Friday, October 7, 2011

မလေးရှားနှင့် ဒုက္ခသည် ဖလှယ်ရေး သြစတြေးလျ ၀န်ကြီးချုပ် ပြန်လုပ်ရန် ကြိုးပမ်းနေ


KHT/ ကင်ဘာရာ- သြစတြေးလျ တရားရုံးက အငြင်းပွားဖွယ်ရာ မလေးရှားနှင့် ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်ကို ရပ်တန်ရန် ဆုံးဖြတ်ခဲ့ သော်လည်း ပြန်လည် အသက်သွင်းရန် သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ်က ပြန်လည် အသက်သွင်း ရန်ကြိုးပမ်းနေသည်။

ယင်းအတွက်ကြောင့် ဂေးလ်လာ့ဒ် အစိုးရ အပေါ် ထောက်ခံမှုသည်လည်း ကျဆင်းပြီး ဂေးလ်လာ့ဒ် ၏ ခေါင်းဆောင်မှု အတွက် ဝေဖန်ပြောဆိုမှုများကိုလည်း ကာကွယ်နေရကြောင်း သိရသည်။

တရားရုံး၏ ကန့်ကွက်မှုကိုတားဆီးရန်အတွက် အစိုးရက လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြောင်းလဲရန် လိုကြောင်း ဂေးလ်လာ့ဒ် က ပြောသည်။

“ခိုလှုံခွင့် ရှာဖွေသူတွေနဲ့ တရားမ၀င်လူခိုးသွင်းတဲ့သူတွေ အတွက် မလေးရှားက အကောင်းဆုံးနည်းလမ်း ကို ကမ်းလှမ်းခဲ့ ပါတယ်၊ အဲဒီကမ်းလှမ်းမှုက အကောင်းဆုံး အဖြေပါဘဲ” ဟု ဂေးလ်လာ့ဒ်က ပြောသည်။

လူဦးရေ ၂၃ သန်းရှိသော သြစတြေးလျ နိုင်ငံသို့ ထောင်နှင့်ချီသော လှေစီး ဒုက္ခသည်များ နှစ်စဉ် ၀င်ရောက်လျက်ရှိ သဖြင့် နယ်စပ် လုံခြုံရေးနှင့် ပတ်သက်၍ အခြေတင် ပြောဆိုမှုများရှိနေသည်။

မလေးရှားနှင့် ဒုက္ခသည် ဖလှယ်ရေး သဘောတူညီချက်အရ သြစတြေးလျက လှေစီး ဒုက္ခသည် ၈၀၀ ကိုမလေးရှားသို့ ပေးပို့မည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် မလေးရှားတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူ ၄၀၀၀ကို သြစတြေးလျက လက်ခံမည်ဖြစ်သည်။

အင်ဒိုနီးရှားမှ ငါးဖမ်းလှေများဖြင့် အန္တရယ်များလှသော ရေလမ်းခရီးအတိုင်း ဒုက္ခသည်များကို တင်ဆောင်လာသည့် လူကုန်ကူးသူများကို တားဆီးရန်အတွက် ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်သည်။
ဒုက္ခသည် စိစစ်ရေး ဆောင်ရွက်မှုများကို အရှေ့တီမော၌ ပြုလုပ်ရန် ဂေးလ်လာ့ဒ်၏ အစီအစဉ်ကို တီမောက ငြင်းဆန်ခဲ့သည်။

မလေးရှားသို့ ပို့ဆောင်မည့် ဒုက္ခသည်များအတွက် အကာအကွယ်ပေးရေးကို သြစတြေးလျက


အာမခံနိုင်ခြင်းမရှိသည့် အတွက် ဒုက္ခသည် ဖလှယ်ရေး အစီအစဉ်ကို ဖျက်သိမ်းရန် တရားရုံးက သြဂုတ် ၃၁ ရက်နေ့တွင် အမိန့် ချမှတ်ခဲ့သည်။
လ၀က ဥပဒေကို ပြောင်းလဲရန် အစီအစဉ်သည် ဒုက္ခသည် ဖလှယ်ရေးအစီအစဉ်ကို ဝေဖန်နေသည့် အတိုက်အခံများ၏ ထောက်ခံချက်ကိုပါ လိုအပ်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နိုင်ရကြောင်း သိရသည်။

ဂေးလ်လာ့ဒ် အစိုးရကို ထောက်ခံသော ဂရင်းပါတီက လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ပြောင်းလဲရန် ကြိုးစားမှုများကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ချဉ်းကပ်ပုံနည်းလမ်းတွေကို ပြောင်းလဲပြီး ပြန်စဉ်းစားဖို့ အစိုးရကို ကျနော်တို့ တိုက်တွန်းချင်ပါတယ်” ဟု သူက ပြောသည်။

အစိုးရနှင့် အတိုက်ခံများ အကြား ပူးပေါင်းဆောင်ရွက် နေမှုများသည် နိုင်ငံတကာ ဒုက္ခသည် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂရင်းပါတီခေါင်းဆောင် ဘော့ဘ် ဘရောင်းက က ပြောသည်။

ကလေးများကိုလည်း မလေးရှားသို့ ပို့ဆောင်ရန်အတွက် ဥပဒေကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်သည့် အတွက် အစိုးရအနေဖြင့် ဥပဒေဆိုင်ရာ ပြဿနာ အမြောက်အမြားကို ရင်ဆိုင်ရနိုင်ကြောင်း သြစတြေးလျ တက္ကသိုလ် ဥပဒေ ပါမောက္ခ ဒွန်ရုဒ်ဝဲလ်က ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို သြစတြေးလျက လက်မှတ်ရေးထိုးထားသော်လည်း မလေးရှားက လတ်မှတ်ရေးထိုးခြင်းမရှိပေ။ ၁၉၅၁ ခုနှစ်ကတွင် ရေးထိုးခဲ့သော စာချုပ်တွင် လက်မှတ်ရေး ထိုးထားသည့် နိုင်ငံများက ဒုက္ခသည်များအတွက် အခွင့်အရေးနှင့် တရားဥပဒေ အကာအကွယ်ပေးရန် သဘောတူညီထားသည်။

သြစတြေးလျ ၀န်ကြီးချုပ်က မူဝါဒကို ပြောင်းလဲရန် ကြိုးစားမှုအပေါ် ထောက်ခံမှုသည် ၃၂ ရာခိုင်နှုန်း အထိ လျော့ ကျခဲ့ပြီး ၁၇ နှစ် အတွင်း ၀န်ကြီးချုပ် တဦးအတွက် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။

အာဏာရ လေဘာပါတီက ယခင် ခေါင်းဆောင်ဟောင်း ကယ်ဗင် ရုဒ်ကို ပြန်လည်ခန့်အပ်ပါက ဂေးလ်လာ့ဒ် ထက် ထောက်ခံသူ ၂ ဆဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ကြောင်း အေ့ဂ်ျစ်/နေလ်ဆန် ခေါ် စစ်တမ်းက ဆိုသည်။

ရွေးကောက်ပွဲကို ယခုအချိန်တွင် ကျင်းပပါက လက်ရှိ ဂေးလ်လာ့ဒ်  အစိုးရအနေဖြင့် ရှုံးနိမ့်မည်ဖြစ်ကြောင်း လည်း စစ်တမ်းများက ဆိုသည်။

ယင်းအစီအစဉ်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် လူ့အခွင့်အရေး အဖွဲ့အစည်း ကလည်း ကန့်ကွက်ခဲ့သည်။

“ကလေးတွေအပါအ၀င် ကမ္ဘာပေါ်မှာ ထိခိုက်လွယ်ဆုံးလူတွေအတွက် လူ့အခွင့်အရေး အကာအကွယ် ကို လျော့ချဖို့ အစိုးရက ကြိုးစားနေတယ်” ဟု ပြောခွင့်ရ ဂရေဟမ်သောက ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ်ကို တနလာင်္နေ့တွင် စတင်မည့် ပါလီမန် အစည်းအဝေးတွင် စတင် တင်သွင်း သွား မည် ဟု ဂေးလဒ်က ပြောသည်။ 

No comments: