဍင်….. စောင့်ရှောက်ကာကွယ်ခြင်း။
ဆွေမျိုးညှာတကာများနှင့် သားသမီးတို့၏ လုံခြုံရေးနှင့် ပတ်သက်၍ ကျရောက်လာနိုင်သော ဘေးရန်အသီးသီးကို ကာကွယ်စောင့်ရှောက်နိုင်ရမည်။

No comments: