Monday, August 8, 2011

မနက်ဖန်နေ့လည်မှာ ခွန်ယင်လပ်ကို နန်းတော်က အတည်ပြုပေးမယ်

မနက်ဖန်နေ့လည်မှာ နန်းတော်က ခွန်ယင်လပ်ကို ၀န်ကြီးချုပ်အဖြစ် အတည်ပြုပေးမှာ ဖြစ်တယ်။ လို့ အောက်လွှတ် တော် ရဲ့အတွင်းရေးမှူးချုပ် ဖီသွန်းဖွန်ဟီရွန်က ပြောပါတယ်။

ဘုရင်ကြီးဟာ ချာလမ်းဖရားခီယာ့တ်အဆောက်အဦးမှာ အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့အတူ ညနေ ၅နာရီခွဲမှာ လက်မှတ် ထိုးမှာ ဖြစ်ပါတယ်။ လို့ မနေ့မနက်က နန်းတော်ရုံးက ကြေညာပါတယ်။ ဒီနောက်မှာ အောက်လွတ်တော်ဥက္ကဋ္ဌက ဖက်ချာ ဘူရီ လမ်းမသစ်ကြီးပေါ်က ဖွေ့ထိုင်းပါတီဌာနချုပ်မှာ ဒီစာချုပ်စာတမ်းကို ခွန်ယင်လပ်ဆီကို လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး ခွန်ယင်လပ်က လက်ခံပြီး ဘုရင်ကြီးပုံတော်ကို အရို အသေးပေးမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ကက်ဘိနက် အစည်းအဝေးကျင်းနေချိန်မှာ ကမ္ဖောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖွေ့ထိုင်းပါတီ ဦး ဆောင်တဲ့ အစိုးရအုပ်ချုပ်မှုအောက်မှာ ထိုင်းနိုင်ငံနဲ့ဖြစ်နေတဲ့နယ်စပ်အငြင်းပွားမှုတွေ လျော့သွားမယ်လို့ ယုံကြည်တဲ့ အ ကြောင်း၊ နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးရအောင်လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံဆက်ဆံရေးကောင်းအောင် ကြိုးပမ်းလုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်း ပြောဆိုပြီး၊ ခွန်ယင်လပ်ဆီကို ချီးကျူးဂုဏ်ပြုတဲ့သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သြဂုတ် ၇၊ ၂၀၁၁ (The Nation)

No comments: