Sunday, August 7, 2011

ဟီရိုရှီးမား အဏုမြူ ဗုံးဒဏ် ၆၆ နှစ်ပြည့် (A look Back)Japan commemorates Hiroshima victims

Aug. 6 - Japan holds a memorial ceremony for the estimated 140,000 people who were killed by the atomic bombing of Hiroshima on the 66th anniversary of the attack. Simon Hanna reports. ( Transcript )






ဟီရိုးရှီးမား အဏုမြူဗုံးဒဏ် ခံရခြင်း ၆၆ နှစ် ပြည့် ကို ဟီရိုရှီးမား မြို့  ရှိ ငြိမ်းချမ်းရေး ပန်းခြံတွင် ကျင်းပရာ ဂျပန် ၀န်ကြီးချုပ်က ခိုဖြူများ လွှတ်ပေး နေစဉ်
၁၉၆၅ ခုနှစ် ၊ သြဂုတ်လ (၆)ရက်
ဂျပန်ပြည် ဟီရိုရှီးမားမြို့

သာယာလှပသော နံနက်ခင်းလေးသည် ပုံမှန်အတိုင်း ကျောင်းသွား၊ရုံးသွား ၊ လုပ်ငန်းခွင် ၀င်သူများ နှင့်
အသက်ဝင်လျက်ရှိနေသည်။ မကြာမီ အမေရိကန်လေ ယဉ်တစ်စီး ကောင်းကင်ယံတွင်ပေါ်လာသဖြင့်
လေကြောင်းရန်ကာကွယ်ရေး ဥသြ သံများ ဆူပွက်ကာ လမ်းမရှိလူများ ၀ရုန်းသုန်းကားဖြင့် ဗုံးခိုကျင်းများ
ရှိရာသို့ အလု အယက် ပြေးခိုကြ။သို့ရာတွင် အချိန်အတော်ကြာသည်အထိ ထူးခြားမှု မရှိသလို လေယဉ်
သည်လည်း အဝေးသို့ ပျံထွက်သွားလေပြီ။ အားလုံး ပြုံးရွှင်စွာဖြင့် လုပ်ငန်း ခွင် ကိုယ်စီပြန်ဝင်ရန် ပြင်
ဆင်နေကြလေပြီ။

ငြိမ်းချမ်းရေး
ဖေ ဖေ့ ကို ပြန် လျှော် ပေး
မေ မေ့ ကို ပြန်လျှော် ပေး
သူငယ်ချင်း တွေ ကို ပြန်လျှော်ပေးကမ္ဘာ ကြီး ငြိမ်းချမ်းပါစေ……..။

ဗုံးဒဏ်ကြောင့် သြဂုတ်လ ၁၁ ရက်မှာ သေဆုံးခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ဂျပန် ကလေးငယ်ရဲ့ နောက်ဆုံး ရေးခဲ့တဲ့ ငြိမ်းချမ်းရေး အမည်ရှိ ကဗျာအားဂျပန် ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြခြင်း ဖြစ်သည်။ အဆိုပါကဗျာသည် ဟီရိုရှီးမာ ဒုတိယ ကမ္ဘာစစ် အမှတ်တရ ပြတိုက်တွင် ထားရှိသည်။

သို့သော် သူတို့ မသိလိုက်သော အချက်ကား ဟီရိုရှီးမား ကောင်းကင်ယံတွင် ၀ဲပျံ နေခဲ့သော ဘီ၂၉ လေယဉ်သည် ရာသီဥတု တိုင်းတာသော ကင်းထောက် လေယဉ်ဖြစ်ကာ ဟီရိုရှီးမားတွင် ယနေ့သည် အထူးရာသီဥတု ကောင်းမွန်နေပြီး ဗုံးကြဲချရန် အထူးသင့်တော်ကြောင်း အနုမြူဗုံး သယ်ဆောင် လာသော အီနိုလာဂေး အမည်ရှိ လေယဉ်သို့ လှမ်း၍ မီးစိမ်းပြလိုက်သော အချက်ပင် ဖြစ်ပါသည်။

ဟီရိုးရှီမားမြို့အား အမေရိကန် လေတပ်မတော်က အဏုမြုဗုံးကြဲချပြီးနောက် ဝေဟင်မှ တွေ့ ရစဉ်

ဤအချက်ကြောင့်ပင် ကောင်းကင်ယံမှ Little Boy ဟု အမည်ပေးထားသည့် လေးတန် လေးသော သေမင်းတမန် အနုမြူဗုံးကြီး ကျလာ ချိန်တွင် အထူးအဆန်း ကြည့်ကောင်းကောင်းနှင့် ကြည့်နေ မိသော သူများ အများကြီး များကာ တိုက်ရိုက် သေဆုံးသူများ အထူးများပြား ခဲ့ခြင်းပင် ။ တိုက်ရိုက် သေဆုံးသူပေါင်း ၈၀၀၀၀ ခန့်အထိရှိကာ မြို့၏ ၈၀% ခန့်မှာ ပြားပြားဝတ် ပျက်ဆီးခဲ့ရလေသည်။

အနုမြူဗုံး ကျရာနေရာမှ ကီလိုမီတာ ၂၅၀ ဝေးသော နေရာတစ်ခုမှ ငလျင်ဒါဏ်ခံအောင် ဆောက်ထားသော ဘဏ်တစ်ခုအတွင်း ရောက်နေ၍ အသက်ဘေး လွတ်မြောက်လာရသူ တစ်ဦးက ဤသို့ဆိုပါသည်။

“သေမင်းတမာန်မြို့တော် ဆိုတဲ့စကားလုံးက မတွေးပဲ ရောက်လာတယ်။ ဘယ်နေရာရာ ကြည့်ကြည့် လူသေ
တွေချည့်ပဲ။ လှုပ်ရမ်း နေတာတောင် မရှိဘူး။ ကိုယ့်ကိုကိုယ် အသက်ရှင်နေတဲ့ ၀ိဥာဉ်တွေလားလို့ အထင်မှား လာမိတယ်။ သူတို့ ဟာ မီးလောင်ကျွမ်း ခံရပြီး ချက်ခြင်း သေသွားကြတယ်။ အ၀တ်တွေ မီးလောင်ကုန်လို့ အားလုံးဟာ ၀လစ်စလစ် နဲ့” အားလုံးဟာ မီးလောင်တိုက် အသွင်းခံ လိုက်ရသလိုပဲ၊ ဘယ်နေရာ သွားသွား အပူရှိန်က မြင့်နေတော့ အသက်ရှင် ကျန်ရစ်တဲ့ လူတွေနဲ့ လှုပ်ရှား နိုင်သေးတဲ့ လူတိုင်းက ရေရှိတဲ့နေရာကို ပြေးကြရတယ်။ ကံကောင်း၍ အသက်ရှင် ကျန်ရစ်သူ သူနာပြုဆရာမကလေး Kinuko က “လူတွေ အားလုံး ရေကန်၊ရေတွင်း၊မြစ်တွေ ရှိရာကို ပြေးကြ တာလေ၊ ကျွန်မ ရေကန်ဘေးကို ရောက်တော့ ရေထဲ ခေါင်းစိုက်ပြီး သေနေကြတာ အထပ်လိုက်၊ အထပ်လိုက်၊ အဲဒီ မြင်ကွင်းကို ကျွန်မ တစ်သက် မေ့လို့ရမှာ မဟုတ်ဘူး။ အခုထိ အဲဒီမြင်ကွင်းကို အိမ်မက်ဆိုးတွေ မက်နေမိသေးတယ်”


ဂျပန် ဖက်ဆစ် အစိုးရ ၏ အကြီးဆုံး စစ်ဌာနချုပ် ရှိ သည့် ဟီရိုးရှီးမား မြို့ အဏုမြုဗုံး ကြဲချပြီးနောက် မိသားစု ၀င် အားလုံး ဆုံး ရှုံး သွား၍ ငိုကြွေး နေ သော ကလေး ငယ်တစ်ဦးကို ဓာတ်ပုံ ဆရာ တစ်ဦး က မှတ်တမ်း တင်ထားစဉ် ယခု ထို ကလေး ငယ် ၏ မူရင်း ဓာတ်ပုံ ကို ဘီလ်ဂိတ် က ပိုင် ဆိုင်သည်။

ဖက်ဆစ်တွေရဲ့ ရန်ကို တားဆီးဘို့ဖြစ်တယ်လို့ ကြေငြာချက်တွေ ဘယ်လိုပဲ ထွက်ထွက် အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် စမ်းသပ်ဗုံး တစ်လုံးဖောက်ခွဲခဲ့တာဟာ လူမဆန်တဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ ကမ္ဘာပြည်သူတွေဟာ သြဂုတ်လ ရောက်လာတိုင်း ဂျပန်ပြည်ရဲ့ ဟီရိုရှီးမားမှာ ဖြစ်ပျက်ခဲ့တဲ့ သည်အဖြစ် အပျက်ကို စိတ်ထဲ စွဲထင်လာပြီး တုန်လှုပ်ချောက်ခြား နေကြဆဲ ဖြစ်ပါတယ်။

အနောက်တိုင်း ဒဿနဆရာကြီး Betrand Russel က “War does not determine who is right. Only
who is left.” စစ်ပွဲတွေက ဘယ်သူ မှန်တယ်၊ မှားတယ်လို့ ဆုံးဖြတ်ချက် ပေးနိုင်တာ မဟုတ်ပါ။ ဘယ်သူရှုံး
ကျန်နေတယ် ဆိုတာကိုပဲ ပြောနိုင်မှာပါ” လို့ ပြောခဲ့ဘူးပါတယ်။ ဒါပေမယ့် သမိုင်းစဉ် တစ်လျောက်လုံးမှာ
သမိုင်းရဲ့ တရားခံတစ်ဦးကို မှားနေခဲ့ပါတယ်လို့ ပြောနိုင်ခွင့်ကိုတော့ ကျွန်တော်တို့ ကမ္ဘာသားတိုင်း ရပိုင်ခွင့်
ရှိတယ်လို့ အလေးအနက် ယုံကြည် လက်ခံမိပါကြောင်း။

ကိုးကား
Wikipedia
ဟီရိုးရှီးမား အမှတ်တရ ဆောင်းပါး အား ဖော်ပြထား သည့် မူရင်း အင်တာနက် စာမျက်နှာ

ဗုံးသယ်ဆောင်လာ သည့် လေယာဉ် Enola Gay နှင့် လေယာဉ်မှုး အုပ်စု အားတွေ့ ရစဉ် ဗုံဒဏ်ကြောင့် ဂျပန် ပြည်သူ ၇၀ ၀၀၀ သောင်း ကျော် သေဆုံးပြီး နောက်ပိုင်း တွင် ဓတ်ရောင်ခြည် ကြောင့် ၂၀၀ ၀၀၀ ကျော်သေဆုံး ခဲ့သည်။

No comments: